၂ ရာ 4:8 - Common Language Bible8 ဟေဗြုန်မြို့သို့ရောက်သောအခါသူတို့ သည်ဒါဝိဒ်အား``အရှင်၏အသက်ကိုရန် ရှာသောအရှင့်ရန်သူရှောလု၏သားတော် ဣရှဗောရှက်၏ဦးခေါင်းကိုရှုတော်မူပါ။ ယနေ့ထာဝရဘုရားသည်အရှင်မင်းကြီး အား ရှောလုနှင့်သားမြေးတို့အပေါ်တွင် လက်စားချေခွင့်ကိုပေးတော်မူပါပြီ'' ဟုလျှောက်၍ဣရှဗောရှက်၏ဦးခေါင်း ကိုဆက်သကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ဟေ ဗြုန် မြို့၊ ဒါ ဝိဒ် မင်း ထံ ခေါင်း ကို သွင်း ဆက် ပြီး မှ အ ရှင့် အ သက် အ န္တ ရာယ် ကို လိုက် ရှာ သော ရန် သူ တော် ရှော လု မင်း၏ သား တော်၊ ဣရှ ဗော ရှက် မင်း၏ ခေါင်း ကို ရှု တော် မူ ပါ လော့။ အ ရှင် မင်း မြတ်၌ ရှော လု မင်း နှင့် သား တော် ရှာ ကြံ ခဲ့ သော အ ဆိုး မှု ကို ယ နေ့ ပင် ထာ ဝ ရ ဘု ရား ပြန် ဆပ် တော် မူ ပြီ ဟု တင် လျှောက် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ဣရှဗောရှက်၏ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူ ရှောလု၏သား ဣရှဗောရှက်၏ဦးခေါင်းကို ကြည့်ရှုတော်မူပါ။ ကျွန်တော်သခင် အရှင်မင်းကြီးခံရတော်မူသော အပြစ်ကို ထာဝရဘုရားသည် ရှောလု၌လည်းကောင်း၊ သူ၏အမျိုးအနွယ်၌လည်းကောင်း၊ ယနေ့ဆပ်ပေးတော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကို ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီးထံသို့ယူလာပြီး ရှင်ဘုရင်အား “အရှင်၏အသက်ကိုရန်ရှာသော အရှင့်ရန်သူရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကိုကြည့်ပါ။ ယနေ့တွင် ထာဝရဘုရားသည် အကျွန်ုပ်၏သခင် အရှင်မင်းကြီးအား ရှောလုမင်းကြီးနှင့် သူ့အမျိုးအနွယ်ကို လက်တုံ့ပြန်ခွင့်ပေးတော်မူပြီ”ဟု လျှောက်တင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဒါဝိဒ်သည်ရာမမြို့အပိုင်နာယုတ် ရွာမှထွက်ပြေးပြီးလျှင် ယောနသန်ထံသို့ သွား၍``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိပါသနည်း။ အဘယ်ရာဇဝတ်မှုကူးလွန် မိပါသနည်း။ အကျွန်ုပ်ကိုသတ်ချင်ရအောင် သင့်ခမည်းတော်အားကျွန်ုပ်သည်အဘယ် သို့ပြစ်မှားမိပါသနည်း'' ဟုမေး၏။
ဒါဝိဒ်၏လူတို့က``ထာဝရဘုရားသည်ရန် သူအား အရှင်၏လက်သို့ပေးအပ်တော်မူမည် ဟူ၍လည်းကောင်း၊ သူ့အားအရှင်အလိုရှိ သလိုပြုနိုင်လိမ့်မည်ဟူ၍လည်းကောင်း မိန့် တော်မူခဲ့သည့်အတိုင်းယခုအရှင်အခွင့် ကောင်းကြုံပါပြီ'' ဟုဆိုကြ၏။ ဒါဝိဒ်သည် ရှောလုရှိရာသို့သွားကာ ရှောလု၏ဝတ်လုံ ကိုတိတ်တဆိတ်လှီးဖြတ်လိုက်၏။-
အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-