မာလခိ 2:11 - မြန်မာ့စံမီသမ္မာကျမ်း11 ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible11 ယုဒပြည်သူတို့သည်ဘုရားသခင်နှင့် မိမိတို့ထားရှိသည့်သစ္စာကတိကိုဖျက် လျက် ယေရုရှလင်မြို့နှင့်ယုဒပြည်တစ် ခုလုံး၌စက်ဆုတ်ဖွယ်ကောင်းသည့်အမှု ကိုပြုကြလေပြီ။ သူတို့သည်ထာဝရ ဘုရားမြတ်နိုးတော်မူသည့်ဗိမာန်တော် ကိုညစ်ညမ်းစေကြလေပြီ။ အမျိုးသား တို့သည်လည်းလူမျိုးခြားဘုရားများ ကိုကိုးကွယ်သူအမျိုးသမီးများနှင့် စုံဖက်ကြလေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible11 ယု ဒ အ မျိုး သည်၊ ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ၍ သီး သန့် ထား တော် မူ ခဲ့ ရာ လူ မျိုး ကို ရှုတ် ချ လျက်၊ ခြား နား သော ဘု ရား ၏ တ ပည့် မ နှင့် အိမ် ထောင် ဘက် ပြု သ ဖြင့်၊ သ စ္စာ ဖျက် သည့် အ လျောက်၊ ယေ ရု ရှ လင် မြို့ မှ စ သော ဣ သ ရေ လ ပြည်၌၊ ရွံ ရှာ စွာ ပြု ကြ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible11 ယုဒအမျိုးသည် သစ္စာပျက်၏။ ဣသရေလပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ရွံ့ရှာဖွယ်သောအမှုကို ပြုကြ၏။ ယုဒအမျိုးသည် ထာဝရဘုရားချစ်တော်မူသော သန့်ရှင်းခြင်းတရားတော်ကို ရှုတ်ချ၍၊ တစ်ပါးအမျိုးဘုရား၏သမီးနှင့် လက်ထပ်ပါသည်တကား။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သင်တို့၏သမီးများကို သူတို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့၏သမီးများကိုလည်း သင်တို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့ အစဉ်အေးအေးချမ်းချမ်းနေရဖို့၊ ကောင်းစားဖို့ သင်တို့မပြုကြနှင့်။ သို့မှ သင်တို့သည် အင်အားကြီးမည်။ ကောင်းသောပြည်ထွက်အစားအစာများကို စားရမည်။ သင်တို့၏သားမြေးတို့သည်လည်း ထိုပြည်ကို အစဉ်ပိုင်ဆိုင်နိုင်လိမ့်မည်’ဟု မိန့်ဆိုတော်မူပြီ။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။