၁ ရာ 18:16 - မြန်မာ့စံမီသမ္မာကျမ်း16 သို့သော် အစ္စရေးလူမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့သည် စစ်ချီရာတွင် သူတို့ကို ဦးဆောင်ပေးသောဒါဝိဒ်ကို ချစ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 သို့ရာတွင်ဣသရေလနှင့်ယုဒနယ်များမှ လူအပေါင်းတို့ကမူဒါဝိဒ်အားချစ်ကြ၏။ အဘယ်ကြောင့်ဆိုသော်သူသည်လူတို့အား အောင်မြင်စွာခေါင်းဆောင်၍တိုက်ပွဲဝင်နိုင်သူ ဖြစ်သောကြောင့်တည်း။ အခန်းကိုကြည့်ပါ။Garrad Bible16 ဣ သရေ လ နှင့် ယု ဒ တစ် မျိုး လုံး မူ ကား ကိုယ့် ရှေ့ တွင် သွား လာ ဆောင် ရွက် သော ဒါ ဝိဒ် ကို ချစ် ခင် ကြ ကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible16 ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။ အခန်းကိုကြည့်ပါ။ |
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
စင်စစ် ဂျူးလူမျိုးမော်ဒကဲသည် အာရွှေရုမင်းကြီးပြီးလျှင် ရာထူးအကြီးဆုံးဖြစ်၏။ သူသည် ကိုယ့်အမျိုးအနွယ်အပေါင်းတို့အား မေတ္တာစကားကိုသာပြောဆိုတတ်ပြီး ကိုယ့်လူမျိုးကောင်းကျိုးကို ရှာကြံတတ်သူဖြစ်သဖြင့် ဂျူးလူမျိုးတို့ထဲတွင် ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်၏။ ဆွေမျိုးသားချင်းတို့၏ချစ်မြတ်နိုးမှုကို ရရှိသူလည်း ဖြစ်၏။