တရားဟော 17:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထိုသို့ပြုလျှင် မိမိညီအစ်ကိုတို့အပေါ် မာနထောင်လွှားသောစိတ်ရှိမည်မဟုတ်၊ ပညတ်တရားလမ်းမှ လက်ယာဘက်လက်ဝဲဘက်သို့လမ်းလွဲမည်မဟုတ်၊ သူနှင့်သူ၏သားမြေးတို့သည်လည်း အစ္စရေးလူမျိုးတို့အလယ်၌ တိုင်းပြည်ကို ကာလကြာရှည်စွာ အုပ်စိုးရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible20 ဤနည်းအားဖြင့်သူသည်မိမိ၏အမျိုးသား ချင်းတို့ထက် သာသည်ဟူ၍မာနထောင်လွှား သောစိတ်ရှိမည်မဟုတ်။ ထာဝရဘုရား၏ အမိန့်တော်များကိုလည်းလွန်ဆန်မည်မဟုတ်။ ထိုအခါသူနှင့်သူ၏အဆက်အနွယ်တို့ သည် ဣသရေလနိုင်ငံကိုအဋ္ဌွန့်ရှည်စွာ အုပ်စိုးရကြလိမ့်မည်။'' အခန်းကိုကြည့်ပါ။ |
သင်၏ဘုရားသခင်ထာဝရဘုရား ညွှန်ကြားသောအရာတို့ကို စောင့်ထိန်းလော့။ မောရှေ၏ပညတ်တရားကျမ်း၌ ရေးထားသည့် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ သက်သေခံချက်တို့ကို စောင့်ထိန်းပြီး တရားလမ်းအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်ပြုလေရာရာ၊ သွားလေရာရာတို့၌ အောင်မြင်ခွင့်ရမည်။