Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 10:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို​မှ ဆက်သွား​လျှင် တာဗော်​တောင် ဝက်သစ်ချတော​သို့ ရောက်​မည်​။ ထို​နေရာ​တွင် ဘုရားသခင်​ထံ ယဇ်ပူဇော်​ရန် ဗေသလ​မြို့​သို့​သွား​သော လူ​သုံး​ယောက်​နှင့် သင်​ဆုံတွေ့​လိမ့်မည်​။ တစ်​ယောက်​သည် ဆိတ်သငယ်​သုံး​ကောင်​ကို ယူဆောင်​လာ​၍ နောက်​တစ်​ယောက်​သည် မုန့်​သုံး​လုံး​ကို​လည်းကောင်း​၊ နောက်​တစ်​ယောက်​သည် စပျစ်ဝိုင်​ဘူး​ကို​လည်းကောင်း ယူဆောင်​လာ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သင်​သည်​ထို​အ​ရပ်​မှ​နေ​၍​တာ​ဗော်​လွင်​ပြင် ရှိ မြတ်​သည့်​ဝက်​သစ်​ချ​ပင်​သို့​ရောက်​သည်​တိုင် အောင်​သွား​ရ​မည်။ ထို​နေ​ရာ​တွင်​လူ​သုံး​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​သွား​ကြ သူ​များ​ဖြစ်​၏။ သူ​တို့​အ​နက်​တစ်​ယောက် သည်​ဆိတ်​သုံး​ကောင်​ကို​ဆွဲ​လျက်​တစ်​ယောက် က​မုန့်​သုံး​လုံး​ကို​ကိုင်​လျက်၊ အ​ခြား​တစ် ယောက်​က​စ​ပျစ်​ရည်​အ​ပြည့်​ပါ​သော​သား ရေ​ဘူး​ကို​ဆောင်​လျက်​လာ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ထို အ ရပ် မှ သွား၍ တာ ဗော် ညန် တော တွင် တွေ့ ဆုံ မည့် ဗေ သ လ မြို့ သို့ ဘု ရား ဖူး သွား၍ ဆိတ် သား ငယ် သုံး ကောင်၊ မုန့် သုံး လုံး နှင့် စ ပျစ် ရည် ဘူး ကို ဆောင် သော လူ သုံး ယောက် တို့ က သင့် ကို နှုတ် ဆက် ပြီး လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထို​အ​ရပ်​မှ​လွန်၍ တာ​ဗော်​လွင်​ပြင်​သို့ ရောက်​လျှင်၊ ဆိတ်​သ​ငယ်​သုံး​ကောင်​ကို ဆောင်​သော​သူ​တစ်​ယောက်၊ မုန့်​သုံး​လုံး​ကို ဆောင်​သော​သူ တစ်​ယောက်၊ စ​ပျစ်​ရည်​ဘူး​ကို​ဆောင်​သော​သူ တစ်​ယောက်​တည်း​ဟူ​သော ဗေ​သ​လ​မြို့ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ သွား​သော​သူ သုံး​ယောက်​တို့​နှင့် သင်​သည်​တွေ့​ကြုံ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 10:3
22 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ထို​အရပ်​၏​အမည်​ကို ဗေသလ ဟု​ခေါ်​၏​။ ယခင်က ထို​မြို့​၏​အမည်​မှာ လုဇ​ဖြစ်​၏​။


မှတ်တိုင်​အဖြစ် အကျွန်ုပ်​စိုက်ထူ​သော ဤ​ကျောက်​သည်​လည်း ဘုရားသခင်​၏​အိမ်​တော်​ဖြစ်​မည်​။ အကျွန်ုပ်​အား​ပေးသနား​တော်မူ​သော​အရာ​ရှိသမျှ​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို ကိုယ်တော်​အား မုချ​ပူဇော်​ပါ​မည်​”​ဟု ဆို​လျက် ကတိသစ္စာ​ပြု​လေ​၏​။


ထို့နောက် ဘုရားသခင်​က ယာကုပ်​အား “​ထ​လော့​။ ဗေသလ​အရပ်​သို့​သွား​၍ ထို​အရပ်​၌ နေထိုင်​လော့​။ သင်​၏​အစ်ကို​ဧသော​ထံ​မှ သင်​ထွက်ပြေး​စဉ်က သင့်​အား ကိုယ်ထင်ရှားပြ​သော​ဘုရားသခင်​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​လော့​”​ဟု မိန့်​တော်မူ​၏​။


ထ​၍​ဗေသလ​အရပ်​သို့​သွား​ကြ​စို့​။ ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ထူး​တော်မူ​၍ ငါ​သွား​သော​လမ်းခရီး​၌ ငါ​နှင့်အတူ​ရှိ​တော်မူ​သော ဘုရားသခင်​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို ငါ​တည်​မည်​”​ဟု ဆို​၏​။


မြောက်အရပ်​နှင့်​တောင်​အရပ်​ကို ကိုယ်တော်​ဖန်ဆင်း​တော်မူ​၏​။ တာဗော်​တောင်​နှင့် ဟေရမုန်​တောင်​တို့​သည်​လည်း ကိုယ်တော်​၏​နာမ​တော်​ကို ရွှင်လန်း​စွာ ကြွေးကြော်​ကြ​ပါ​၏​။


ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ငါ့​ဘထွေး​၏​သား ဟာနမေလ​သည် ငါ​ရှိ​ရာ​ထောင်ဝင်း​သို့​လာ​၍ ငါ့​အား ‘သင်​သည် ပိုင်ဆိုင်ခွင့်​၊ ရွေးနုတ်ပိုင်ခွင့်​ရှိ​သူ​ဖြစ်​၍ ဗင်္ယာမိန်​ပြည်​၊ အာနသုတ်​မြို့​ရှိ ကျွန်ုပ်​၏​လယ်​ကို ဝယ်ယူ​ပါ​လော့​။ သင့်​အတွက် ဝယ်ယူ​ပါ​လော့’​ဟု ဆို​၏​။ ထိုအခါ ဤ​စကား​သည် ထာဝရဘုရား​၏​စကား​တော်​ဖြစ်ကြောင်း​ကို ငါ​သိ​၏​။


သူ​သည် သိုးဆိတ်​များ​ထဲမှ သိုး​ကို​ဖြစ်စေ​၊ ဆိတ်​ကို​ဖြစ်စေ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​အထီး​ကို ပူဇော်​ရ​မည်​။


ထို​ယဇ်​နှင့်အတူ ပူဇော်​သော​ဘောဇဉ်ပူဇော်သက္ကာ​သည် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​ဖြစ်​ရ​မည်​။ ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​ဖြစ်​၏​။ ထို​ယဇ်​နှင့်အတူ ပူဇော်​သော​သွန်းလောင်းရာပူဇော်သက္ကာ​သည်​လည်း စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ဖြစ်​ရ​မည်​။


သူ​သည် ဆိတ်​ကို​ပူဇော်​လို​လျှင် ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ရ​မည်​။


သူ​သည် ထာဝရဘုရား​အား သိုးဆိတ်​တို့​ကို မိတ်သဟာယယဇ်​အဖြစ် ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​အထီး​၊ သို့မဟုတ် အမ​ကို ပူဇော်​ရ​မည်​။


ထို့ပြင် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက် မိတ်သဟာယယဇ်​နှင့်အတူ တဆေးပါ​သော​မုန့်ဝိုင်း​ကို​လည်း ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။


တစ်ဖန် စာရိဒ်​မြို့​မှ အရှေ့ဘက်​နေထွက်​ရာ ခိသလုတ္တာဗော်​နယ်စပ်​အထိ ရောက်​၏​။ ထိုမှ ဒါဗရတ်​မြို့​သို့​ရောက်​၍ ယာဖျာ​မြို့​သို့ တက်သွား​၏​။


သူ​တို့​၏​နယ်နိမိတ်​သည် တာဗော်​မြို့​၊ ရှာဟဇိမာ​မြို့​၊ ဗက်ရှေမက်​မြို့ တို့​သို့​ရောက်​ပြီး ဂျော်ဒန်​မြစ်​၌ ဆုံး​၏​။ ထို​နယ်နိမိတ်​တွင် မြို့​တစ်ဆယ့်​ခြောက်​မြို့​နှင့် ရွာ​များ​ပါ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် ထ​၍ ဗေသလ​မြို့​သို့ တက်သွား​ပြီးလျှင် ဘုရားသခင်​အား “​ဗင်္ယာမိန်​အမျိုးသား​တို့​ကို မည်သူ​ဦးစွာ​သွားတိုက်​ရ​မည်နည်း​”​ဟု မေးလျှောက်​ကြ​လျှင် ထာဝရဘုရား​က “​ယုဒ​အမျိုး ဦးစွာ​ချီတက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​သို့​တက်သွား​၍ နေဝင်ချိန်​တိုင်အောင် ငိုကြွေး​လျက် ထာဝရဘုရား​အား “​အကျွန်ုပ်​တို့​၏​ညီအစ်ကို​ဖြစ်​သော ဗင်္ယာမိန်​အမျိုးသား​တို့​ကို တစ်ဖန်​သွားတိုက်​ရ​မည်လော​”​ဟု မေးလျှောက်​ကြ​လျှင် ထာဝရဘုရား​က “​တိုက်​လော့​”​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​အား မေးလျှောက်​ကြ​၏​။ (​ထိုစဉ်က ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် ဗေသလ​အရပ်​တွင် ရှိ​၍


အဘိနောင်​၏​သား​ဗာရက်​သည် တာဗော်​တောင်​ပေါ်သို့ တက်သွား​သည်​ကို သိသရ​ကြား​သောအခါ


ဒေဗောရ​သည် နဿလိ​နယ်​၊ ကေဒေရှ​မြို့​ရှိ အဘိနောင်​၏​သား ဗာရက်​ကို လူ​လွှတ်​ခေါ်​စေ​၍ “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​နဿလိ​အမျိုး​၊ ဇာဗုလုန်​အမျိုး​တို့​ထဲမှ လူ​တစ်သောင်း​ကို သင်​နှင့်အတူ တာဗော်​တောင်​သို့ ခေါ်ဆောင်​သွား​လော့​။


ထို့နောက် ဂိဒေါင်​က ဇေဘဟ​နှင့်​ဇာလမုန္န​တို့​အား “​တာဗော်​မြို့​၌ သင်​တို့​သတ်​ခဲ့​သော​သူ​တို့​သည် မည်သို့​သော​သူ​နည်း​”​ဟု မေး​သော် သူ​တို့​က “​သူ​တို့​အားလုံး​သည် သင်​ကဲ့သို့ပင် ဘုရင့်​သား​တော်​ရုပ်ရည်ရှိသူ​များ​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။


သူ​တို့​သည် သင့်​ကို သာကြောင်းမာကြောင်း​မေးမြန်း​နှုတ်ဆက်​ကြ​လိမ့်မည်​။ သင့်​ကို မုန့်​နှစ်​လုံး​ပေး​၍ သင်​သည် သူ​တို့​ထံမှ ခံယူ​ရ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ