၁ ရာ 25:28 - မြန်မာ့စံမီသမ္မာကျမ်း28 သခင့်ကျွန်မ၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သခင်သည် ထာဝရဘုရားအဖို့ စစ်တိုက်သောသူဖြစ်ပါ၏။ သခင်အသက်ရှင်သမျှကာလပတ်လုံး သခင်၌ မည်သည့်မကောင်းမှုကိုမျှ မတွေ့ရပါ။ သို့ဖြစ်၍ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အမျိုးအနွယ်ကို တည်မြဲစေတော်မူပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible28 ကျွန်မပြုမိခဲ့သောအမှားအတွက်အပြစ် လွှတ်တော်မူပါ။ အရှင်သည်ထာဝရဘုရား ၏စစ်ပွဲများကိုဆင်နွှဲလျက်ရှိသဖြင့် ထာဝရ ဘုရားသည်အရှင်နှင့်အရှင့်သားမြေးတို့အား မင်းမြှောက်တော်မူပါလိမ့်မည်။ အရှင်၌လည်း အသက်ထက်ဆုံးဘေးရောက်မည်မဟုတ်ပါ။- အခန်းကိုကြည့်ပါ။Garrad Bible28 ကျွန် တော် မ လွန် ကျူး မိ သော ပြစ် မှု ကို ကန် တော့ တောင်း ပန် ပါ၏။ ထာ ဝ ရ ဘု ရား၏ စစ် မှု ကို အ ရှင် ထမ်း ဆောင် သည် နှင့် အ ညီ အ ရှင့် အ မျိုး အ နွယ် ကို ထာ ဝ ရ ဘု ရား တည် မြဲ စေ တော် မူ ပါ လိမ့် မည်။ အ ရှင်၌ လည်း အ သက် ထက် ဆုံး ဘေးရောက် မည် မ ဟုတ် ပါ။ အခန်းကိုကြည့်ပါ။Judson Bible28 ကိုယ်တော်၏ကျွန်မအပြစ်ကို သည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့်လည်းကောင်း၊ တစ်သက်လုံး ကိုယ်တော်၌အပြစ်တင်စရာ အခွင့်မရှိသောကြောင့်လည်းကောင်း၊ ထာဝရဘုရားသည် ကျွန်မ၏သခင်အဖို့ ခိုင်ခံ့မြဲမြံသောအိမ်ကို တည်ဆောက်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ကြည့်လော့။ ငါ့သမီးအကြီးမေရပ်ကို သင်နှင့်ပေးစားမည်။ ငါ၏စစ်သူရဲအဖြစ်နေ၍ ထာဝရဘုရားအဖို့ တိုက်ပွဲဝင်ပါလော့”ဟု ဆို၏။ အကယ်စင်စစ် ရှောလုမင်းကြီးက “ငါ့လက်ချက်နှင့် သူမသေ။ ဖိလိတ္တိလူမျိုးတို့လက်ချက်ဖြင့် သေပါစေ”ဟု ကြံစည်ခြင်းဖြစ်၏။
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
ထိုအခါ ဒါဝိဒ်အား သူ၏နောက်လိုက်တို့က “ယနေ့သည် ထာဝရဘုရားက သင့်အား ‘ကြည့်ရှုလော့။ သင့်ရန်သူကို သင့်လက်သို့ ငါအပ်မည်။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုနိုင်မည်’ဟု မိန့်တော်မူသောနေ့ပင်တည်း”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည်ထ၍ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကို တိတ်တဆိတ် ဖြတ်ယူထားလေ၏။
ဖိလိတ္တိတပ်မှူးတို့က “ဤဟေဗြဲလူမျိုးတို့သည် ဘာလာလုပ်ကြသနည်း”ဟု မေးလျှင် အာခိတ်မင်းကြီးက ဖိလိတ္တိတပ်မှူးတို့အား “ဤသူကား အစ္စရေးရှင်ဘုရင်ရှောလု၏အစေအပါး ဒါဝိဒ်ဖြစ်၏။ ငါ့ထံရောက်လာသည်မှာ နှစ်နှင့်ချီရှိပြီ။ ရှောလုကို သူစွန့်ခွာလာသောနေ့မှစ၍ ယနေ့အထိ သူ၌အပြစ်တစ်စုံတစ်ရာမျှမတွေ့”ဟု ဆို၏။