ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
၂ ရာ 22:3 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချို၊ ငါ၏ခံတပ်၊ ငါ၏မှီခိုရာ၊ ရက်စက်ကြမ်းကြုတ်မှုတို့မှ ငါ့ကိုကယ်တင်တော်မူသောအရှင် ဖြစ်တော်မူ၏။ Common Language Bible ငါ၏ဘုရားသခင်သည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူသဖြင့် ငါသည်ဘေးမဲ့လုံခြုံမှုရှိပါ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ ငါ့အားဘေးမဲ့လုံခြုံစွာထားတော်မူ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါ့ကိုကွယ်ကာ၍အကြမ်းဖက်မှုမှကယ်တော် မူ၏။ Judson Bible ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကိုကယ်လွှတ်တော်မူ၏။ |
ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ဘုရားသခင်၏လမ်းသည် ပြည့်ဝစုံလင်၏။ ထာဝရဘုရား၏မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်သည် အထံတော်၌ခိုလှုံသောသူရှိသမျှတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ၏ကယ်တင်ရာကျောက်ဆောင်ဖြစ်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
ငါ၏ရန်သူတို့လက်မှ ငါ့ကိုလွတ်မြောက်စေတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အပေါ် အကျွန်ုပ်ကိုချီးမြှောက်တော်မူပြီး ရက်စက်ကြမ်းကြုတ်သောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူ၏။
ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။”
အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော အစ္စရေးလူမျိုး၏ကျောက်ဆောင်က ငါ့အား ‘ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ လူကို ဖြောင့်မှန်စွာ အုပ်စိုးသောသူသည်
သင်တို့သည် အဖိနှိပ်ခံရသောသူ၏အကြံဉာဏ်ကို အရှက်ကွဲစေတတ်သော်လည်း ထာဝရဘုရားသည် သူ၏ခိုလှုံရာဖြစ်တော်မူ၏။
အို ထာဝရဘုရား၊ ဆိုးညစ်သောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။ ရက်စက်ကြမ်းကြုတ်သောသူ၏ရန်မှ အကျွန်ုပ်ကို ကာကွယ်တော်မူပါ။
သူတစ်ပါးကိုအသရေပျက်အောင် ပြောဆိုသောသူတို့သည် မြေကြီးပေါ်၌ တည်မြဲခြင်းမရှိကြပါစေနှင့်။ ဘေးအန္တရာယ်သည် ရက်စက်ကြမ်းကြုတ်သောသူကို လိုက်၍ နှိမ်နင်းဖျက်ဆီးပါစေသော။
အို ထာဝရဘုရား၊ ဆိုးယုတ်သောသူ၏လက်မှ အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။ အကျွန်ုပ်ကိုခြေထိုးရန်ကြံစည်သည့် ရက်စက်ကြမ်းကြုတ်သောသူ၏ရန်မှ အကျွန်ုပ်ကိုကာကွယ်တော်မူပါ။
လက်ယာဘက်သို့ကြည့်၍ သိမြင်တော်မူပါ။ အကျွန်ုပ်ကိုအသိအမှတ်ပြုသူ တစ်စုံတစ်ဦးမျှမရှိပါ။ အကျွန်ုပ်ထွက်ပြေးစရာလမ်းလည်းမရှိပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဂရုစိုက်သူလည်းမရှိပါ။
ကိုယ်တော်သည် ငါ၏မေတ္တာကရုဏာရှင်၊ ငါ၏ရဲတိုက်၊ ငါ၏ခိုကိုးရာ၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။ ငါသည် ကိုယ်တော်ကို ခိုလှုံ၏။ ကိုယ်တော်သည် ငါ၏လူမျိုးကို ငါအုပ်စိုးရသောအခွင့်ပေးတော်မူ၏။
ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချိုနှင့် ငါခိုကိုးရာဖြစ်တော်မူ၏။
အကြောင်းမူကား ဒုက္ခရောက်သောနေ့၌ ကိုယ်တော်သည် မိမိ၏ကိန်းအောင်းရာအရပ်၌ ငါ့ကိုဝှက်ထားတော်မူလိမ့်မည်။ ကိုယ်တော်၏တဲတော်၌ရှိသည့် ကွယ်ကာရာအရပ်၌ ငါ့ကိုဖုံးကွယ်ထား၍ ကျောက်ဆောင်ပေါ်၌ ငါ့ကိုဆွဲတင်တော်မူလိမ့်မည်။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။ ငါ၏စိတ်နှလုံးသည် ကိုယ်တော်ကို ယုံကြည်ကိုးစားသဖြင့် ငါသည် ကူညီမစတော်မူခြင်းကိုခံရ၏။ ထို့ကြောင့် ငါ၏စိတ်နှလုံးသည် ရွှင်မြူး၏။ ငါသည် ငါ့သီချင်းဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းမည်။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဝန်းရံထားသောဒိုင်းလွှား၊ အကျွန်ုပ်၏ဘုန်းအသရေနှင့် အကျွန်ုပ်၏ဦးခေါင်းကို ချီးမြှောက်သောအရှင်ဖြစ်တော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်၏ ကွယ်ကာရာအရပ်ဖြစ်တော်မူ၏။ အကျွန်ုပ်ကို ဘေးရန်မှကာကွယ်လျက် ကယ်တင်ခြင်းသီချင်းများဖြင့် အကျွန်ုပ်ကိုဝိုင်းရံထားတော်မူ၏။(စေလာ)
ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
ထို့ကြောင့် မြေကြီးသည် ပြောင်းလဲသွား၍ တောင်များသည် သမုဒ္ဒရာ၏အလယ်ဗဟိုသို့ ရွေ့သွားကြလျှင်ပင်လည်းကောင်း၊
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းချီးပေး၍ သူ့ကိုကျေးဇူးတော်ဖြင့် ဒိုင်းကာကဲ့သို့ ဝန်းရံကာကွယ်ထားတော်မူ၏။
အို ဘုရားရှင်၊ သူတို့၏စကားကို ရှုပ်ထွေးကွဲပြားစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် မြို့ထဲ၌ ရက်စက်ကြမ်းကြုတ်မှု၊ ခိုက်ရန်ဖြစ်ပွားမှုကို တွေ့မြင်ရပါ၏။
အကျွန်ုပ်မူကား ကိုယ်တော်၏ အစွမ်းသတ္တိအကြောင်းကို သီကျူးပါမည်။ နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်အကြောင်းကို ရွှင်လန်းစွာကြွေးကြော်ပါမည်။ အကြောင်းမူကား အကျွန်ုပ်ဘေးဥပဒ်နှင့်ကြုံတွေ့ရသောအချိန်တွင် ကိုယ်တော်သည် အကျွန်ုပ်၏ခိုကိုးရာနှင့် ဘေးလွတ်ရာဖြစ်တော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာ၊ ရန်သူ့ရှေ့မှာ ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။
အကျွန်ုပ်သည် များစွာသောသူတို့အတွက် ရှေ့ပြေးနိမိတ်ကဲ့သို့ဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်၏ခိုင်ခံ့သောခိုလှုံရာဖြစ်ပါ၏။
သူသည် သူတို့၏အသက်ကို ဖိနှိပ်ခြယ်လှယ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ထဲမှ ရွေးနုတ်တော်မူလိမ့်မည်။ အကြောင်းမူကား သူ့အဖို့ သူတို့၏သွေးသည် တန်ဖိုးကြီးလှ၏။
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ဒိုင်းလွှားကိုကြည့်ရှုတော်မူပါ။ ကိုယ်တော်ဘိသိက်ပေးထားသောသူ၏မျက်နှာကို စေ့စေ့ကြည့်တော်မူပါ။
အို ဘုရားသခင်၊ မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ထကြွကြပါ၏။ ကြမ်းကြုတ်သောလူတစ်စုသည်လည်း အကျွန်ုပ်၏အသက်ကို ရန်ရှာကြပါ၏။ သူတို့သည် ကိုယ်တော်ကို ဦးထိပ်ထားခြင်းမရှိကြပါ။
ကိုယ်တော်၏နာမတော်ကိုသိသောသူတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားကြပါလိမ့်မည်။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်ကိုရှာသောသူတို့အား စွန့်ပစ်တော်မမူပါ။
ထာဝရဘုရားသည် ဖိနှိပ်ခြင်းခံရသောသူတို့၏ခိုကိုးရာ၊ ဘေးဒုက္ခရောက်ချိန်၌ ခိုကိုးရာဖြစ်တော်မူ၏။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုရဲတိုက်သို့ပြေးဝင်၍ လုံခြုံစွာနေရ၏။
ဘုရားသခင်၏မိန့်တော်မူချက်ရှိသမျှသည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် ကိုယ်တော်သည် ဒိုင်းလွှားဖြစ်တော်မူ၏။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
သူတို့သည် လေဘေးမှခိုလှုံရာ၊ မုန်တိုင်းဘေးမှကွယ်ကာရာကဲ့သို့၊ ခြောက်သွေ့သောအရပ်မှ စမ်းချောင်းကဲ့သို့၊ ပူပြင်းသောအရပ်မှ ကျောက်ဆောင်ကြီး၏အရိပ်ကဲ့သို့ ဖြစ်ကြမည်။
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။
အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဤအရပ်၌ ရွှင်မြူးသောအသံ၊ ဝမ်းမြောက်သောအသံ၊ သတို့သား၊ သတို့သမီးအသံတို့ကို သင်တို့ရှေ့မှောက်၊ သင်တို့လက်ထက်၌ပင် ငါရပ်စဲစေမည်။
မိမိ၏ရှေးသန့်ရှင်းသောပရောဖက်များ၏နှုတ်အားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့အတွက် ကယ်တင်ခြင်းဦးချိုကို ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် ပေါ်ထွန်းစေတော်မူပြီ။
ဤကယ်တင်ခြင်းသည် ငါတို့၏ရန်သူများနှင့် ငါတို့ကိုမုန်းသောသူအပေါင်းတို့လက်မှ ကယ်တင်တော်မူခြင်းဖြစ်၏။
ကိုယ်တော်က ‘သူတို့ခိုလှုံရာကျောက်ဆောင်ဖြစ်သော သူတို့ဘုရားများကား အဘယ်မှာရှိသနည်း။
အို ကျောက်ဆောင်၊ ကိုယ်တော်ပြုတော်မူသောအမှုသည် ပြီးပြည့်စုံပါ၏။ မှန်ပေ၏။ ကိုယ်တော်၏နည်းလမ်းတော်ရှိသမျှတို့သည် တရားမျှတပါ၏။ ကိုယ်တော်သည် မတရားမှုကိုမပြု၊ သစ္စာရှိသောဘုရားဖြစ်တော်မူ၏။ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။
အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။
သို့သော် ငါတို့ကယ်တင်ရှင်ဘုရားသခင်၏ကျေးဇူးပြုခြင်းနှင့်ချစ်ခင်ကြင်နာခြင်းတို့ ပေါ်ထွန်းတော်မူသောအခါ
ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်အားဖြင့် ငါတို့အပေါ် ကြွယ်ဝစွာသွန်းလောင်းတော်မူ၏။
တစ်ဖန် “ငါသည် ကိုယ်တော်ကိုယုံကြည်ကိုးစားမည်”ဟူ၍လည်းကောင်း၊ “ကြည့်ရှုလော့။ ငါနှင့် ငါ့အားဘုရားသခင်ပေးတော်မူသောသားသမီးများပေတည်း”ဟူ၍လည်းကောင်း မိန့်တော်မူ၏။
ထို့နောက် ဟန္နက “အကျွန်ုပ်၏စိတ်နှလုံးသည် ထာဝရဘုရား၌ ရွှင်လန်း၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ဦးချိုကို ချီးမြှောက်တော်မူပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်ကို ကယ်တင်တော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ဝမ်းမြောက်လျက် ရန်သူတို့ကို အားရစွာချေပပြောဆိုနိုင်ပါပြီ။
ထာဝရဘုရားကဲ့သို့ သန့်ရှင်းသောသူမရှိ။ အကယ်စင်စစ် ကိုယ်တော်မှတစ်ပါး အခြားသူမရှိပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ကဲ့သို့သောကျောက်ဆောင် မရှိပြီ။