ဧဇရ 10:19 - မြန်မာ့စံမီသမ္မာကျမ်း19 သူတို့ကလည်း မိမိတို့မယားများကို ကွာမည်ဟု ဝန်ခံကြပြီး ကိုယ့်အပြစ်အတွက် သိုးအုပ်ထဲမှသိုးထီးတစ်ကောင်ကို ယဇ်ပူဇော်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 သူတို့သည်မိမိတို့ဇနီးများနှင့်ကွာရှင်း ပါမည်ဟုကတိပြုကြပြီးလျှင် မိမိတို့ အပြစ်များအတွက်သိုးထီးတစ်ကောင်ကို ယဇ်ပူဇော်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible19 ထို သူ တို့ က၊ မ ယား ကို စွန့် ပါ မည် ဟူ၍ လက် ဝါး ရိုက် သည့် ပြင်၊ အ ပြစ် ဒဏ် ခံ ထိုက် သည် နှင့် အ ညီ၊ သိုး ထီး ကို အ ပြစ် အ တွက် ဆက် ကပ် ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible19 သူတို့သည် မယားနှင့်ကွာမည်ဟု ကတိထားကြ၏။ ပြုမိသော အပြစ်ကြောင့် သိုးကို ယဇ်ပူဇော်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ထိုနေရာမှဆက်လက်ထွက်ခွာလာ၍ သူ့ကိုလာရောက်ကြိုဆိုသော ရေခပ်၏သားယောနဒပ်နှင့် တွေ့ဆုံနှုတ်ဆက်လျက် “သင်သည် ငါနှင့်စိတ်သဘောထားချင်းတူပါသလော”ဟုမေးလျှင် ယောနဒပ်က “တူပါ၏”ဟုပြန်ဖြေရာ ယေဟုက “သို့ဖြစ်လျှင် သင့်လက်ကို ကမ်းပေးလော့”ဟု ဆို၏။ ယောနဒပ် လက်ကမ်းပေးလျှင် ယေဟုသည် သူ့ကို ရထားပေါ်သို့ ဆွဲတင်လိုက်လေ၏။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။