၁ ကော 10:21 - မြန်မာ့စံမီသမ္မာကျမ်း21 သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။ အခန်းကိုကြည့်ပါ။Common Language Bible21 သင်တို့သည်သခင်ဘုရား၏ခွက်ဖလားမှ စပျစ်ရည်ကိုသောက်၍ နတ်မိစ္ဆာ၏ခွက်ဖလား မှစပျစ်ရည်ကိုလည်းမသောက်နိုင်။ သခင် ဘုရား၏စားပွဲတော်၌စား၍နတ်မိစ္ဆာများ ၏စားပွဲ၌လည်းမစားနိုင်။- အခန်းကိုကြည့်ပါ။Garrad Bible21 အ ရှင် ဘု ရား၏ ဖ လား တော် နှင့် နတ် ဆိုး တို့၏ ဖ လား ကို သင် တို့ မ သောက် နိုင်။ အ ရှင် ဘု ရား၏ စား ပွဲ တော် နှင့် နတ် ဆိုး တို့၏ စား ပွဲ ကို မ သုံး ဆောင် နိုင်။ အခန်းကိုကြည့်ပါ။Judson Bible21 သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း21 သင်တို့သည် သခင်ဘုရား၏ ခွက်ကို သောက်လျှင် နတ်ဆိုးတို့၏ ခွက်ကို သောက်၍ မရပေ။ သင်တို့သည် သခင်ဘုရား၏စားပွဲ၌ စားလျှင် နတ်ဆိုးတို့၏ စားပွဲ၌ စား၍ မရပေ။ အခန်းကိုကြည့်ပါ။ |
သင်တို့သွားရောက်နေထိုင်ရာအီဂျစ်ပြည်၌ သင်တို့လက်နှင့်လုပ်သောအရာများဖြစ်သည့် အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းဖြင့် အဘယ်ကြောင့် ငါ့အမျက်ကို နှိုးဆော်ကြသနည်း။ ယခုမှာမူ သင်တို့သည် ပျက်စီး၍ မြေကြီးပေါ်ရှိလူမျိုးတကာတို့တွင် ကဲ့ရဲ့ပြစ်တင်စရာ၊ ကျိန်ဆဲစရာ ဖြစ်ရလေပြီ။