၁ ရာ 2:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက် ဟန္နက “အကျွန်ုပ်၏စိတ်နှလုံးသည် ထာဝရဘုရား၌ ရွှင်လန်း၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ဦးချိုကို ချီးမြှောက်တော်မူပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်ကို ကယ်တင်တော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ဝမ်းမြောက်လျက် ရန်သူတို့ကို အားရစွာချေပပြောဆိုနိုင်ပါပြီ။ အခန်းကိုကြည့်ပါ။Common Language Bible1 ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 ဟ န္န ထော မ နာ လျှောက် သည် မှာ ထာ ဝ ရ ဘု ရား၌ ကျွန် မ စိတ် ရွှင် လန်း လျက်၊ ထာ ဝ ရ ဘု ရား ကြောင့် ဦး ချို ရှည် မြင့် ရ ပါ၏။ ကယ် တင် ခြင်း ကျေး ဇူး တော် နှင့် အား ရ လျက်၊ ရန် သူ တို့ တစ် ဘက် တွင် နှုတ် ဖွင့် ရ ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible1 တစ်ဖန် ဟန္နသည် ပတ္ထနာစကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက်ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ၏။ အခန်းကိုကြည့်ပါ။ |
သူ၏နွားသားဦးသည် သူ၏ဂုဏ်ကျက်သရေဖြစ်၏။ သူ၏ဦးချိုသည် နွားရိုင်းဦးချိုကဲ့သို့ဖြစ်၏။ သူသည် ထိုဦးချိုဖြင့် လူမျိုးတကာတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ချက်တည်းဝှေ့ပစ်မည်။ ထိုဦးချိုများသည် သောင်းပေါင်းများစွာသောဧဖရိမ်အမျိုး၊ ထောင်ပေါင်းများစွာသောမနာရှေအမျိုး ဖြစ်၏။