“သင့်သားယောသပ်သည် သင့်ထံသို့ရောက်လာပါပြီ”ဟု ယာကုပ်ကြားသောအခါ အစ္စရေးသည် အားတင်း၍ ခုတင်ပေါ်တွင်ထထိုင်လေ၏။
၁ ရာချုပ် 28:2 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်မင်းကြီးသည် ရပ်လျက် “ငါ့ညီအစ်ကိုတို့၊ ငါ့လူမျိုးတို့၊ နားထောင်ကြလော့။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်တည်ရာနေရာ၊ ငါတို့ဘုရားသခင်၏ခြေတော်တင်ရာနေရာကို ဆောက်လုပ်ရန် ငါဆန္ဒရှိခဲ့၏။ ထိုသို့တည်ဆောက်ရန်လည်း ငါပြင်ဆင်ခဲ့ပြီ။ Common Language Bible ဒါဝိဒ်မင်းသည်ထိုသူတို့ရှေ့တွင်ရပ်လျက် မိန့်ခွန်းမြွက်ကြားတော်မူ၏။ မင်းကြီးက``ငါ ၏ပြည်သူပြည်သားတို့၊ နားထောင်ကြလော့။ ငါသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏ခြေတင်ခုံဖြစ်သော ပဋိညာဉ်သေတ္တာတော် ကိုထားရှိရန်အတွက်အိမ်တော်တစ်ဆောင် ကိုတည်ဆောက်လိုပေသည်။ ဘုရားသခင် နာမတော်ကိုချီးမြှောက်ရန်ဗိမာန်တော် တည်ဆောက်ရေးအတွက်ငါသည်ပြင်ဆင် မှုများကိုပြုခဲ့လေပြီ။- Garrad Bible ရပ် လျက် မိန့် ဆို သည် မှာ ငါ့ ညီ အစ် ကို၊ ငါ့ လူ မျိုး တို့၊ နား ထောင် ကြ လော့။ ငါ တို့ ဘု ရား သ ခင် ခြေ တော် တင် ခုံ တည်း ဟူ သော ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် သေ တ္တာ တည် မြဲ ရာ ဗိ မာန် တော် ကို ငါ ဆောက် မည် ကြံ ရွယ် လျက် ကိုယ် တိုင် ပြင် ဆင် ခဲ့ သော် လည်း၊ Judson Bible ထိုအခါ ဒါဝိဒ်မင်းကြီးသည် ရပ်၍၊ ငါ့ညီအစ်ကို၊ ငါ့လူတို့ နားထောင်ကြလော့။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် ငြိမ်ဝပ်ရာအိမ်တည်းဟူသော ဘုရားသခင်၏ ခြေတော်တင်ရာခုံကို တည်လုပ်မည်ဟု ငါအကြံရှိ၍ တည်လုပ်ခြင်းငှာ ပြင်ဆင်နှင့်ပြီ။ |
“သင့်သားယောသပ်သည် သင့်ထံသို့ရောက်လာပါပြီ”ဟု ယာကုပ်ကြားသောအခါ အစ္စရေးသည် အားတင်း၍ ခုတင်ပေါ်တွင်ထထိုင်လေ၏။
ဘုရင့်မှူးမတ်တို့သည်လည်း အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးထံသို့လာ၍ ‘ဘုရားသခင်သည် အရှင်မင်းကြီး၏နာမထက် ရှောလမုန်၏နာမကို သာ၍ထင်ရှားစေတော်မူပါစေသော။ အရှင်မင်းကြီး၏ရာဇပလ္လင်ထက် သူ၏ရာဇပလ္လင်ကို သာ၍ကြီးမြတ်စေတော်မူပါစေသော’ဟု ကောင်းချီးထောမနာပြုကြလေပြီ။ အရှင်မင်းကြီးသည်လည်း သလွန်တော်ပေါ်မှ ဦးညွှတ်လျက်
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးသည် သူ၏ရန်သူတို့ကို သူ့ခြေဖဝါးအောက်သို့ ထာဝရဘုရားမချထားမီအချိန်ထိ သူ့အား တိုက်ပွဲများဝိုင်းရံလျက်ရှိသောကြောင့် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ ဗိမာန်တော်ကို တည်ဆောက်ခွင့်မရခဲ့ကြောင်း မင်းကြီးသိပါ၏။
“ငါ့အစေအပါးဒါဝိဒ်ထံသွား၍ ဆင့်ဆိုလော့။ ထာဝရဘုရားက ‘သင်သည် ငါစံမြန်းတော်မူရာအဖို့ အိမ်တော်ကို မဆောက်ရ။
ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေတာလန်တစ်သိန်း၊ ငွေတာလန်တစ်သန်း၊ မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီ၊ သံ၊ သစ်၊ ကျောက်များကို အပင်ပန်းခံပြီး ငါပြင်ဆင်ပေးခဲ့ပြီ။ သင်သည်လည်း ထပ်ဖြည့်နိုင်၏။
ထို့နောက် သားတော်ရှောလမုန်ကို ခေါ်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ အိမ်တော်ကိုတည်ဆောက်ရမည့်အကြောင်း မိန့်မှာခဲ့၏။
ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “ငါ့သား၊ ငါ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ အိမ်တော်ကိုတည်ဆောက်ဖို့ ငါစိတ်ဆန္ဒပြင်းပြလှ၏။
ဤသူတို့သည် သေတ္တာတော်ကို နေရာချထားပြီးနောက် ထာဝရဘုရား၏အိမ်တော်တွင် သီချင်းဆိုသောအဖွဲ့အား ဦးဆောင်ညွှန်ကြားရန် ဒါဝိဒ်မင်းကြီးခန့်ထားသောသူများဖြစ်ကြ၏။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုတည်ဆောက်ရန် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး စိတ်ဆန္ဒရှိခဲ့၏။
ထာဝရဘုရားသည် ငါ၏သခင်အား “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူ၏။
“ထိုအရပ်သည် ငါ၏ငြိမ်ဝပ်ရာအရပ် အစဉ်ဖြစ်၏။ ထိုအရပ်ကို ငါနှစ်သက်သည်ဖြစ်၍ ထိုအရပ်၌ ငါကိန်းဝပ်မည်။
သူသည် ထာဝရဘုရားကိုတိုင်တည်၍ မည်သို့ကျိန်ဆိုခဲ့သည်ကိုလည်းကောင်း၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင်ကို မည်သို့ကတိသစ္စာပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ညီအစ်ကိုများအား ပြောကြားပါမည်။ လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမွမ်းပါမည်။
ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြလော့။ ကိုယ်တော်သည် သန့်ရှင်းတော်မူ၏။
ထင်းရှူးပင်၊ တဒေရပင်၊ ကျောက်ပန်းပင် စသည့် လက်ဘနွန်တောင်၏ဘုန်းအသရေတို့သည် သင့်ထံသို့အတူတကွရောက်လာပြီး ငါ၏သန့်ရှင်းရာဌာနကိုတင့်တယ်စေမည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းကျက်သရေရှိစေမည်။
ထာဝရဘုရားက “ကောင်းကင်ဘုံသည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ ငါ့အတွက် အိမ်ကို အဘယ်မှာဆောက်မည်နည်း။ ငါကိန်းဝပ်ရာအရပ်ကား အဘယ်မှာနည်း”ဟု မိန့်တော်မူ၏။
ဘုရားရှင်သည် ဇိအုန်သမီးပျိုကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးအုပ်တော်မူပြီတကား။ မိုးထိမြင့်သောအစ္စရေးလူမျိုး၏ဂုဏ်ကျက်သရေကို မြေသို့တိုင် ရှုတ်ချတော်မူပြီ။ အမျက်တော်ထွက်ရာနေ့၌ မိမိ၏ခြေတင်ခုံကို မေ့ပစ်တော်မူပြီ။
ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤနေရာသည် ငါ့ပလ္လင်တည်ရာ၊ ငါ့ခြေချရာဖြစ်၏။ ဤနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။ အစ္စရေးအမျိုးသားနှင့် သူတို့၏ဘုရင်တို့သည် ဖောက်ပြန်သောအားဖြင့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့၌ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့် သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြတော့မည်မဟုတ်။
ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။
ဤသည်ကား ‘ကောင်းကင်သည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ သင်တို့သည် မည်သို့သောအိမ်ကို ငါ့အတွက်တည်ဆောက်ကြမည်နည်း။ မည်သည့်အရပ်သည် ငါနားနေရာအရပ်ဖြစ်မည်နည်း။
သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောသူကိုသာ သင့်ကိုအုပ်စိုးမည့်ဘုရင်အဖြစ် တင်မြှောက်ရမည်။ ဘုရင်အဖြစ် သင်တင်မြှောက်သောသူသည် သင်၏အမျိုးသားချင်းထဲမှဖြစ်ရမည်။ သင်၏အမျိုးသားချင်းမဟုတ်သော တစ်ပါးအမျိုးသားကို တင်မြှောက်ခွင့်မရှိ။
ထိုသို့ပြုလျှင် မိမိညီအစ်ကိုတို့အပေါ် မာနထောင်လွှားသောစိတ်ရှိမည်မဟုတ်၊ ပညတ်တရားလမ်းမှ လက်ယာဘက်လက်ဝဲဘက်သို့လမ်းလွဲမည်မဟုတ်၊ သူနှင့်သူ၏သားမြေးတို့သည်လည်း အစ္စရေးလူမျိုးတို့အလယ်၌ တိုင်းပြည်ကို ကာလကြာရှည်စွာ အုပ်စိုးရလိမ့်မည်။