Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 6:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 မယုံကြည်သောသူတို့​နှင့် တွဲဖက်​၍ မလုပ်ဆောင်ကြနှင့်။ ဖြောင့်မတ်သောသူ​နှင့် တရားမဲ့သောသူ​သည် မည်သို့ တွဲဖက်​၍ လုပ်ဆောင်နိုင်မည်နည်း။ အလင်း​နှင့် အမှောင်​သည် မည်သို့ ဆက်စပ်​ယှဉ်တွဲ​၍ နေနိုင်မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​တွဲ​ဖက်​၍​မ​လုပ် ဆောင်​ကြ​နှင့်။ တွဲ​ဖက်​၍​လုပ်​ဆောင်​ရန်​မ​ဖြစ် နိုင်။ အ​မှား​သည်​အ​မှန်​နှင့်​မည်​သို့​ဖက်​စပ် နိုင်​အံ့​နည်း။ အ​လင်း​သည်​အ​မှောင်​နှင့်​မည်​သို့ ယှဉ်​တွဲ​နေ​နိုင်​အံ့​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 မ ယုံ ကြည် သူ တို့ နှင့် ဘက် မ ညီ ဘဲ တမ်း ပိုး တင် မ ခံ ကြ လင့်။ ဖြောင့် မတ် ခြင်း နှင့် မ တ ရား ခြင်း သည် မည် သို့ ဖက် စပ် နိုင် အံ့ နည်း။ အ လင်း နှင့် မှောင် မိုက် သည် မည် သို့ ဆက် ဆံ နိုင် အံ့ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​တွဲ​ဖက်၍ ဆန့်​ကျင်​ဘက်​ဖြစ်​သော ထမ်း​ပိုး​ကို မ​ထမ်း​ကြ​နှင့်။ တ​ရား​သော​အ​မှု​သည် မ​တ​ရား​သော​အ​မှု​ကို အ​ဘယ်​သို့ လက်​ခံ​နိုင်​မည်​နည်း။ အ​လင်း​သည်​မှောင်​မိုက်​နှင့် အ​ဘယ်​သို့ ဆက်​ဆံ​နိုင်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 မ​ယုံကြည်​သော​သူ​တို့​နှင့် မ​ညီ​သော​ထမ်းပိုး​ကို​မ​ထမ်း​ကြ​နှင့်။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​အကြား​၌ မည်သို့သော​ပတ်သက်​မှု​ရှိ​သနည်း။ အလင်း​နှင့်​အမှောင်​တို့​အကြား​၌ မည်သို့သော​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 6:14
44 ပူးပေါင်းရင်းမြစ်များ  

လောကီသားတို့​သည် သင်တို့​ကို မုန်းစရာ​အကြောင်း မရှိကြ။ ငါ့​ကိုမူ မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါ​သည် သူတို့​၏ အကျင့်ဆိုးများ​ကို ဖော်ထုတ်ပြောဆို​သောကြောင့်​ဖြစ်၏။


ပေတရု​နှင့်​ယောဟန်​တို့​သည် လွတ်လာ​ပြီးနောက် အခြား​ယုံကြည်သူများ​ထံသို့ သွား​၍ မိမိတို့​အား ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် အကြီးအကဲတို့​ပြောခဲ့သမျှတို့​ကို ပြန်ပြောပြကြ၏။


သင်တို့​သည် သခင်ဘုရား​၏ ခွက်​ကို သောက်​လျှင် နတ်ဆိုးတို့​၏ ခွက်​ကို သောက်​၍ မရပေ။ သင်တို့​သည် သခင်ဘုရား​၏​စားပွဲ​၌ စား​လျှင် နတ်ဆိုးတို့​၏ စားပွဲ​၌ စား​၍ မရပေ။


အလှည့်စား​မခံကြနှင့်။ မကောင်းသော အပေါင်းအသင်းတို့​သည် ကောင်းသော​စာရိတ္တ​ကို ပျက်စီးစေကြ၏။


ယခင်က သင်တို့​ထံ ပို့သည့် စာ​၌ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ​နှင့် မပေါင်းဖော်ကြ​ရန် ကျွန်ုပ်​ရေးသား​မှာကြားခဲ့၏။


ယခု​တွင်မူ မယုံကြည်သူများ​ထံသို့ သွား​၍ ယုံကြည်သူ​အချင်းချင်း တရားစွဲဆိုကြပေပြီ။


ဇနီး​သည် မိမိ​ခင်ပွန်း အသက်ရှင်နေ​သမျှ​ကာလပတ်လုံး ထို​ခင်ပွန်း​နှင့် နှောင်ဖွဲ့ထား၏။ ခင်ပွန်း​ကွယ်လွန်​လျှင် မိမိ​နှစ်သက်သော​သူ​နှင့် လက်ထပ်ခွင့်​ရှိ၏။ သို့သော်လည်း ထို​သူ​သည် သခင်ဘုရား​ကို ယုံကြည်သောသူ​ဖြစ်ရမည်။


ထိုသို့​ပြု​လျှင် ဖောက်ပြန်​ကောက်ကျစ်သည့်​သူများ​၏ အလယ်​တွင် သင်တို့​သည် ဖြူစင်​ရိုးသား​ပြီး အပြစ်ဆိုဖွယ်​မရှိသောသူများ၊ အပြစ်အနာအဆာ​ကင်းသော ဘုရားသားသမီးများ ဖြစ်ကြ​လိမ့်မည်။ ဤ​လောက​၌ ထို​သူတို့​၏ အလယ်​တွင် ကြယ်များ​ကဲ့သို့ ထွန်းလင်း​တောက်ပကြ​လိမ့်မည်။


သစ္စာ​မရှိသော​သူတို့… လောက​နှင့်​မိတ်သဟာယဖွဲ့ခြင်း​သည် ဘုရားသခင်​နှင့် ရန်ဘက်​ပြုခြင်း​ဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောက​နှင့် မိတ်ဆွေ​ဖြစ်လိုသောသူ​သည် ဘုရားသခင်​၏ ရန်သူ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ