အာမုတ် 8:1 - မြန်မာ့စံမီသမ္မာကျမ်း1 တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ နွေရာသီသီးနှံထည့်ထားသောတောင်းတစ်လုံးကို ငါမြင်၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံတွင်အသီး မှည့်များထည့်ထားသောခြင်းတောင်းတစ်ခု ကိုတွေ့ရ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 တစ် ဖန်၊ အ ရှင် ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သည့် အ တိုင်း၊ အ သီး ပြည့် သော တောင်း တစ် လုံး ကို ငါ မြင် ရာ၊ အို အာ မုတ်၊ အခန်းကိုကြည့်ပါ။Judson Bible1 တစ်ဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ နွေကာလအသီးပါသော တောင်းသည် ထင်ရှား၏။ အခန်းကိုကြည့်ပါ။ |
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။