ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
၂ ကော 6:14 - မြန်မာ့စံမီသမ္မာကျမ်း မယုံကြည်သောသူတို့နှင့် မညီသောထမ်းပိုးကိုမထမ်းကြနှင့်။ အကြောင်းမူကား ဖြောင့်မတ်ခြင်းနှင့်တရားမဲ့ခြင်းတို့အကြား၌ မည်သို့သောပတ်သက်မှုရှိသနည်း။ အလင်းနှင့်အမှောင်တို့အကြား၌ မည်သို့သောမိတ်သဟာယဖွဲ့ခြင်းရှိသနည်း။ Common Language Bible မယုံကြည်သောသူတို့နှင့်တွဲဖက်၍မလုပ် ဆောင်ကြနှင့်။ တွဲဖက်၍လုပ်ဆောင်ရန်မဖြစ် နိုင်။ အမှားသည်အမှန်နှင့်မည်သို့ဖက်စပ် နိုင်အံ့နည်း။ အလင်းသည်အမှောင်နှင့်မည်သို့ ယှဉ်တွဲနေနိုင်အံ့နည်း။- Garrad Bible မ ယုံ ကြည် သူ တို့ နှင့် ဘက် မ ညီ ဘဲ တမ်း ပိုး တင် မ ခံ ကြ လင့်။ ဖြောင့် မတ် ခြင်း နှင့် မ တ ရား ခြင်း သည် မည် သို့ ဖက် စပ် နိုင် အံ့ နည်း။ အ လင်း နှင့် မှောင် မိုက် သည် မည် သို့ ဆက် ဆံ နိုင် အံ့ နည်း။ Judson Bible မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မယုံကြည်သောသူတို့နှင့် တွဲဖက်၍ မလုပ်ဆောင်ကြနှင့်။ ဖြောင့်မတ်သောသူနှင့် တရားမဲ့သောသူသည် မည်သို့ တွဲဖက်၍ လုပ်ဆောင်နိုင်မည်နည်း။ အလင်းနှင့် အမှောင်သည် မည်သို့ ဆက်စပ်ယှဉ်တွဲ၍ နေနိုင်မည်နည်း။ |
ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
ဧလိယသည် လူအပေါင်းတို့ထံသို့သွားပြီး “သင်တို့သည် ခံယူချက်နှစ်ခုကြား မည်မျှကြာအောင် ဇဝေဇဝါဖြစ်နေမည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထာဝရဘုရားနောက်သို့လိုက်လော့။ ဗာလသည် ဘုရားသခင်မှန်လျှင် သူ့နောက်လိုက်လော့”ဟု ဆို၏။ လူတို့သည် တစ်ခွန်းမျှ မတုံ့ပြန်ကြ။
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
သူတို့ကလည်း မိမိတို့မယားများကို ကွာမည်ဟု ဝန်ခံကြပြီး ကိုယ့်အပြစ်အတွက် သိုးအုပ်ထဲမှသိုးထီးတစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
လူမျိုးခြားတို့နှင့် ရောနှောဆက်ဆံ၍ ထိုသူတို့၏ဓလေ့ထုံးစံများကို သင်ယူကြ၏။
အကျွန်ုပ်သည် ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့နှင့် ကိုယ်တော်၏ဥပဒေသတို့ကို စောင့်ထိန်းသောသူရှိသမျှတို့၏ အပေါင်းအဖော်ဖြစ်ပါ၏။
ကမ္ဘာမြေကြီးပေါ်ရှိ သန့်ရှင်းသောသူတို့နှင့်ပတ်သက်၍မူကား သူတို့သည် ကြီးမြတ်သောသူဖြစ်ကြ၏။ ငါသည် သူတို့ကို အလွန်နှစ်သက်၏။
သင်သည် သူတို့၏သမီးများကို သင့်သားတို့နှင့်စုံဖက်စေသဖြင့် သူတို့၏သမီးများသည် မိမိတို့၏ဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောအခါ သင့်သားတို့ကိုလည်း ထိုဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းစေကြလိမ့်မည်။
ဖြောင့်မတ်သောသူသည် မတရားသောသူကို စက်ဆုပ်ရွံရှာတတ်၏။ ဆိုးယုတ်သောသူမူကား ဖြောင့်မှန်စွာပြုမူကျင့်ကြံသောသူကို စက်ဆုပ်ရွံရှာတတ်၏။
သင်သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ အမျိုးမတူသောတိရစ္ဆာန်ကို မိတ်မလိုက်စေရ။ သင်၏လယ်ထဲ၌ အမျိုးမတူသောမျိုးစေ့ကို ရောမကြဲရ။ အမျိုးမတူသောချည်ဖြင့် ရက်ထားသောအဝတ်ကို မဝတ်ရ။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။
လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကား မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့ပြုသောအမှုများမကောင်းကြောင်းကို ထောက်ပြသောကြောင့်ဖြစ်၏။
တမန်တော်တို့သည် လွတ်လာကြသောအခါ မိမိတို့အပေါင်းအဖော်များရှိရာသို့ ပြန်လာ၍ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများက မိမိတို့အားပြောသမျှတို့ကို ပြန်ပြောပြကြ၏။
သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။
အယူမလွဲကြနှင့်။ မကောင်းသောအပေါင်းအဖော်တို့သည် ကောင်းသောအကျင့်စာရိတ္တကို ပျက်စီးစေကြ၏။
သင်တို့ထံပေးပို့သော ငါ၏စာ၌ တရားနှင့်မညီမေထုန်ပြုသူများနှင့် အပေါင်းအဖော်မပြုကြရန် ငါရေးသားမှာကြားခဲ့၏။
ယခုမူကား ညီအစ်ကိုအချင်းချင်းတရားတွေ့ကြသည်သာမက ထိုအမှုကို မယုံကြည်သောသူတို့ရှေ့တွင်ပြုကြ၏။
မယားသည် မိမိလင်ယောက်ျားအသက်ရှင်နေသရွေ့ကာလပတ်လုံး အနှောင်အဖွဲ့ရှိ၏။ လင်ယောက်ျားသေဆုံးခဲ့လျှင်မူကား မိမိနှစ်သက်သောသူနှင့် သခင်ဘုရား၌သာ အိမ်ထောင်ပြုခွင့်ရှိ၏။
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။
ဖောက်ပြန်သောသူတို့၊ လောကနှင့်မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်ကိုရန်ဘက်ပြုခြင်းဖြစ်ကြောင်း သင်တို့မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။