Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 19:2 - Common Language Bible

2 ဒါ​ဝိဒ်​က``ဟာ​နုန်​၏​အ​ဖ​နာ​ဟတ်​သည်​သစ္စာ ရှိ​သော​မိတ်​ဆွေ​ဖြစ်​ကြောင်း ငါ့​အား​ပြ​သ​ခဲ့ သည့်​နည်း​တူ​ငါ​သည်​လည်း​ဟာနုန်​အား​ပြ​သ ရ​ပေ​မည်'' ဟု​ဆို​လျက်​သူ​၏​ထံ​သို့​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို​စေ​တ​မန်​များ နှင့်​ပေး​ပို့​တော်​မူ​လိုက်​၏။ ထို​သူ​တို့​အမ္မုန်​ပြည်​သို့​ရောက်​ရှိ​ကြ​သော အ​ခါ ဟာ​နုန်​မင်း​၏​ရှေ့​သို့​ဝင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ဒါ ဝိဒ် မင်း က ငါ့ အား ဟာ နုန့် ခ မည်း တော် နာ ဟတ် မင်း ကျေး ဇူး ပြု ဘူး သော ကြောင့် သား တော် ကို ကျေး ဇူး ပြု ထိုက် ပေ သည် ဟု အောက် မေ့ လျက် ခ မည်း တော့် အ တွက် နှစ် သိမ့် စေ ရန် ရာ ဇ သံ တို့ ကို စေ လွှတ် လေ၏။ နှစ် သိမ့် စေ မည့် အ ကြံ နှင့် အ မ္မုန် ပြည်၊ ဟာ နုန် မင်း ထံ ရောက် ကြ သော အ ခါ အ မ္မုန် မှူး မတ် တို့ က၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ဒါ​ဝိဒ်​က​လည်း၊ ဟာ​နုန်​အ​ဘ နာ​ဟတ်​သည် ငါ့​အား ကျေး​ဇူး​ပြု​သော​ကြောင့်၊ သူ၏​သား၌ ကျေး​ဇူး​ပြု​မည်​ဟု​ဆို​လျက်၊ သူ၏​အ​ဘ​သေ​ရာ​တွင် နှစ်​သိမ့်​စေ​ခြင်း​ငှာ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်၏​ကျွန်​တို့​သည် ဟာ​နုန်​မင်း​ကို နှစ်​သိမ့်​စေ​ခြင်း​ငှာ သူ​ရှိ​ရာ​အ​မ္မုန်​ပြည်​သို့ ရောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဒါဝိဒ်​မင်းကြီး​က​လည်း “​ဟာနုန်​၏​ခမည်းတော် နာဟတ်​မင်းကြီး​သည် ငါ့​အား မေတ္တာ​ပြ​ခဲ့​ဖူး​သည်​ဖြစ်၍ ငါ​သည်​လည်း ယခု နာဟတ်​သား​ဟာနုန်​အား မေတ္တာကရုဏာ​ပြ​ရ​မည်​”​ဟု တွေး​လျက် ဒါဝိဒ်​မင်းကြီး​သည် ဟာနုန်​၏​ခမည်းတော်​အနိစ္စရောက်​သည်​ကို အကြောင်းပြု​၍ သူ့​ကို​နှစ်သိမ့်ပေး​ဖို့ မိမိ​အမှုထမ်း​တို့​ကို စေလွှတ်​လိုက်​၏​။ ဒါဝိဒ်​မင်းကြီး​၏​အစေအပါး​တို့​သည် ဟာနုန်​မင်းကြီး​ကို နှစ်သိမ့်​ဖို့ အမ္မုန်​အမျိုးသား​တို့​၏​ပြည်​သို့​ရောက်​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 19:2
14 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က``ရှော​လု​၏​မိ​သား​စု​ထဲ​မှ​ကျန်​ကြွင်း သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော။ ရှိ​ခဲ့ လျှင်​ငါ​သည်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက် သော​အား​ဖြင့်​သူ့​အား​ကျေး​ဇူး​ပြု​လို​သည်'' ဟု​မိန့်​တော်​မူ​၏။


ဒါ​ဝိဒ်​က​လည်း``မ​ကြောက်​နှင့်​ငါ​သည်​သင်​၏ ဖ​ခင်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက်​၍​သင့် အား​ကျေး​ဇူး​ပြု​မည်။ သင်​၏​အ​ဖိုး​ရှော​လု ပိုင်​ဆိုင်​ခဲ့​သည့်​မြေ​ယာ​မှန်​သ​မျှ​ကို​သင့် အား​ပြန်​၍​ပေး​မည်။ သင့်​အား​ငါ့​စား​ပွဲ တွင်​နေ့​စဉ်​စား​သောက်​ခွင့်​ကို​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။


ဂေ​ဟာ​ဇိ​အား``ဤ​အ​မျိုး​သ​မီး​သည် ငါ​တို့ အား​ဤ​မျှ​ဒုက္ခ​ခံ​၍​လုပ်​ကျွေး​ပြု​စု​သည့် အ​တွက် ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​တုံ့​ပြန် ရ​ပါ​မည်​နည်း။ သူ့​အား​မေး​ကြည့်​ပါ​လော့။ သူ​သည်​မိ​မိ​၏​အ​တွက်​ငါ့​အား​ဘု​ရင့်​ထံ တော်​သို့​သော်​လည်း​ကောင်း၊ တပ်​မ​တော်​ဗိုလ်​ချုပ် ထံ​သို့​သော်​လည်း​ကောင်း သွား​ရောက်​ပြော​ကြား ပေး​ရန်​အ​လို​ရှိ​ကောင်း​ရှိ​ပေ​လိမ့်​မည်'' ဟု ဆို​၏။ ထို​အ​ခါ​အ​မျိုး​သ​မီး​က``ကျွန်​မ​သည်​ဤ အ​ရပ်​တွင် ဆွေ​မျိုး​များ​နှင့်​နေ​ရ​သ​ဖြင့်​ကျွန်​မ မှာ​လို​လေ​သေး​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။


ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော အ​ခါ အမ္မုန်​ဘု​ရင်​နာ​ဟတ်​ကွယ်​လွန်​၍ သူ​၏​သား​ဟာ​နုန်​မင်း​ဖြစ်​လေ​၏။-


အမ္မုန်​အ​မျိုး​သား​ခေါင်း​ဆောင်​များ​က``ဒါ​ဝိဒ် သည်​အ​ရှင်​မင်း​ကြီး​၏​ခမည်း​တော်​ကို​ဂုဏ်​ပြု သည့်​အ​နေ​ဖြင့် ဤ​စေ​တ​မန်​များ​ကို​စေ​လွှတ် ၍​ဝမ်း​နည်း​ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို ပေး​ပို့​ခြင်း​ဖြစ်​သည်​ဟု​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ ဤ နိုင်​ငံ​ကို​ချင်း​နင်း​ဝင်​ရောက်​သိမ်း​ပိုက်​နိုင်​ရန် အ​ခြေ​အ​နေ​ကို​လေ့​လာ​စုံ​စမ်း​ရန် ထို​သူ တို့​အား​သူ​လျှို​များ​အ​ဖြစ်​ဖြင့်​စေ​လွှတ် လိုက်​ခြင်း​သာ​လျှင်​ဖြစ်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။


ထို​နေ့​၌​မော​ရှေ​၏​ပ​ညတ်​ကျမ်း​ကို​လူ​များ ရှေ့​မှာ​ဖတ်​ရွတ်​ကြ​ရာ``အမ္မုန်​အ​မျိုး​သား​နှင့် မော​ဘ​အ​မျိုး​သား​တို့​အား​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​ထဲ​တွင်​အ​ဘယ်​အ​ခါ​၌​မျှ ပါ​ဝင်​ခွင့်​မ​ပြု​ရ'' ဟူ​သော​ကျမ်း​ပိုဒ်​သို့ ရောက်​ရှိ​လာ​လေ​သည်။-


သူ့​အ​နီး​တွင်​ရပ်​လျက်​နေ​သော​တော​ဘိ​က``သူ တို့​သည်​အ​ဘယ်​သို့​သော​မြို့​ရိုး​ကို​တည်​ဆောက် နိုင်​ကြ​မည်​နည်း။ သူ​တို့​၏​မြို့​ရိုး​သည်​မြေ​ခွေး တိုး​မိ​လျှင်​ပြို​ကျ​လိမ့်​မည်'' ဟု​ထောက်​ခံ ပြော​ဆို​၏။


သမ္ဘာ​လတ်၊ တော​ဘိ​တို့​မှ​စ​၍၊ အာ​ရပ်၊ အမ္မုန်၊ အာ​ဇုတ်​အ​မျိုး​သား​များ​သည်​ယေ​ရု​ရှ​လင် မြို့​ကို​ပြန်​လည်​တည်​ဆောက်​မှု​တိုး​တက်​လျက် ရှိ​ကြောင်း၊ မြို့​ရိုး​ပြို​ပျက်​နေ​သည့်​နေ​ရာ​များ ကို​ဖာ​ထေး​လျက်​ရှိ​ကြောင်း​ကို​ကြား​သိ ကြ​သ​ဖြင့်​လွန်​စွာ​အ​မျက်​ထွက်​ကြ​၏။-


မင်း​ကြီး​က``ဤ​အ​မှု​အ​တွက်​မော်​ဒ​ကဲ​အား ငါ​တို့​အ​ဘယ်​သို့​ဂုဏ်​ပြု​ချီး​မြှင့်​ကာ​ဆု တော်​လာဘ်​တော်​များ​ပေး​ခဲ့​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ နန်း​တွင်း​အ​စေ​ခံ​များ​က``ထို​သူ​၏​အ​တွက် အ​ဘယ်​သို့​မျှ​မ​ပြု​ရ​သေး​ပါ'' ဟု​ပြန် လည်​လျှောက်​ထား​ကြ​၏။


ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတယောက် သည် မိမိပညာအားဖြင့် ထိုမြို့ကို ကယ်တင်၏။ သို့သော် လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှ မအောက်မေ့။


ယု​ဒ​အ​မျိုး​သား​အ​မြောက်​အ​မြား​ပင် မာ​ရိ​နှင့်​မာ​သ​တို့​၏​မောင်​သေ​ဆုံး​သော ကြောင့်​သူ​တို့​ကို​နှစ်​သိမ့်​ရန်​လာ​ရောက်​ကြ ၏။


ဒါ​ဝိဒ်​သည်​ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​သော​အ​ခါ တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့​တို့​ကို မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​သော​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​အ​မှာ​စာ​ရေး​၍​ပေး​ပို့​လိုက်​လေ သည်။ အ​မှာ​စာ​တွင်``ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ များ​ထံ​မှ​အ​ကျွန်ုပ်​ရ​ရှိ​ခဲ့​သည့်​တိုက်​ရာ​ပါ ပစ္စည်း​အ​ချို့​ကို​သင်​တို့​အ​တွက်​လက်​ဆောင် ပေး​ပို့​လိုက်​ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ