ဒါဝိဒ်မင်းကြီးက “ရှောလုမင်းကြီးအမျိုးထဲမှ ကြွင်းကျန်သူတစ်ဦးဦးရှိသေးသလော။ ငါသည် ယောနသန်အား မေတ္တာကရုဏာကိုပြလို၏”ဟု ဆို၏။
၁ ရာချုပ် 19:2 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးကလည်း “ဟာနုန်၏ခမည်းတော် နာဟတ်မင်းကြီးသည် ငါ့အား မေတ္တာပြခဲ့ဖူးသည်ဖြစ်၍ ငါသည်လည်း ယခု နာဟတ်သားဟာနုန်အား မေတ္တာကရုဏာပြရမည်”ဟု တွေးလျက် ဒါဝိဒ်မင်းကြီးသည် ဟာနုန်၏ခမည်းတော်အနိစ္စရောက်သည်ကို အကြောင်းပြု၍ သူ့ကိုနှစ်သိမ့်ပေးဖို့ မိမိအမှုထမ်းတို့ကို စေလွှတ်လိုက်၏။ ဒါဝိဒ်မင်းကြီး၏အစေအပါးတို့သည် ဟာနုန်မင်းကြီးကို နှစ်သိမ့်ဖို့ အမ္မုန်အမျိုးသားတို့၏ပြည်သို့ရောက်သောအခါ Common Language Bible ဒါဝိဒ်က``ဟာနုန်၏အဖနာဟတ်သည်သစ္စာ ရှိသောမိတ်ဆွေဖြစ်ကြောင်း ငါ့အားပြသခဲ့ သည့်နည်းတူငါသည်လည်းဟာနုန်အားပြသ ရပေမည်'' ဟုဆိုလျက်သူ၏ထံသို့ဝမ်းနည်း ကြေကွဲကြောင်းသဝဏ်လွှာကိုစေတမန်များ နှင့်ပေးပို့တော်မူလိုက်၏။ ထိုသူတို့အမ္မုန်ပြည်သို့ရောက်ရှိကြသော အခါ ဟာနုန်မင်း၏ရှေ့သို့ဝင်ကြ၏။- Garrad Bible ဒါ ဝိဒ် မင်း က ငါ့ အား ဟာ နုန့် ခ မည်း တော် နာ ဟတ် မင်း ကျေး ဇူး ပြု ဘူး သော ကြောင့် သား တော် ကို ကျေး ဇူး ပြု ထိုက် ပေ သည် ဟု အောက် မေ့ လျက် ခ မည်း တော့် အ တွက် နှစ် သိမ့် စေ ရန် ရာ ဇ သံ တို့ ကို စေ လွှတ် လေ၏။ နှစ် သိမ့် စေ မည့် အ ကြံ နှင့် အ မ္မုန် ပြည်၊ ဟာ နုန် မင်း ထံ ရောက် ကြ သော အ ခါ အ မ္မုန် မှူး မတ် တို့ က၊ Judson Bible ဒါဝိဒ်ကလည်း၊ ဟာနုန်အဘ နာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှာ သံတမန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် ဟာနုန်မင်းကို နှစ်သိမ့်စေခြင်းငှာ သူရှိရာအမ္မုန်ပြည်သို့ ရောက်ကြ၏။ |
ဒါဝိဒ်မင်းကြီးက “ရှောလုမင်းကြီးအမျိုးထဲမှ ကြွင်းကျန်သူတစ်ဦးဦးရှိသေးသလော။ ငါသည် ယောနသန်အား မေတ္တာကရုဏာကိုပြလို၏”ဟု ဆို၏။
ဒါဝိဒ်မင်းကြီးက သူ့အား “မကြောက်နှင့်။ သင့်ဖခင်ယောနသန်ကိုထောက်ပြီး သင့်အား မေတ္တာကရုဏာကိုပြမည်။ သင့်အဘိုးရှောလုမင်းကြီးပိုင်ခဲ့သောလယ်ယာမြေအားလုံးကို သင့်အား ပြန်ပေးအပ်မည်။ သင်သည် ငါ့စားပွဲတွင် အမြဲစားသောက်ရမည်”ဟု ဆိုလျှင်
ထိုအခါ ဧလိရှဲက မိမိငယ်သားအား “ထိုအမျိုးသမီးကိုပြောလော့။ သင်သည် ဤမျှလောက် ငါတို့ကိုဂရုတစိုက်ပြုစု၏။ ငါတို့က သင့်အဖို့ မည်သို့ပြုပေးရမည်နည်း။ ရှင်ဘုရင်ထံဖြစ်စေ၊ စစ်သူကြီးထံဖြစ်စေ လျှောက်တင်ပေးစရာ တစ်စုံတစ်ခုရှိသလော”ဟု မေးစေလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်သည် အကျွန်ုပ်လူမျိုးများနှင့်အတူ နေရသည်ဖြစ်၍ လိုလေသေးမရှိပါ”ဟု ပြန်လျှောက်၏။
ထို့နောက်တွင် အမ္မုန်အမျိုးသားတို့၏ဘုရင်နာဟတ်မင်းကြီး အနိစ္စရောက်၍ သားတော်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၏။
အမ္မုန်အမျိုးသားအကြီးအကဲတို့က ဟာနုန်မင်းကြီးအား “ဒါဝိဒ်မင်းကြီးသည် အရှင့်ခမည်းတော်ကို ရိုသေလေးစားသဖြင့် အရှင့်ထံ နှစ်သိမ့်သူများကိုစေလွှတ်သည်ဟု အရှင်ထင်သလော။ ထိုသို့မဟုတ်။ အရှင့်ထံသို့ ဒါဝိဒ်မင်းကြီး၏မင်းမှုထမ်းတို့ရောက်လာခြင်းမှာ တိုင်းပြည်ကို စူးစမ်းထောက်လှမ်း၍ တိုက်ခိုက်မှောက်လှန်ရန်သာ ဖြစ်သည်”ဟု လျှောက်တင်ကြ၏။
ထိုနေ့၌ မောရှေ၏ပညတ္တိကျမ်းကိုလူတို့ ကြားသိအောင် ဖတ်ပြရာတွင် “အမ္မုန်လူမျိုးနှင့် မောဘလူမျိုးတို့သည် ဘုရားသခင်၏လူမျိုးတော်စာရင်းတွင် ဘယ်သောအခါမျှဝင်ခွင့်မရှိစေရ”ဟု ရေးသားထားသည်ကို တွေ့ရှိရ၏။
သူ့အနားရှိ အမ္မုန်လူမျိုးတောဘိကလည်း “သူတို့တည်ဆောက်နေသောကျောက်မြို့ရိုးသည် မြေခွေးခုန်တက်ရုံမျှနှင့်ပင် ပြိုသွားလိမ့်မည်”ဟု ဆို၏။
ဂျေရုဆလင်မြို့ရိုးကို ဆက်၍ပြုပြင်နေကြောင်း၊ ပြိုပျက်ရာများကို စ၍ဖာထေးနေကြောင်းကို သမ္ဘာလတ်၊ တောဘိမှစ၍ အာရပ်လူမျိုး၊ အမ္မုန်လူမျိုး၊ အာဇုတ်လူမျိုးတို့ကြားသိလျှင် အမျက်ခြောင်းခြောင်းထွက်လေ၏။
ထို့ကြောင့် ရှင်ဘုရင်က “မော်ဒကဲ ဤသို့ပြုပေးသည်ကို သူ့အား မည်သည့်ဘွဲ့ထူးဖြင့် ဂုဏ်ပြုခဲ့သနည်း”ဟု မေးရာ မိမိထံပါး၌ခစားသောမင်းလုလင်တို့က “သူ့ကို မည်သည့်အရာမျှ မပြုပေးခဲ့ပါ”ဟု ပြန်လျှောက်ကြ၏။
သို့သော် ထိုမြို့၌ ပညာရှိသည့်ဆင်းရဲသောသူတစ်ယောက်ရှိ၍ သူသည် မိမိ၏ဉာဏ်ပညာအားဖြင့် ထိုမြို့ကိုကယ်တင်၏။ သို့ရာတွင် ထိုဆင်းရဲသောသူကို မည်သူမျှအောက်မေ့ခြင်းမရှိကြ။
များစွာသောဂျူးလူမျိုးတို့သည် မာသနှင့်မာရိတို့ကို သူတို့၏မောင်အတွက်နှစ်သိမ့်ရန် သူတို့ထံသို့ရောက်နေကြ၏။
ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်လျှင် သူ၏မိတ်ဆွေ ယုဒသက်ကြီးဝါကြီးတို့အား “ကြည့်ရှုလော့။ ထာဝရဘုရား၏ရန်သူတို့ထံမှ တိုက်ရာပါပစ္စည်းများကို သင်တို့အဖို့ လက်ဆောင်ပေးလိုက်ပါ၏”ဟု ဆို၍ တိုက်ရာပါပစ္စည်းများကို ပေးလိုက်လေ၏။