နေဟမိ 13:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထိုနေ့၌ မောရှေ၏ပညတ္တိကျမ်းကိုလူတို့ ကြားသိအောင် ဖတ်ပြရာတွင် “အမ္မုန်လူမျိုးနှင့် မောဘလူမျိုးတို့သည် ဘုရားသခင်၏လူမျိုးတော်စာရင်းတွင် ဘယ်သောအခါမျှဝင်ခွင့်မရှိစေရ”ဟု ရေးသားထားသည်ကို တွေ့ရှိရ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ထိုနေ့၌မောရှေ၏ပညတ်ကျမ်းကိုလူများ ရှေ့မှာဖတ်ရွတ်ကြရာ``အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့အားဘုရားသခင် ၏လူမျိုးတော်ထဲတွင်အဘယ်အခါ၌မျှ ပါဝင်ခွင့်မပြုရ'' ဟူသောကျမ်းပိုဒ်သို့ ရောက်ရှိလာလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible1-2 ထို ကာ လ၊ မော ရှေ၏ ပ ည တ္တိ ကျမ်း ကို လူ ပ ရိ သတ် ရှေ့ ဖတ် ရွတ် သော အ ခါ၊ အ မ္မုန် အ မျိုး၊ မော ဘ အ မျိုး သား တို့ သည်၊ ဣ သ ရေ လ အ မျိုး သား တို့ အား၊ အ စား အ သောက် နှင့် မ ကြို ဆို ဘဲ၊ ငါ တို့ ဘု ရား သ ခင် မင်္ဂ လာ ဖြစ် စေ တော် မူ သော အ မင်္ဂ လာ ပေး စေ ရန်၊ ဗာ လံ ကို ငှား သော ကြောင့်၊ အ ခါ ခပ် သိမ်း ဘု ရား သ ခင့် ပ ရိ သတ် တော်၌ မ ပါ မ ဝင် ရ ဟူ သော ကျမ်း ချက် ကို တွေ့ ရှိ ကြား သိ ကြ လျှင်။ အခန်းကိုကြည့်ပါ။Judson Bible1 ထိုနေ့ရက်ကာလ၌ မောရှေ၏ပညတ္တိကျမ်းစာကို လူများရှေ့မှာ ဖတ်ရွတ်သောအခါ၊ အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားသည် ဘုရားသခင်၏ ပရိသတ်တော်ထဲသို့ ဝင်ရသောအခွင့် အစဉ်မရှိဟု တွေ့ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယုဒအမျိုးသားအားလုံးနှင့် ဂျေရုဆလင်မြို့သားအားလုံး၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များမှစ၍ ပြည်သူပြည်သားလူကြီးလူငယ်တစ်ယောက်မကျန် ရှင်ဘုရင်နှင့်အတူ ထာဝရဘုရား၏အိမ်တော်သို့ သွားကြ၏။ ရှင်ဘုရင်သည် ထာဝရဘုရားအိမ်တော်တွင် တွေ့ခဲ့သောပဋိညာဉ်ကျမ်းစကားအလုံးစုံကို သူတို့ကြားသိအောင် ဖတ်ပြလေ၏။