Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 17:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သူ​၏​လှံရိုး​မှာ ရက်ကန်းလိပ်တုံး​တမျှ​ရှိ​၍ လှံသွား​အလေးချိန်​မှာ သံ​ရှယ်ကယ်​ခြောက်​ရာ ရှိ​၏​။ သူ့​ရှေ့​တွင် ဒိုင်းလွှား​ကိုင်​သူ​တစ်​ဦး ပါရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သူ​၏​လက်​ထိုး​လှံ​အ​ရိုး​သည်​ယက်​ကန်း​လက် လိပ်​တန်​တ​မျှ​ကြီး​၏။ သံ​လှံ​သွား​မှာ​လည်း တစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သည်။ သူ​၏​ဒိုင်း လွှား​ကို​ကိုင်​ဆောင်​သူ​စစ်​သည်​က​သူ​၏​ရှေ့ မှ​သွား​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထို လှံ ကား သံ ချိန် ခြောက် ပိဿာ စီး သော အ သွား၊ ရက် ကန်း လက် လိပ် နှင့် အ မျှ အ ရိုး ရှိ သ တည်း။ ဒိုင်း လွှား ကိုင် တစ် ယောက် လည်း သူ့ ရှေ့ က သွား ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 လှံ​ရိုး​ကား ရက်​ကန်း​လက်​လိပ်​နှင့် အ​မျှ​ကြီး၏။ လှံ​ကိုယ်​ကား သံ​ခြောက်​ပိဿာ​အ​ချိန် ရှိ၏။ သူ့​ရှေ့​မှာ​ဒိုင်း​လွှား​ကို ဆောင်​သော​သူ​တစ်​ယောက်​သည် သွား​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 17:7
5 ပူးပေါင်းရင်းမြစ်များ  

အသစ်​သော​ချပ်ဝတ်တန်ဆာ​ကို ဝတ်ဆင်​ပြီး ရှယ်ကယ်​သုံး​ရာ​လေး​သော​ကြေးနီ​လှံတံ​ကို​ကိုင်ဆောင်​သည့် ရေဖိမ်​အနွယ်ဝင် ဣရှဗိဗေနုပ်​သည် ဒါဝိဒ်​မင်းကြီး​ကို သတ်​မည်​ပြု​၏​။


ထို့နောက်တွင် ဂေါဘ​မြို့​၌ ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ထပ်ဖြစ်​ပြန်​ရာ ဗက်လင်​မြို့သား​၊ ယာဣရု​၏​သား ဧလဟာနန်​သည် ယက်ကန်းလိပ်​တမျှ​ကြီး​သော​လှံရိုး​ကို ကိုင်ဆောင်​သည့် ဂိတ္တိ​လူမျိုး ဂေါလျတ်​ကို သတ်​လိုက်​၏​။


သူ​သည် အရပ်​ငါး​တောင်​ရှိ​သော​အီဂျစ်​အမျိုးသား​တစ်​ယောက်​ကို​လည်း သတ်​ခဲ့​၏​။ ရက်ကန်းလိပ်တုံး​တမျှ​ကြီး​သော​လှံ​ကို​ကိုင်​ထား​သော ထို​အီဂျစ်​အမျိုးသား​အား သူ​သည် ကြိမ်လုံး​ဖြင့်​သာ သွား​၍​တိုက်ခိုက်​၏​။ အီဂျစ်​အမျိုးသား​၏​လက်​မှ လှံ​ကို​လုယူ​၍ ထို​လှံ​ဖြင့်​ပင် ထို​သူ​ကို ထိုးသတ်​လေ​၏​။


ထို့နောက်တွင် ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ထပ်​ဖြစ်ပြန်​ရာ ယာဣရ​၏​သား ဧလဟာနန်​သည် ယက်ကန်းလိပ်​တမျှ​ကြီး​သော​လှံရိုး​ကို ကိုင်ဆောင်​သည့် ဂိတ္တိ​လူမျိုး​ဂေါလျတ်​၏​ညီ လာခမိ​ကို သတ်​လိုက်​၏​။


ထို​ဖိလိတ္တိ​ပြည်သား​သည် ဒါဝိဒ်​ထံသို့​ချဉ်းကပ်​လာ​၏​။ ဒိုင်းလွှား​ကိုင်​သူ​လည်း သူ့​ရှေ့​မှ သွား​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ