ဒါဝိဒ်မင်းကြီးသည် သံလွင်တောင်တက်လမ်းအတိုင်း ငိုကြွေးလျက်၊ ဦးခေါင်းကိုလည်းခြုံလျက် ခြေနင်းတော်မပါဘဲ တက်သွား၏။ သူနှင့်ပါလာသောလူအပေါင်းတို့သည်လည်း အသီးသီးဦးခေါင်းကိုခြုံထားလျက်၊ ငိုကြွေးလျက် လိုက်တက်သွားကြ၏။
၂ ရာ 16:1 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးသည် တောင်ထိပ်ကို အနည်းငယ်လွန်သွားလျှင် မေဖိဗောရှက်၏ငယ်သား ဇိဘက ကုန်းနှီးတင်ထားသောမြည်းနှစ်ကောင်နှင့် သူ့ကိုကြိုဆို၏။ ထိုမြည်းတို့ပေါ်တွင် မုန့်အလုံးနှစ်ရာ၊ စပျစ်သီးခြောက် အခိုင်တစ်ရာ၊ နွေရာသီသီးနှံ အခိုင်တစ်ရာနှင့် စပျစ်ဝိုင်တစ်ဘူး တင်ထား၏။ Common Language Bible ဒါဝိဒ်သည်တောင်ထိပ်ကိုအနည်းငယ်ကျော် မိသောအခါ မေဖိဗောရှက်၏အစေခံဇိဘ နှင့်တွေ့ဆုံလေ၏။ ဇိဘသည်မုန့်အလုံးနှစ် ရာ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ စပျစ်သီး မှည့်အခိုင်တစ်ရာနှင့်စပျစ်ရည်ဘူးတစ်ဘူး ကိုမြည်းနှစ်ကောင်ဖြင့်တင်ဆောင်လာ၏။- Garrad Bible ဒါ ဝိဒ် မင်း သည် တောင် ထိပ် ကို ကျော် ရုံ မျှ သာ ရှိ သော အ ခါ မေ ဖိ ဗော ရှက်၏ ကျွန် ဇိ ဘ သည် မုန့် လုံး နှစ် ရာ၊ စ ပျစ် သီး ခြောက် အ ခိုင် တစ် ရာ၊ အ သီး မှည့် လုံး ရေ တစ် ရာ၊ စ ပျစ် ရည် တစ် ပုံး များ ကို ကုန်း က ပြီး မြည်း နှစ် စီး ပေါ် တွင် တင် ဆောင် လျက် Judson Bible ဒါဝိဒ်သည် တောင်ထိပ်ကို အနည်းငယ်လွန်သောအခါ၊ မေဖိဗောရှက်၏ကျွန် ဇိဘသည် ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့်တကွ၊ မုန့်လုံးနှစ်ရာ၊ စပျစ်သီးခြောက် အပြွတ်တစ်ရာ၊ သင်္ဘောသဖန်းသီးပျဉ် အပြားတစ်ရာ စပျစ်ရည်ဘူးတစ်လုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြိုပြုအံ့သောငှာ လာ၏။ |
ဒါဝိဒ်မင်းကြီးသည် သံလွင်တောင်တက်လမ်းအတိုင်း ငိုကြွေးလျက်၊ ဦးခေါင်းကိုလည်းခြုံလျက် ခြေနင်းတော်မပါဘဲ တက်သွား၏။ သူနှင့်ပါလာသောလူအပေါင်းတို့သည်လည်း အသီးသီးဦးခေါင်းကိုခြုံထားလျက်၊ ငိုကြွေးလျက် လိုက်တက်သွားကြ၏။
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရာနေရာတောင်ထိပ်သို့ ဒါဝိဒ်မင်းကြီးရောက်သောအခါ အာခိလူမျိုး ဟုရှဲသည် မိမိအဝတ်ကို ဆုတ်ဖြဲ၍ ခေါင်းပေါ် မြေမှုန့်တင်လျက် မင်းကြီးကို ဆီးကြို၏။
သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားအယောက်တစ်ထောင်၊ ရှောလုအိမ်သား၏အစေခံ ဇိဘနှင့်သား တစ်ဆယ့်ငါးယောက်၊ အစေအပါးအယောက်နှစ်ဆယ်တို့လည်း ရှင်ဘုရင်ရှိရာ ဂျော်ဒန်မြစ်သို့ အလျင်အမြန်ရောက်လာကြပြီး
ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိပြီဖြစ်၍ အိုမင်းလှပြီ။ သူသည် အလွန်ချမ်းသာသောသူဖြစ်၍ မဟာနိမ်အရပ်တွင် ရှင်ဘုရင်စံမြန်းနေစဉ်အတွင်း ကျွေးမွေးပြုစုခဲ့၏။
ရပ်နီးနေသူများသာမက ရပ်ဝေးနေသူများဖြစ်သော ဣသခါအမျိုး၊ ဇာဗုလုန်အမျိုး၊ နဿလိအမျိုး တို့သည်လည်း မုန့်ညက်နှင့်လုပ်သောအစားအစာများ၊ သဖန်းပျဉ်များ၊ စပျစ်သီးခြောက်များ၊ စပျစ်ဝိုင်၊ ဆီ၊ နွားသား၊ သိုးသား စသောအစားအစာများကို မြည်း၊ ကုလားအုတ်၊ လား၊ နွား တို့ဖြင့် အမြောက်အမြားတင်ဆောင်လာကြ၏။ ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့ အလွန်ဝမ်းမြောက်ဝမ်းသာကြလေ၏။
လူနှင့်ပါလာသောလက်ဆောင်သည် သူ့ကိုလမ်းဖွင့်ပေး၍ ကြီးမြတ်သောသူတို့၏ရှေ့မှောက်သို့ သူ့ကိုပို့ဆောင်ပေးတတ်၏။
ငါမူကား မိဇပါမြို့တွင်နေထိုင်ပြီး ငါတို့ထံရောက်လာမည့် ခါလဒဲလူမျိုးတို့ကို ရင်ဆိုင်ပေးမည်။ သင်တို့မူကား စပျစ်ဝိုင်မှစ၍ နွေရာသီသီးနှံ၊ ဆီတို့ကို စုသိမ်းပြီး အိုးများ၌ သိုထားကြလော့။ သင်တို့ရထားသောမြို့တို့တွင် နေထိုင်ကြလော့”ဟု ဆိုလေ၏။
သူတို့နှင်ထုတ်ခံရ၍ ရောက်ရာအရပ်ရပ်တို့မှ ယုဒပြည်၊ ဂေဒလိရှိရာ မိဇပါမြို့သို့ ပြန်လာကြ၏။ ဂျူးလူမျိုးအပေါင်းတို့သည် ထိုမြို့သို့ရောက်ကြ၍ စပျစ်ဝိုင်၊ နွေရာသီသီးနှံနှင့် ဆီတို့ကို အများအပြားစုသိမ်းကြလေ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ နွေရာသီသီးနှံထည့်ထားသောတောင်းတစ်လုံးကို ငါမြင်၏။
ငါ၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား ငါသည် နွေရာသီသီးနှံရိတ်သိမ်းသူများ၊ စပျစ်ခြံ၌ အသီးကျန်လိုက်ခူးသူများနှင့်တူလေပြီ။ စားစရာစပျစ်သီးခိုင် တစ်ခိုင်မျှမရှိ၊ အဦးဆုံးမှည့်သောအသီးကို စားလိုစိတ်ရှိသော်လည်း တစ်လုံးမျှမရှိ။
ထိုမှ ဆက်သွားလျှင် တာဗော်တောင် ဝက်သစ်ချတောသို့ ရောက်မည်။ ထိုနေရာတွင် ဘုရားသခင်ထံ ယဇ်ပူဇော်ရန် ဗေသလမြို့သို့သွားသော လူသုံးယောက်နှင့် သင်ဆုံတွေ့လိမ့်မည်။ တစ်ယောက်သည် ဆိတ်သငယ်သုံးကောင်ကို ယူဆောင်လာ၍ နောက်တစ်ယောက်သည် မုန့်သုံးလုံးကိုလည်းကောင်း၊ နောက်တစ်ယောက်သည် စပျစ်ဝိုင်ဘူးကိုလည်းကောင်း ယူဆောင်လာလိမ့်မည်။
ထိုအခါ ယေရှဲသည် စားစရာများနှင့်စပျစ်ဝိုင်တစ်ဘူးကို ယူ၍ မြည်းပေါ်တွင်တင်ပြီး ဆိတ်သငယ်တစ်ကောင်နှင့်အတူ မိမိသားဒါဝိဒ်ကို ရှောလုမင်းကြီးထံ လွှတ်လိုက်လေ၏။
ထိုအခါ အဘိဂဲလသည် မုန့်အလုံးနှစ်ရာ၊ စပျစ်ဝိုင်နှစ်ဘူး၊ ခုတ်ထစ်ပြီးသားသိုးငါးကောင်၊ မုန့်ဆန်းငါးစေအာ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ သဖန်းပျဉ်အချပ်နှစ်ရာ တို့ကို အလျင်အမြန်ယူ၍ မြည်းများပေါ်တင်ပြီးလျှင်