Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 4:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သူ့​အနား​ရှိ အမ္မုန်​လူမျိုး​တောဘိ​က​လည်း “​သူ​တို့​တည်ဆောက်​နေ​သော​ကျောက်​မြို့ရိုး​သည် မြေခွေး​ခုန်တက်​ရုံ​မျှ​နှင့်​ပင် ပြိုသွား​လိမ့်မည်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သူ့​အ​နီး​တွင်​ရပ်​လျက်​နေ​သော​တော​ဘိ​က``သူ တို့​သည်​အ​ဘယ်​သို့​သော​မြို့​ရိုး​ကို​တည်​ဆောက် နိုင်​ကြ​မည်​နည်း။ သူ​တို့​၏​မြို့​ရိုး​သည်​မြေ​ခွေး တိုး​မိ​လျှင်​ပြို​ကျ​လိမ့်​မည်'' ဟု​ထောက်​ခံ ပြော​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 အ နီး ရှိ အ မ္မုန် အ မျိုး တော ဘိ ယ က၊ သူ တို့ တည် သော မြို့ ရိုး ကို မြေ ခွေး ထိ သော် ပြို လိမ့် တ ကား ဟု၊ ထောက် ခံ ပြော ဆို လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သူ့​အ​နား​မှာ​ရှိ​သော အ​မ္မုန်​အ​မျိုး​သား တော​ဘိ​က​လည်း၊ သူ​တို့​တည်​သော ကျောက်​ရိုး​ကို တော​ခွေး​ထိ​ခိုက်​လျှင် ပြို​လဲ​လိမ့်​မည်​ဟု ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 4:3
8 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဗင်္ဟာဒဒ်​မင်းကြီး​သည် လူ​လွှတ်​ပြန်​၍ “​ရှမာရိ​မြေမှုန့်​သည် ငါ့​ခြေရင်း​၌​ခစား​သော​သူ​အားလုံး​အတွက် လက်တစ်ဆုပ်စာစီ​လောက်ငှ​မည်​ဆိုလျှင် ဘုရား​အများ​တို့​သည် ငါ့​ကို ထိုထက်မက ပြု​ပါစေသော​”​ဟု မှာလိုက်​၏​။


ထိုအခါ ဗင်္ဟာဒဒ်​မင်းကြီး​က “​ငြိမ်းချမ်းရေး​အတွက် လာ​သည်​ဖြစ်စေ​၊ စစ်တိုက်​ဖို့​အတွက် လာ​သည်​ဖြစ်စေ သူ​တို့​ကို အရှင်​ဖမ်းဆီး​ထား​ကြ​”​ဟု အမိန့်ပေး​၏​။


ယခု ငါ​၏​သခင်​အဆီးရီးယား​ဘုရင်​နှင့် လာ​၍​ညှိနှိုင်း​လော့​။ သင်​၌ မြင်းစီးသူရဲ အလုံအလောက်​ရှိ​လျှင် သင့်​ကို မြင်း​အကောင်​နှစ်ထောင် ငါ​ပေး​မည်​။


အစ္စရေး​အမျိုးသား​တို့​၏​ကောင်းကျိုး​ကို ပြုစု​ပေး​မည့်​သူ​တစ်ဦး ရောက်လာ​ကြောင်း ဟောရနိ​လူမျိုး သမ္ဘာလတ်​နှင့် အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​တို့ ကြားသိ​လျှင် အကြီးအကျယ်​စိတ်အနှောင့်အယှက်​ဖြစ်​လေ​၏​။


ထို​အကြောင်း​ကို ဟောရနိ​လူမျိုး​သမ္ဘာလတ်​၊ အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​နှင့် အာရပ်​လူမျိုး​ဂေရှင်​တို့ ကြား​သောအခါ သူ​တို့​သည် ငါ​တို့​ကို ပြက်ရယ်ပြု​လှောင်ပြောင်​ကာ “​သင်​တို့ မည်သည့်​အမှု​ကို​ပြု​ကြ​သနည်း​။ ရှင်ဘုရင်​ကို ပုန်ကန်​ကြ​ပြီ​လော​”​ဟု ဆို​ကြ​၏​။


ငါ​သည် မြို့ရိုး​ကို​အပေါက်​ရာ​ပင်​မ​ကျန်​အောင် ပြန်လည်​တည်ဆောက်​ပြီးစီး​ကြောင်း သမ္ဘာလတ်​၊ တောဘိ​၊ အာရပ်​လူမျိုး​ဂေရှင်​နှင့် အခြား​ရန်သူ​တို့ ကြားသိ​လေ​၏​။ ထို​အချိန်​က မြို့​တံခါး​များ​ပင် မ​တပ်ဆင်​ရ​သေး​ချေ​။


ဇိအုန်​တောင်​ပေါ်၌ လူသူကင်းမဲ့​သောကြောင့် တောခွေး​တို့ သွားလာ​နေ​ကြ​ပါ​၏​။


အမ္မုန်​လူမျိုး​၊ မောဘ​လူမျိုး​တို့​သည် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။ သူ​တို့​၏​မျိုးဆက် ဆယ်​ဆက်​တိုင်အောင် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ