Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 16:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထိုအခါ ယေရှဲ​သည် စားစရာ​များ​နှင့်​စပျစ်ဝိုင်​တစ်​ဘူး​ကို ယူ​၍ မြည်း​ပေါ်တွင်​တင်​ပြီး ဆိတ်သငယ်​တစ်​ကောင်​နှင့်အတူ မိမိ​သား​ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ထံ လွှတ်​လိုက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ယေ​ရှဲ​သည်​မုန့်​တင်​မြည်း​တစ်​စီး၊ စ​ပျစ်​ရည် အ​ပြည့်​ပါ​သော​သား​ရေ​ဘူး​တစ်​ဘူး​နှင့်​ဆိတ်​ငယ် တစ်​ကောင်​ကို ဒါ​ဝိဒ်​နှင့်​အ​တူ​ရှော​လု​မင်း​ထံ သို့​ပို့​ဆက်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ယေ ရှဲ သည် မုန့် တင် မြည်း တစ် စီး၊ စ ပျစ် ရည် တစ် ဘူး၊ ဆိတ် သား ငယ် တစ် ကောင် ကို သား ဒါ ဝိဒ် နှင့် တ ကွ ရှော လု မင်း ထံ ပို့ ဆက် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ယေ​ရှဲ​သည် မုန့်​တင်​သော​မြည်း၊ စ​ပျစ်​ရည်​ဘူး၊ ဆိတ်​သ​ငယ်​ကို​ယူ၍ မိ​မိ​သား​ဒါ​ဝိဒ်​တွင် ရှော​လု​ထံ​သို့ ပေး​လိုက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 16:20
8 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူ​တို့​၏​ဖခင်​အစ္စရေး​က သူ​တို့​အား “​သို့ဖြစ်လျှင် ဤသို့​ပြု​ကြ​လော့​။ လိမ်းဆေး​အနည်းငယ်​၊ ပျားရည်​အနည်းငယ်​၊ နံ့သာမျိုး​၊ မုရန်စေး​၊ အခွံမာသီး​၊ ဗာဒံသီး စသည့် ဤ​ပြည်​မှ​ထွက်​သော အကောင်းဆုံးအရာ​တို့​ကို သင်​တို့​အိတ်​များ​၌​ထည့်​၍ ထို​သူ​အဖို့​လက်ဆောင်​အဖြစ်​ယူသွား​ကြ​လော့​။


လူ​နှင့်​ပါလာ​သော​လက်ဆောင်​သည် သူ့​ကို​လမ်း​ဖွင့်​ပေး​၍ ကြီးမြတ်​သော​သူ​တို့​၏​ရှေ့မှောက်​သို့ သူ့​ကို​ပို့ဆောင်​ပေး​တတ်​၏​။


သို့သော် ဆိုးညစ်​သော​သူ​တို့​က “​ဤ​သူ​သည် ငါ​တို့​ကို မည်သို့​ကယ်တင်​နိုင်​မည်နည်း​”​ဟု ဆို​လျက် သူ့​အား မထီမဲ့မြင်ပြု​ပြီး လက်ဆောင်ပဏ္ဏာ​ကို မ​ဆက်သ​ဘဲ​နေ​ကြ​၏​။ သို့သော် သူ​သည် ဘာမျှမပြော​ဘဲ နှုတ်ဆိတ်​နေ​၏​။


သူ​တို့​သည် သင့်​ကို သာကြောင်းမာကြောင်း​မေးမြန်း​နှုတ်ဆက်​ကြ​လိမ့်မည်​။ သင့်​ကို မုန့်​နှစ်​လုံး​ပေး​၍ သင်​သည် သူ​တို့​ထံမှ ခံယူ​ရ​လိမ့်မည်​။


ရှောလု​မင်းကြီး​သည် ယေရှဲ​ထံ တမန်​တို့​ကို စေလွှတ်​၍ “​သိုးကျောင်း​နေ​သော သင်​၏​သား​ဒါဝိဒ်​ကို ငါ့​ထံ စေလွှတ်​လော့​”​ဟု မှာလိုက်​လေ​၏​။


ဤ​ဒိန်ခဲ​ဆယ်​ခဲ​ကို​လည်း သူ​တို့​၏​လူ​တစ်ထောင်အုပ်​အတွက် ယူသွား​လော့​။ သင့်​အစ်ကို​တို့ အေးအေးချမ်းချမ်း​ရှိ​သည်​ကို သင်​မြင်တွေ့​ခဲ့​ရ​ကြောင်း သက်သေ​ယူလာ​ပြ​လော့​”​ဟု မှာလိုက်​လေ​၏​။


ထိုအခါ အဘိဂဲလ​သည် မုန့်​အလုံး​နှစ်ရာ​၊ စပျစ်ဝိုင်​နှစ်​ဘူး​၊ ခုတ်ထစ်​ပြီးသား​သိုး​ငါး​ကောင်​၊ မုန့်ဆန်း​ငါး​စေအာ​၊ စပျစ်သီးခြောက်​အခိုင်​တစ်ရာ​၊ သဖန်းပျဉ်​အချပ်​နှစ်ရာ တို့​ကို အလျင်အမြန်​ယူ​၍ မြည်း​များ​ပေါ်​တင်​ပြီးလျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ