ဇာဒုတ်၏သားအဟိမတ်က “ယခု အကျွန်ုပ်ပြေး၍ ရှင်ဘုရင်အား ထာဝရဘုရားသည် သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပြီဟူသောသတင်းကို လျှောက်တင်ပါရစေ”ဟု ဆိုလျှင်
၂ ရာ 4:8 - မြန်မာ့စံမီသမ္မာကျမ်း ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကို ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီးထံသို့ယူလာပြီး ရှင်ဘုရင်အား “အရှင်၏အသက်ကိုရန်ရှာသော အရှင့်ရန်သူရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကိုကြည့်ပါ။ ယနေ့တွင် ထာဝရဘုရားသည် အကျွန်ုပ်၏သခင် အရှင်မင်းကြီးအား ရှောလုမင်းကြီးနှင့် သူ့အမျိုးအနွယ်ကို လက်တုံ့ပြန်ခွင့်ပေးတော်မူပြီ”ဟု လျှောက်တင်ကြ၏။ Common Language Bible ဟေဗြုန်မြို့သို့ရောက်သောအခါသူတို့ သည်ဒါဝိဒ်အား``အရှင်၏အသက်ကိုရန် ရှာသောအရှင့်ရန်သူရှောလု၏သားတော် ဣရှဗောရှက်၏ဦးခေါင်းကိုရှုတော်မူပါ။ ယနေ့ထာဝရဘုရားသည်အရှင်မင်းကြီး အား ရှောလုနှင့်သားမြေးတို့အပေါ်တွင် လက်စားချေခွင့်ကိုပေးတော်မူပါပြီ'' ဟုလျှောက်၍ဣရှဗောရှက်၏ဦးခေါင်း ကိုဆက်သကြ၏။ Garrad Bible ဟေ ဗြုန် မြို့၊ ဒါ ဝိဒ် မင်း ထံ ခေါင်း ကို သွင်း ဆက် ပြီး မှ အ ရှင့် အ သက် အ န္တ ရာယ် ကို လိုက် ရှာ သော ရန် သူ တော် ရှော လု မင်း၏ သား တော်၊ ဣရှ ဗော ရှက် မင်း၏ ခေါင်း ကို ရှု တော် မူ ပါ လော့။ အ ရှင် မင်း မြတ်၌ ရှော လု မင်း နှင့် သား တော် ရှာ ကြံ ခဲ့ သော အ ဆိုး မှု ကို ယ နေ့ ပင် ထာ ဝ ရ ဘု ရား ပြန် ဆပ် တော် မူ ပြီ ဟု တင် လျှောက် ကြ၏။ Judson Bible ဣရှဗောရှက်၏ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူ ရှောလု၏သား ဣရှဗောရှက်၏ဦးခေါင်းကို ကြည့်ရှုတော်မူပါ။ ကျွန်တော်သခင် အရှင်မင်းကြီးခံရတော်မူသော အပြစ်ကို ထာဝရဘုရားသည် ရှောလု၌လည်းကောင်း၊ သူ၏အမျိုးအနွယ်၌လည်းကောင်း၊ ယနေ့ဆပ်ပေးတော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော်၊ |
ဇာဒုတ်၏သားအဟိမတ်က “ယခု အကျွန်ုပ်ပြေး၍ ရှင်ဘုရင်အား ထာဝရဘုရားသည် သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပြီဟူသောသတင်းကို လျှောက်တင်ပါရစေ”ဟု ဆိုလျှင်
ထို့နောက် ကုရှိအမျိုးသားသည်ရောက်လာပြီး “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သတင်းကောင်းကို လျှောက်တင်ပါရစေ။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးအား ဆန့်ကျင်တိုက်ခိုက်နေသောသူအပေါင်းတို့ကို ရှုံးစေတော်မူပြီ”ဟု လျှောက်တင်လေ၏။
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
ဘုရားသခင်သည် ငါ့အတွက်လက်တုံ့ပြန်ပေး၍ လူမျိုးတကာတို့ကို ငါ့လက်အောက်သို့ ရောက်စေတော်မူ၏။
အကျွန်ုပ်၏လျှာသည်လည်း ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို တစ်နေ့လုံးမြွက်ဆိုပါမည်။ အကြောင်းမူကား အကျွန်ုပ်ဒုက္ခရောက်စေရန် ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါပြီ။
“ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်၍ အစ္စရေးပြည်သို့ပြန်သွားလော့။ အကြောင်းမူကား သူငယ်တော်၏အသက်ကို ရန်ရှာခဲ့သောသူတို့သည် သေဆုံးကြလေပြီ”ဟု မြွက်ဆို၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။
ထိုအခါ ရှောလုမင်းကြီးက “ဒါဝိဒ်ကို နံရံထုတ်ချင်းပေါက်အောင် ငါထိုးသတ်မည်”ဟု ဆိုလျက် လှံကိုပစ်လွှတ်လိုက်၏။ သို့သော် ဒါဝိဒ်သည် နှစ်ကြိမ်တိုင်တိုင် ရှောင်တိမ်းလိုက်နိုင်၏။
ရှောလုမင်းကြီးသည် မိမိသားတော်ယောနသန်နှင့် အမှုထမ်းတို့အား ဒါဝိဒ်ကိုသတ်ပစ်ရန် အမိန့်ပေးထား၏။ သို့သော် ရှောလုမင်းကြီး၏သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်ခင်နှစ်သက်၏။
သို့သော် ရှောလုမင်းကြီးက “သူ့ကိုအိပ်ရာနှင့်တကွ ငါ့ထံသို့ ခေါ်လာခဲ့ပါ။ သူ့ကို ငါသတ်မည်”ဟု ဆိုပြီး ဒါဝိဒ်ကို သွားကြည့်ရန် တမန်တို့ကို စေလွှတ်ပြန်၏။
ထို့နောက် ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်အရပ်မှ ထွက်ပြေး၍ ယောနသန်ထံသို့ရောက်လာကာ “အကျွန်ုပ်မည်သို့ ပြုမိပါသနည်း။ မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်အသက်ကို လိုက်ရန်ရှာရလေအောင် သင့်ခမည်းတော်ကို အကျွန်ုပ်မည်သည့် အမှားပြုမိပါသနည်း”ဟု မေး၏။
ဒါဝိဒ်သည် ဇိဖတောကန္တာရရှိ ဟောရေရှအရပ်တွင် ပုန်းရှောင်နေစဉ် သူ့အားသတ်ရန် ရှောလုမင်းကြီးထွက်လာကြောင်းကို ကြားသိရ၏။
ထိုအခါ ဒါဝိဒ်အား သူ၏နောက်လိုက်တို့က “ယနေ့သည် ထာဝရဘုရားက သင့်အား ‘ကြည့်ရှုလော့။ သင့်ရန်သူကို သင့်လက်သို့ ငါအပ်မည်။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုနိုင်မည်’ဟု မိန့်တော်မူသောနေ့ပင်တည်း”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည်ထ၍ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကို တိတ်တဆိတ် ဖြတ်ယူထားလေ၏။
တစ်စုံတစ်ယောက်သည် ထ၍ သခင့်ကိုလိုက်ပြီး သခင့်အသက်ကို ရန်ရှာမည်ဆိုလျှင် သခင်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အသက်ကို အသက်အိတ်ထဲ၌လုံခြုံစွာ ထုပ်ထားတော်မူပါစေသော။ သခင့်ရန်သူတို့၏အသက်ကိုကား လောက်လွှဲထဲမှလောက်စာလုံးကို လွှဲပစ်သကဲ့သို့ လွှဲပစ်တော်မူပါစေသော။