Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 13:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သူ​တို့​သည် နေဂေ့​အရပ်​သို့​တက်သွား​၍ ဟေဗြုန်​မြို့​သို့​ရောက်​ကြ​၏​။ ထို​မြို့​၌ အာနက​အနွယ်ဝင် အဟိမန်​၊ ရှေရှဲ​နှင့် တာလမဲ​တို့​နေထိုင်​ကြ​၏​။ (​ဟေဗြုန်​မြို့​သည် အီဂျစ်​ပြည်​ရှိ​ဇောန​မြို့ မ​တည်​မီ ခုနစ်​နှစ်​က တည်​သော​မြို့​ဖြစ်​၏​။​)

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​ပြည်​၏​တောင်​ပိုင်း သို့​ဝင်​ရောက်​၍ ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကျိုင်း သည့်​အာ​န​က​အ​မျိုး​သား​တို့​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​အ​ဟိ​မန်​သား​ချင်း​စု၊ ရှေ​ရှဲ​သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု တို့​နေ​ထိုင်​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​ကြ သည်။ (ဟေ​ဗြုန်​မြို့​သည်​အီ​ဂျစ်​ပြည်​ရှိ​ဇော​န မြို့​မ​တည်​မီ​ခု​နစ်​နှစ်​အ​ထက်​က​တည်​ခဲ့ သော​မြို့​ဖြစ်​သ​တည်း။-)

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 နေ ဂပ် ခ ရိုင် သို့ တက် သွား၍ အာ န က အ မျိုး သား အ ဟိ မန်၊ ရှေ ရဲ၊ တာ လ မဲ တို့ နေ သော ဟေ ဗြုန် မြို့ သို့ ရောက် ကြ ၏။ ဟေ ဗြုန် မြို့ ကား အိ ဂျစ် ပြည် တွင် ဇော န မြို့ မ တည် ထောင် မီ ခု နစ် နှစ် က တည် သော မြို့ ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 တောင်​မျက်​နှာ၌​လျှောက်​သွား၍ အာ​န​က​အ​မျိုး​သား အ​ဟိ​မန်၊ ရှေ​ရှဲ၊ တာ​လ​မဲ​နေ​သော ဟေ​ဗြုန်​မြို့​သို့ ရောက်​ကြ၏။ ဟေ​ဗြုန်​မြို့​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဇော​န​မြို့​မ​တည်​မီ ခု​နစ်​နှစ်​က​တည်​သော​မြို့ ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 13:22
21 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အာဗြံ​သည် သူ​၏​တဲ​ကို​ရွှေ့​၍ ဟေဗြုန်​မြို့​ရှိ မံရေ​ဝက်သစ်ချပင်​များ​အနီး​၌ သွားရောက်​နေထိုင်​၏​။ သူ​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​လေ​၏​။


စာရာ​သည် ခါနာန်​ပြည်​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​၌ သေဆုံး​၏​။ အာဗြဟံ​သည် စာရာ​အတွက် ငိုကြွေး​မြည်တမ်း​ရန် လာ​လေ​၏​။


ထို့နောက်မှ ဒါဝိဒ်​က “​ယုဒ​ပြည်​ရှိ​မြို့​တစ်​မြို့​မြို့​သို့ အကျွန်ုပ်​သွား​ရ​ပါ​မည်လော”​ဟု ထာဝရဘုရား​ထံ မေးလျှောက်​လျှင် ထာဝရဘုရား​က “​သွား​လော့​”​ဟု မိန့်ဆို​၏​။ ဒါဝိဒ်​က​လည်း “​မည်သည့်​မြို့​သို့ သွား​ရ​ပါ​မည်နည်း​”​ဟု မေးလျှောက်​လျှင် ထာဝရဘုရား​က “​ဟေဗြုန်​မြို့​သို့ သွား​လော့​”​ဟု မိန့်​တော်မူ​၏​။


ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​တွင် ယုဒ​အမျိုးအနွယ်​တို့​ကို ခုနစ်​နှစ်​နှင့် ခြောက်​လ​တိုင်အောင် အချိန်ကြာကြာ​အုပ်ချုပ်​ခဲ့​၏​။


အသစ်​သော​ချပ်ဝတ်တန်ဆာ​ကို ဝတ်ဆင်​ပြီး ရှယ်ကယ်​သုံး​ရာ​လေး​သော​ကြေးနီ​လှံတံ​ကို​ကိုင်ဆောင်​သည့် ရေဖိမ်​အနွယ်ဝင် ဣရှဗိဗေနုပ်​သည် ဒါဝိဒ်​မင်းကြီး​ကို သတ်​မည်​ပြု​၏​။


ကိုယ်တော်​သည် အီဂျစ်​ပြည်​၊ ဇောန​အရပ်​၌ သူ​တို့​၏​ဘိုးဘေး​များ​ရှေ့​တွင် အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​၏​။


အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​နှင့် ဇောန​အရပ်​၌ တန်ခိုးလက္ခဏာ​များ​ပြု​တော်မူ​ရာ နေ့ရက်​ကို​လည်းကောင်း မ​အောက်မေ့​ကြ​ပေ​။


အကယ်စင်စစ် ဇောန​မြို့​၏​အကြီးအကဲ​တို့​သည် ဆိုးမိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။ ဖာရော​မင်းကြီး​၏​ပညာရှိ​သော အတိုင်ပင်ခံအမတ်​တို့​သည် မိုက်မဲ​သော​အကြံဉာဏ်​ကို​ပေး​ကြ​၏​။ ဖာရော​မင်းကြီး​အား “​အကျွန်ုပ်​သည် ပညာရှိ​တို့​၏​အမျိုး​၊ ရှေး​ဘုရင်​တို့​၏​အမျိုး ဖြစ်​ပါ​သည်​”​ဟု မည်သို့​လျှောက်ဆို​နိုင်​မည်နည်း​။


ဇောန​မြို့​၏​အကြီးအကဲ​တို့​သည် မိုက်မဲ​ကြ​ပြီ​။ မင်ဖစ်​မြို့​၏​အကြီးအကဲ​တို့​သည် လှည့်စား​ကြ​ပြီ​။ အီဂျစ်​ပြည်​၏​ခေါင်းဆောင်​တို့​သည် ပြည်သူပြည်သား​တို့​ကို လမ်းလွဲ​စေ​ကြ​ပြီ​။


သူ​၏​အကြီးအကဲ​တို့​သည် ဇောန​မြို့​၌​ရှိ​၍ သူ​၏​သံတမန်​တို့​သည် ဟာနက်​မြို့​သို့​ရောက်​ကြ​ပြီ​။


မောရှေ​က ခါနာန်​ပြည်​ကို​စူးစမ်း​ရန် စေလွှတ်​သော​သူ​တို့​အား “​သင်​တို့​သည် ဤ​နေဂေ့​အရပ်​မှ​ဖြတ်​၍ တောင်ပေါ်ဒေသ​သို့ တက်သွား​ရ​မည်​။


သို့သော်လည်း ထို​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​သည် ခွန်အားကြီး​သော​သူ​များ​ဖြစ်​ကြ​ပြီး မြို့​များ​သည် အလွန်​ခိုင်ခံ့​ကြီးမား​ပါ​၏​။ ထိုမျှမက အာနက​အနွယ်ဝင်​တို့​ကို​လည်း ထို​အရပ်​၌ အကျွန်ုပ်​တို့​တွေ့မြင်​ခဲ့​ပါ​၏​။


ထို​အရပ်​၌ ဧရာမလူ​တို့​ကို​လည်း တွေ့​ခဲ့​ပါ​၏​။ ထို​ဧရာမလူ​တို့​မှ အာနက​အမျိုး​ဆင်းသက်​လာ​၏​။ သူ​တို့​နှင့်​ယှဉ်​လျှင် ငါ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​နှံကောင်​ကဲ့သို့​မြင်​၍ သူ​တို့​သည်​လည်း ငါ​တို့​ကို နှံကောင်​ကဲ့သို့​မြင်​မည်​”​ဟု ဆို​ကြ​၏​။


‘​အာနက​လူမျိုး​၏​သားမြေး​တို့​ရှေ့​၌ မည်သူ​ခံရပ်​နိုင်​မည်နည်း​’​ဟု သင်​ကြား​သိ​ထား​သော​၊ ကိုယ်ခန္ဓာ​ကြီးမား​၍​အရပ်​မြင့်​သော အာနက​လူမျိုး​တို့​၏​သားမြေး​များ​လည်း​ရှိ​၏​။


ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် ဧဂလုန်​မြို့​မှ ဟေဗြုန်​မြို့​သို့ ချီတက်​ကာ ထို​မြို့​ကို​တိုက်ခိုက်​၏​။


ဟေဗြုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ လိဗန​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ယဇ်ပုရောဟိတ်​အာရုန်​၏​သားမြေး​တို့​အား ပေး​၏​။ (​ဟေဗြုန်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။​)


တစ်ဖန် ယုဒ​အမျိုးသား​တို့​သည် ယခင်က ကိရယအာဘ​ဟု​ခေါ်​သော ဟေဗြုန်​မြို့​ရှိ ခါနာန်​လူမျိုး​တို့​ထံသို့ ချီတက်​သွား​၍ ရှေရှဲ​၊ အဟိမန်​၊ တာလမဲ​တို့​ကို သတ်ပစ်​၏​။


ဟေဗြုန်​မြို့သား​များ စသည်​တို့​မှစ၍ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့ သွားလာ​ခဲ့​သော​မြို့​ရှိသမျှ​တို့​သို့​လည်း ပေးလိုက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ