၂ ရာ 21:17 - မြန်မာ့စံမီသမ္မာကျမ်း17 ထိုအခါ ဇေရုယာ၏သား အဘိရှဲသည် ဒါဝိဒ်မင်းကြီးကိုလာကူပြီး ထိုဖိလိတ္တိသူရဲကို တိုက်ခိုက်သတ်ဖြတ်လိုက်လေ၏။ ထို့နောက် ဒါဝိဒ်မင်းကြီး၏စစ်သည်တို့က သူ့အား “အစ္စရေးလူမျိုး၏ဆီမီး ငြိမ်းမသွားစေရန် နောက်နောင် အကျွန်ုပ်တို့နှင့်အတူ စစ်ပွဲရှိရာသို့ မလိုက်ပါနှင့်တော့”ဟု ဆိုလျက် ဒါဝိဒ်မင်းကြီးအား ကျိန်ဆိုစေ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ဒါဝိဒ်၏လူတို့သည်မင်းကြီးအား နောက် တစ်ဖန်မိမိတို့နှင့်အတူစစ်ပွဲသို့လိုက် တော်မမူရန်ကတိပြုစေကြ၏။ သူတို့ က``အရှင်သည်ဣသရေလအမျိုးသား တို့၏မျှော်လင့်ရာဖြစ်တော်မူပါ၏။ အကျွန်ုပ် တို့သည်အရှင့်အားဘေးမရောက်စေလိုပါ'' ဟုလျှောက်ထားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ဇေ ရု ယာ့ သား အ ဘိ ရှဲ သည် ထို ဖိ လိ တ္တိ သူ ရဲ ကို ခုတ် သတ်၍ ဒါ ဝိဒ် မင်း အား ကယ် မ လေ၏။ ထို အ ခါ ဒါ ဝိဒ် မင်း ရဲ မက် တို့ က ဣ သ ရေ လ လူ မျိုး၏ အ လင်း မ ကွယ် စေ ခြင်း ငှါ၊ ဘု ရင် မင်း သည် နောက် တစ် ဖန် ကျွန် တော် နှင့် အ တူ မ ချီ မ ထွက် ရ ဟု သ စ္စာ ဆို ကြ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ဇေရုယာသားအဘိရှဲသည် ကူညီ၍ ဖိလိတ္တိလူကို တိုက်သတ်လေ၏။ ထိုအခါ ဒါဝိဒ်၏ လူတို့က၊ ဣသရေလအလင်းကွယ်မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူ နောက်တစ်ဖန် စစ်ချီကြွတော်မမူရာဟု ကျိန်ဆိုလျက် လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် သူတို့က “အရှင်မင်းကြီး ချီတော်မမူပါနှင့်။ စင်စစ် အကျွန်ုပ်တို့ ထွက်ပြေးသွားလျှင်လည်း သူတို့ အရေးထားမည်မဟုတ်ပါ။ အကျွန်ုပ်တို့ တစ်ဝက်မျှ သေသွားလျှင်လည်း သူတို့ အရေးထားမည်မဟုတ်ပါ။ အရှင်မင်းကြီးတစ်ပါးတည်းသည် အကျွန်ုပ်တို့ လူတစ်သောင်းနှင့် ညီမျှပါ၏။ အရှင်မင်းကြီး မြို့ထဲ၌နေရစ်ပြီး အကျွန်ုပ်တို့ကို ကူညီခြင်းက ပိုကောင်းပါလိမ့်မည်”ဟု လျှောက်တင်ကြ၏။
ယခုမှာ ဆွေမျိုးသားချင်းအားလုံးထ၍ အရှင့်ကျွန်မအား ဆန့်ကျင်လျက် ‘ညီအစ်ကိုချင်း သတ်သောသူကို ငါတို့ထံအပ်ပါ။ သူသတ်ခဲ့သော သူ့ညီအစ်ကို၏အသက်အစား သူ့ကိုပြန်သတ်မည်။ အမွေခံဖြစ်နေလျှင်လည်း ဖျက်ဆီးပစ်ရမည်’ဟု ဆိုကြပါ၏။ သူတို့သည် အကျွန်ုပ်အတွက် ကျန်နေသေးသောမီးခဲကိုငြှိမ်းပြီး အကျွန်ုပ်ခင်ပွန်း၏အမည်နှင့် မျိုးဆက်ကို မြေကြီးပေါ်မှပပျောက်သွားအောင် ပြုကြပါတော့မည်”ဟု လျှောက်ဆို၏။
ထိုအခါ ကာရာ၏သားယောဟနန်က “နေသနိ၏သားဣရှမေလကို သွား၍သတ်ရသောအခွင့်ကို ပေးပါ။ မည်သူမျှ မသိစေရ။ အဘယ်ကြောင့် သူသည် သင့်ကိုသတ်၍ သင့်ကိုခိုလှုံလာသောယုဒလူအပေါင်းတို့ကို ကွဲလွင့်စေမည်နည်း။ အဘယ်ကြောင့် ယုဒပြည်၌ကြွင်းကျန်သောသူတို့ ပျက်စီးကြရမည်နည်း”ဟု ဂေဒလိအား မိဇပါမြို့၌ တိတ်တဆိတ်လျှောက်ဆို၏။
ထို့နောက် လူသုံးပုံတစ်ပုံကို ယွာဘလက်အောက်သို့လည်းကောင်း၊ နောက်သုံးပုံတစ်ပုံကို ယွာဘညီ ဇေရုယာ၏သား အဘိရှဲလက်အောက်သို့လည်းကောင်း၊ ကျန်သုံးပုံတစ်ပုံကို ဂိတ္တိလူမျိုး အိတ္တဲလက်အောက်သို့လည်းကောင်း နေရာချထားပေး၏။ ထို့နောက် ရှင်ဘုရင်က သူတို့အား “ငါကိုယ်တိုင် သင်တို့နှင့်အတူ ဆက်ဆက်ချီတက်မည်”ဟု မိန့်ဆို၏။