Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 4:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဂျေရုဆလင်​မြို့ရိုး​ကို ဆက်​၍​ပြုပြင်​နေ​ကြောင်း​၊ ပြိုပျက်​ရာ​များ​ကို စ​၍​ဖာထေး​နေ​ကြောင်း​ကို သမ္ဘာလတ်​၊ တောဘိ​မှစ၍ အာရပ်​လူမျိုး​၊ အမ္မုန်​လူမျိုး​၊ အာဇုတ်​လူမျိုး​တို့​ကြားသိ​လျှင် အမျက်​ခြောင်းခြောင်း​ထွက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သမ္ဘာ​လတ်၊ တော​ဘိ​တို့​မှ​စ​၍၊ အာ​ရပ်၊ အမ္မုန်၊ အာ​ဇုတ်​အ​မျိုး​သား​များ​သည်​ယေ​ရု​ရှ​လင် မြို့​ကို​ပြန်​လည်​တည်​ဆောက်​မှု​တိုး​တက်​လျက် ရှိ​ကြောင်း၊ မြို့​ရိုး​ပြို​ပျက်​နေ​သည့်​နေ​ရာ​များ ကို​ဖာ​ထေး​လျက်​ရှိ​ကြောင်း​ကို​ကြား​သိ ကြ​သ​ဖြင့်​လွန်​စွာ​အ​မျက်​ထွက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ယေ ရု ရှ လင် မြို့ ရိုး ပြု ပြင် ခြင်း၊ အက် ကွဲ ရာ များ ထေး ဖာ ခြင်း ကိ စ္စ ပြု ကြ သည် ကို၊ သ မ္ဘာ လတ်၊ တော ဘိ တို့ မှ စ၍၊ အာ ရပ်၊ အမ္မုန်၊ အာ ဇုတ် လူ မျိုး တို့ ကြား သိ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ယေ​ရု​ရှ​လင်​မြို့​ရိုး​မြင့်၍ ပြို​ပျက်​ရာ​တို့​ကို ပြင်​စ​ပြု​ကြ​သည်​ဟု သ​မ္ဘာ​လတ်​နှင့် တော​ဘိ​အ​စ​ရှိ​သော အာ​ရပ်​လူ၊ အ​မ္မုန်​လူ၊ အာ​ဇုတ်​လူ​တို့​သည် ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​စိတ်​ရှိ​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 4:7
29 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင်​နှင့်​မိန်းမ​ကို​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကို​လည်းကောင်း ရန်ငြိုး​ဖွဲ့​စေ​မည်​။ သူ​သည် သင်​၏​ခေါင်း​ကို​ကြိတ်​လိမ့်မည်​။ သင်​သည်​လည်း သူ​၏​ဖနောင့်​ကို​ကြိတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ယောယကိမ်​မင်းကြီး​ကို​တိုက်ခိုက်​ဖို့ ထာဝရဘုရား​သည် ခါလဒဲ​တပ်​များ​၊ ဆီးရီးယား​တပ်​များ​၊ မောဘ​တပ်​များ​နှင့် အမ္မုန်​တပ်​များ​ကို စေလွှတ်​တော်မူ​၏​။ မိမိ​အစေအပါး ပရောဖက်​တို့​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သော​စကား​တော်​အတိုင်း ယုဒ​ပြည်​ကို​ဖျက်ဆီး​ဖို့ ထို​တပ်​များ​ကို​စေလွှတ်​တော်မူ​၏​။


ထို့နောက်တွင် မောဘ​အမျိုးသား​၊ အမ္မုန်​အမျိုးသား​တို့​နှင့်အတူ မဟုနိမ်​လူမျိုး​အချို့​တို့​သည် ယောရှဖတ်​မင်းကြီး​ကို တိုက်ခိုက်​ရန်​ချီလာ​ကြ​၏​။


အကျွန်ုပ်​တို့​သည် ယုဒ​ပြည်​ရှိ ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​၏​အိမ်​တော်​သို့ ရောက်​ခဲ့​ကြောင်း​၊ ထို​အိမ်​တော်​ကို ကျောက်တုံး​ကြီး​များ​နှင့်​ဆောက်​ထား​ပြီး နံရံ​တွင်​သစ်သား​များ​ထည့်​ထား​ကြောင်း​၊ သူ​တို့​သည် အားကြိုးမာန်တက်​လုပ်ဆောင်​သဖြင့် သူ​တို့​၏​အလုပ်​သည် အထမြောက်​အောင်မြင်​လျက်​ရှိ​ကြောင်း​ကို အရှင်မင်းကြီး​အား သိ​စေ​ပါ​၏​။


အစ္စရေး​အမျိုးသား​တို့​၏​ကောင်းကျိုး​ကို ပြုစု​ပေး​မည့်​သူ​တစ်ဦး ရောက်လာ​ကြောင်း ဟောရနိ​လူမျိုး သမ္ဘာလတ်​နှင့် အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​တို့ ကြားသိ​လျှင် အကြီးအကျယ်​စိတ်အနှောင့်အယှက်​ဖြစ်​လေ​၏​။


ထို​အကြောင်း​ကို ဟောရနိ​လူမျိုး​သမ္ဘာလတ်​၊ အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​နှင့် အာရပ်​လူမျိုး​ဂေရှင်​တို့ ကြား​သောအခါ သူ​တို့​သည် ငါ​တို့​ကို ပြက်ရယ်ပြု​လှောင်ပြောင်​ကာ “​သင်​တို့ မည်သည့်​အမှု​ကို​ပြု​ကြ​သနည်း​။ ရှင်ဘုရင်​ကို ပုန်ကန်​ကြ​ပြီ​လော​”​ဟု ဆို​ကြ​၏​။


ငါ​တို့​သည် မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ကြောင်း သမ္ဘာလတ်​ကြားသိ​လျှင် အမျက်​ခြောင်းခြောင်း​ထွက်​လျက် ဂျူး​လူမျိုး​တို့​အား ကဲ့ရဲ့လှောင်ပြောင်​ကာ


မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ရာ​တွင် တည်ဆောက်​သူ​တို့​သည် စိတ်အားထက်သန်​စွာ​လုပ်ဆောင်​သောကြောင့် မြို့ရိုး​တစ်ခုလုံး​အမြင့် တစ်ဝက်​တိုင်အောင် ပြီးစီး​လေ​၏​။


ထို့ကြောင့် သူ​တို့​သည် ဂျေရုဆလင်​မြို့​ကို လာတိုက်​ရန်​နှင့် အနှောင့်အယှက်​ပေး​ရန် ပူးပေါင်း​ကြံစည်​ကြ​၏​။


ထို​အကြောင်း​ကို ရန်သူ​တို့​ကြား​၍ ငါ​တို့​ဝန်းကျင်​ရှိ​လူမျိုးခြား​တို့ မြင်​သောအခါ အလွန်အမင်း​မျက်စိ​မျက်နှာပျက်​လေ​၏​။ အကြောင်းမှာ ဤ​အမှု​ကို ငါ​တို့​ဘုရားသခင် ပြု​တော်မူ​ကြောင်း သူ​တို့ ကောင်းကောင်း​သိမြင်​ကြ​၏​။


အီဂျစ်​ပြည်​ရှိ​လူမျိုးခြား​များ​အားလုံး​၊ ဥဇ​ပြည်​ရှိ​ဘုရင်​အားလုံး​၊ ဖိလိတ္တိ​ပြည်​ရှိ​ဘုရင်​အားလုံး​၊ အာရှကေလုန်​ပြည်သား​များ​၊ ဂါဇ​ပြည်သား​များ​၊ ဧကြုန်​ပြည်သား​များ​၊ ကြွင်းကျန်​သော အာဇုတ်​ပြည်သား​များ​၊


ဣရှမေလ​သည် မိဇပါ​မြို့​တွင် ကြွင်းကျန်​သော​သူ​အားလုံး​ကို ဖမ်းသွား​၏​။ ဖမ်းသွား​သော​သူ​တို့​တွင် အဟိကံ​၏​သား​ဂေဒလိ​ထံ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​အပ်ထား​ခဲ့​သော ဘုရင့်​သမီး​တော်​များ​နှင့် မိဇပါ​မြို့​တွင် ကြွင်းကျန်​သော​သူ​အားလုံး​တို့​ပါ​ကြ​၏​။ နေသနိ​၏​သား​ဣရှမေလ​သည် သူ​တို့​ကို သုံ့ပန်း​အဖြစ် အမ္မုန်​အမျိုးသား​တို့​ပြည်​သို့ ခေါ်ဆောင်​သွား​၏​။


တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အမ္မုန်​အမျိုးသား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် နယ်မြေ​ချဲ့ထွင်​ရာ​၌ ဂိလဒ်​ပြည်​ရှိ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​ကို ခွဲပစ်​ကြ​၏​။


အာဇုတ်​မြို့သား​များ​နှင့် အာရှကေလုန်​မြို့​မှ ရာဇလှံတံ​စွဲကိုင်​သူ​ကို ဖယ်ရှား​ပစ်​မည်​။ ကြွင်းကျန်ရစ်​သော​ဖိလိတ္တိ​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဧကြုန်​မြို့​ကို ငါ​ကိုယ်တိုင် ဖျက်ဆီး​ပစ်​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


အာဇုတ်​မြို့​ခံတပ်​များ​နှင့် အီဂျစ်​ပြည်​ခံတပ်​များ​တွင် ကြွေးကြော်​လော့​။ “ရှမာရိ​တောင်​ပေါ်မှာ စုဝေး​၍ မြို့​ထဲ​တွင် ဝရုန်းသုန်းကားမှု​ကြီး​ဖြစ်​နေ​သည်​ကို​၊ ညှဉ်းပန်းနှိပ်စက်မှု​ဖြစ်​နေ​သည်​ကို ကြည့်​ကြ​လော့​။


သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် ပြင်းစွာ​အမျက်ထွက်​လျက် တမန်တော်​တို့​ကို​သတ်​ရန် ကြံရွယ်​ကြ​၏။


ထိုအခါ နဂါး​သည် ထို​အမျိုးသမီး​အပေါ်​အမျက်ထွက်​၍ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို စောင့်ထိန်း​သော​သူ​များ​နှင့် ယေရှု​နှင့်ဆိုင်သည့်​သက်သေခံ​ချက်​ကို​ရရှိ​ထား​သော​သူ​များ​ဖြစ်​ကြ​သည့် ထို​အမျိုးသမီး​၏​အမျိုးအနွယ်​ထဲမှ ကျန်ရှိ​သော​သူ​တို့​နှင့်​စစ်တိုက်​ရန် ထွက်သွား​ပြီး


သို့သော် အမ္မုန်​လူမျိုး​နာဟတ်​က သူ​တို့​အား “​သင်​တို့​အားလုံး​၏​ညာဘက်​မျက်လုံး​ကို ဖောက်ထုတ်​ပြီး အစ္စရေး​တစ်မျိုးသားလုံး​ကို ကဲ့ရဲ့ရှုတ်ချ​ရ​မှသာ သင်​တို့​နှင့် ငါ​မဟာမိတ်​ဖွဲ့​မည်​”​ဟု ပြန်ပြော​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ