တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
၂ ရာ 21:16 - မြန်မာ့စံမီသမ္မာကျမ်း အသစ်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ရှယ်ကယ်သုံးရာလေးသောကြေးနီလှံတံကိုကိုင်ဆောင်သည့် ရေဖိမ်အနွယ်ဝင် ဣရှဗိဗေနုပ်သည် ဒါဝိဒ်မင်းကြီးကို သတ်မည်ပြု၏။ Common Language Bible ဣရှဗိဗေနုပ်ဟုနာမည်တွင်သောအလွန် ထွားကြိုင်းသူလူတစ်ယောက်သည် ဒါဝိဒ် အားလုပ်ကြံမည်ပြု၏။ သူသည်ဋ္ဌားတစ် လက်ကိုကိုင်ဆောင်ထား၏။ သူ၏ကြေးဝါ လှံသည်ခုနစ်ပေါင်လေး၏။ ဇေရုယာသား အဗိရှဲသည်ဒါဝိဒ်ကိုကူညီ၍ဖိလိတ္တိ လူကိုတိုက်သတ်လေ၏။- Garrad Bible အ ချိန် သုံး ပိဿာ စီး ကြေး လှံ ကို ကိုင် လျက် ဓား သစ် လွယ် သူ ရေ ဖိမ့် အ နွယ်၊ ဣ ရှ ဗိ ဗေ နုပ် သည် မော ပန်း သော ဒါ ဝိဒ် မင်း ကို လုပ် ကြံ မည့် ပြု ရာ Judson Bible ရေဖိမ်အမျိုး ဣရှဗိဗေနုပ်သည် အချိန်သုံးပိဿာရှိသော ကြေးဝါလှံကိုကိုင်၍၊ အသစ်သော စစ်တန်ဆာကို ဝတ်ဆင်လျက် ဒါဝိဒ်ကို သတ်မည်ဟုကြံလေ၏။ |
တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့ထံဝင်၍ ကလေးများကိုရကြသောကာလနှင့် ထိုကာလ၏နောက်ပိုင်း၌ မြေကြီးပေါ်တွင် ဧရာမလူများရှိကြ၏။ ထိုသူတို့သည် ရှေးခေတ်လူစွမ်းကောင်းများ၊ နာမည်ကျော်စောသူများဖြစ်ကြ၏။
ထို့နောက်တွင် ဂေါဘမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ဟုရှသိလူမျိုး သိဗေခဲသည် ရေဖိမ်အနွယ်ဝင် သာဖကို သတ်လိုက်၏။
ထို့နောက်တွင် ဂါသမြို့၌ တိုက်ပွဲထပ်ဖြစ်ပြန်ရာ လက်တစ်ဖက်တွင်လက်ချောင်းခြောက်ချောင်း၊ ခြေတစ်ဖက်တွင်ခြေချောင်းခြောက်ချောင်း စုစုပေါင်းလက်ချောင်းခြေချောင်း နှစ်ဆယ့်လေးချောင်းရှိပြီး ခန္ဓာထွားကျိုင်းသော ရေဖိမ်အနွယ်ဝင်လူတစ်ဦးက
ရေဖိမ်အနွယ်ဝင် ထိုဂါသမြို့သားလေးဦးတို့သည် ဒါဝိဒ်မင်းကြီးနှင့် သူ့စစ်သူရဲတို့၏လက်ချက်ဖြင့် ကျဆုံးကုန်ကြ၏။
ဖိလိတ္တိစစ်သည်တို့သည် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းတွင် တပ်ဖြန့်နေရာယူကြလေ၏။
သူတို့သည် နေဂေ့အရပ်သို့တက်သွား၍ ဟေဗြုန်မြို့သို့ရောက်ကြ၏။ ထိုမြို့၌ အာနကအနွယ်ဝင် အဟိမန်၊ ရှေရှဲနှင့် တာလမဲတို့နေထိုင်ကြ၏။ (ဟေဗြုန်မြို့သည် အီဂျစ်ပြည်ရှိဇောနမြို့ မတည်မီ ခုနစ်နှစ်က တည်သောမြို့ဖြစ်၏။)
သို့သော်လည်း ထိုပြည်၌နေထိုင်သောလူမျိုးတို့သည် ခွန်အားကြီးသောသူများဖြစ်ကြပြီး မြို့များသည် အလွန်ခိုင်ခံ့ကြီးမားပါ၏။ ထိုမျှမက အာနကအနွယ်ဝင်တို့ကိုလည်း ထိုအရပ်၌ အကျွန်ုပ်တို့တွေ့မြင်ခဲ့ပါ၏။
ငါတို့သည် မည်သည့်အရပ်သို့သွားနေကြသနည်း။ ညီအစ်ကိုတို့က “ထိုပြည်သားတို့သည် အကျွန်ုပ်တို့ထက်ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်ကြ၏။ မြို့များသည်လည်း ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။ ထိုမျှမက အာနကအမျိုးတို့ကိုလည်း ထိုနေရာ၌ အကျွန်ုပ်တို့တွေ့မြင်ရပါ၏”ဟု ဆိုလျက် ငါတို့ကို စိတ်ပျက်အားလျော့စေပြီ’ဟု ဆိုကြ၏။
(ယခင်က ထိုအရပ်၌ အာနကလူမျိုးများကဲ့သို့ အရပ်မြင့်၍ ကိုယ်ခန္ဓာကြီးမားပြီး လူဦးရေများပြားသော ဧမိမ်လူမျိုးတို့နေထိုင်ကြ၏။
ရေဖိမ်လူမျိုးတို့ကို အာနကလူမျိုးများကဲ့သို့ ဖြစ်သည် ဟုမှတ်ယူကြ၏။ မောဘလူမျိုးတို့သည် ရေဖိမ်လူမျိုးတို့ကို ဧမိမ်လူမျိုး ဟုခေါ်ကြ၏။
ထိုလူမျိုးတို့သည် အာနကလူမျိုးများကဲ့သို့ အရပ်မြင့်၍ ကိုယ်ခန္ဓာကြီးမားပြီး လူဦးရေများပြား၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို အမ္မုန်အမျိုးသားတို့၏ရှေ့မှောက်မှသုတ်သင်ပယ်ရှင်းတော်မူသဖြင့် အမ္မုန်အမျိုးသားတို့သည် သူတို့ပြည်ကို သိမ်းပိုက်၍ သူတို့နေရာ၌ နေထိုင်ကြ၏။
(အကယ်စင်စစ် ရေဖိမ်လူမျိုးတွင် ဗာရှန်ဘုရင်ဩဃမင်းကြီးတစ်ယောက်တည်းသာ ကြွင်းကျန်၏။ လူ့လက်ဖြင့်တိုင်းလျှင် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံညောင်စောင်းသည် အမ္မုန်အမျိုးသားတို့၏မြို့ဖြစ်သောရဗ္ဗာမြို့၌ တွေ့နိုင်၏။)
‘အာနကလူမျိုး၏သားမြေးတို့ရှေ့၌ မည်သူခံရပ်နိုင်မည်နည်း’ဟု သင်ကြားသိထားသော၊ ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်သော အာနကလူမျိုးတို့၏သားမြေးများလည်းရှိ၏။
အစ္စရေးအမျိုးသားတို့၏ပိုင်နက်ထဲတွင် အာနကလူမျိုး တစ်ယောက်မျှမကျန်။ ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့တို့၌သာ အနည်းငယ်ကျန်ရစ်၏။
ကာလက်သည် အာနကအနွယ်ဝင် အာနက၏သားသုံးယောက်ဖြစ်သော ရှေရှဲ၊ အဟိမန်၊ တာလမဲ တို့ကို ထိုပြည်မှ နှင်ထုတ်၏။
သူ၏လှံရိုးမှာ ရက်ကန်းလိပ်တုံးတမျှရှိ၍ လှံသွားအလေးချိန်မှာ သံရှယ်ကယ်ခြောက်ရာ ရှိ၏။ သူ့ရှေ့တွင် ဒိုင်းလွှားကိုင်သူတစ်ဦး ပါရှိ၏။