သို့သော် ယာကုပ်၏တန်ခိုးကြီးသောအရှင်၏လက်တော်အားဖြင့်၊ အစ္စရေး၏ကျောက်တည်းဟူသောသိုးထိန်းအားဖြင့် သူ၏လေးသည် တည်ငြိမ်၍ သူ၏လက်မောင်းတို့သည် သန်မာလျက်ရှိ၏။
၂ ရာ 5:2 - မြန်မာ့စံမီသမ္မာကျမ်း ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။ Common Language Bible အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။- Garrad Bible ယ မန် ကျွန် တော် တို့ အ ပေါ် တွင် အုပ် စိုး သော ရှော လု မင်း လက် ထက်၊ ဣ သ ရေ လ လူ မျိုး တို့ စစ် ဝင် စစ် ထွက် မှု ကို စီ မံ သူ ကား၊ အ ရှင် ပေ တည်း။ ထာ ဝ ရ ဘု ရား က လည်း၊ သင် သည် ဣ သ ရေ လ လူ မျိုး တော် ကို ထိန်း ကျောင်း ရ လျက်၊ ထို လူ မျိုး အ ပေါ် တွင် မင်း ပြု ရ မည် ဟူ၍ မိန့် တော် မူ ခဲ့ ကြောင်း တင် လျှောက် ကြ လေ၏။ Judson Bible အထက်က ရှောလုသည် ကျွန်တော်တို့၌ ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူ ဣသရေလအမျိုးကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။ |
သို့သော် ယာကုပ်၏တန်ခိုးကြီးသောအရှင်၏လက်တော်အားဖြင့်၊ အစ္စရေး၏ကျောက်တည်းဟူသောသိုးထိန်းအားဖြင့် သူ၏လေးသည် တည်ငြိမ်၍ သူ၏လက်မောင်းတို့သည် သန်မာလျက်ရှိ၏။
ဒါဝိဒ်မင်းကြီးကလည်း မိခါလအား “ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်ခြင်းဖြစ်၏။ ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့အား အုပ်စိုးမည့်သူကို သင့်ဖခင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ထဲမှမရွေးကောက်ဘဲ ငါ့ကို ရွေးကောက်ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ငါပျော်မြူးမည်။
အစ္စရေးအမျိုးသားအပေါင်းတို့နှင့် လှည့်လည်သွားလာလေရာရာ၌ ငါ့လူမျိုးတော်အစ္စရေးတို့ကိုအုပ်ထိန်းရန် ငါခန့်အပ်ထားသောအစ္စရေးအမျိုးအနွယ်တစ်ဦးဦးအား အဘယ်ကြောင့် ငါ့အဖို့ သစ်ကတိုးသားအိမ် မဆောက်ပေးသနည်း’ဟု ငါတစ်ခွန်းမျှမိန့်ဆိုဖူးသလော။
ယခု ငါ့အစေအပါးဒါဝိဒ်အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ငါသည် သင့်ကို သိုးထိန်းကျောင်းရာစားကျက်မြေမှ ခေါ်ယူပြီး ငါ့လူမျိုးတော်အစ္စရေးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားပြီ။
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
ယခင် ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ဤလူမျိုးတို့ကို ဦးဆောင်သွားလာလေရာရာတွင် လိုအပ်သောဉာဏ်ပညာ၊ အသိတရားများကို အကျွန်ုပ်အား ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
ကိုယ်တော်သည် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်းတော်မူမည်။ သိုးသငယ်တို့ကို လက်ရုံးတော်ဖြင့်စုစည်း၍ ရင်ခွင်၌ပွေ့ပိုက်တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ညင်ညင်သာသာပို့ဆောင်တော်မူမည်။
ငါသည် သူ့ကိုလူမျိုးတကာတို့အတွက်သက်သေ၊ လူမျိုးတကာတို့အတွက် အုပ်ချုပ်သူမင်း၊ တရားမင်းဖြစ်စေမည်။
သူတို့ကိုထိန်းကျောင်းရန် သိုးထိန်းတစ်ဦးအဖြစ် ငါ့အစေအပါးဒါဝိဒ်ကို ငါခန့်ထားမည်။ သူသည် သိုးထိန်းတစ်ဦးအဖြစ် သိုးတို့ကို ထိန်းကျောင်းပေးလိမ့်မည်။
သူသည် ထာဝရဘုရား၏အစွမ်း၊ သူ၏ဘုရားသခင် ထာဝရဘုရား၏နာမတန်ခိုး၌ ရပ်တည်၍ မိမိသိုးတို့ကိုထိန်းကျောင်းလိမ့်မည်။ သူသည် ယခုမှစ၍ မြေကြီးဆုံးတိုင်အောင်ကြီးမြတ်မည်ဖြစ်၍ သိုးတို့သည်လည်း လုံခြုံစွာနေရကြလိမ့်မည်။
ထာဝရဘုရား၏လူထုသည် သိုးထိန်းမရှိသောသိုးများကဲ့သို့မဖြစ်မည့်အကြောင်း ထိုသူသည် လူထုရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ထိုသူတို့ကို လမ်းပြပို့ဆောင်ပေးနိုင်သောသူ ဖြစ်ပါစေသော”ဟု တောင်းလျှောက်လေ၏။
‘အို ယုဒပြည်၊ ဗက်လင်မြို့၊ သင်သည် ယုဒပြည်ကိုအုပ်ချုပ်သောမြို့တို့တွင် အသေးသိမ်ဆုံးမဟုတ်။ အကြောင်းမူကား ငါ၏လူမျိုးတော်အစ္စရေးကို အုပ်ထိန်းမည့်ခေါင်းဆောင်တစ်ဦးသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်’ဟူ၍ ပရောဖက်က ရေးထားသောကြောင့်ဖြစ်သည်”ဟု လျှောက်ထားကြ၏။
ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ကောင်းမြတ်သောသိုးထိန်းသည် သိုးတို့အတွက် မိမိအသက်ကိုစွန့်တတ်၏။
အကြောင်းမူကား ခပ်သိမ်းသောအရာတို့၏အကြောင်းခံနှင့် ခပ်သိမ်းသောအရာတို့၏အရင်းအမြစ်ဖြစ်တော်မူသောဘုရားသခင်သည် များစွာသောသားတို့ကို ဘုန်းအသရေတော်ထဲသို့ခေါ်ဆောင်လာရာ၌ သူတို့၏ကယ်တင်ခြင်းကိုအစပြုဖြစ်တည်စေသောအရှင်အား ဒုက္ခဝေဒနာအားဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။
ယခုမှာ သင့်အား ထာဝရဘုရား မိန့်မှာထားသည့်အတိုင်း သင်မစောင့်ထိန်းသောကြောင့် သင်၏နိုင်ငံ တည်မြဲမည်မဟုတ်။ ထာဝရဘုရားသည် မိမိစိတ်နှင့်တွေ့သောသူကို ရှာတော်မူပြီ။ ထာဝရဘုရားသည် ထိုသူအား မိမိလူမျိုးတော်ကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူလိမ့်မည်”ဟု ဆို၏။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို လူတစ်ထောင်အုပ်အဖြစ်ခန့်အပ်ပြီး အထံတော်မှရွှေ့ပြောင်းပစ်၏။ ဒါဝိဒ်သည်လည်း စစ်သည်တို့ကို ဦးဆောင်ရ၏။
သို့သော် အစ္စရေးလူမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့သည် စစ်ချီရာတွင် သူတို့ကို ဦးဆောင်ပေးသောဒါဝိဒ်ကို ချစ်ကြ၏။
ဒါဝိဒ်သည် ရှောလုမင်းကြီးစေခိုင်းသမျှတို့၌ အောင်မြင်စွာလုပ်ဆောင်နိုင်၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်အား စစ်သူရဲအုပ်အရာ၌ခန့်ထားရာ စစ်သည်အပေါင်းတို့သာမက ရှောလုမင်းကြီး၏အမှုထမ်းတို့လည်း သူ့ကို နှစ်သက်သဘောကျကြ၏။
သခင့်ကျွန်မ၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သခင်သည် ထာဝရဘုရားအဖို့ စစ်တိုက်သောသူဖြစ်ပါ၏။ သခင်အသက်ရှင်သမျှကာလပတ်လုံး သခင်၌ မည်သည့်မကောင်းမှုကိုမျှ မတွေ့ရပါ။ သို့ဖြစ်၍ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အမျိုးအနွယ်ကို တည်မြဲစေတော်မူပါစေသော။
ထာဝရဘုရားသည် အကျွန်ုပ်သခင့်အဖို့ မိန့်တော်မူခဲ့သောကောင်းမြတ်သောအရာရှိသမျှတို့သည် အမှန်ဖြစ်လာပါစေသော။ သခင့်အား အစ္စရေးလူမျိုးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူပါစေသော။
“မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။