ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
၁ ရာချုပ် 11:5 - မြန်မာ့စံမီသမ္မာကျမ်း ယေဗုတ်မြို့သားတို့က ဒါဝိဒ်မင်းကြီးအား “သင်သည် ဤမြို့ထဲသို့ မဝင်ရ”ဟု ဆို၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။ Common Language Bible ယေဗုသိမြို့သားတို့ကဒါဝိဒ်မင်းအား``သင် သည်ဤမြို့ထဲသို့အဘယ်အခါ၌မျှဝင်ရ လိမ့်မည်မဟုတ်'' ဟုဆိုကြ၏။ သိုရာတွင် ဒါဝိဒ်မင်းသည်သူတို့၏ဇိအုန်ခံတပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် ခံတပ်သည် ဒါဝိဒ်မြို့ဟူသောနာမည်ကိုရရှိလေသည်။- Garrad Bible ထို မြို့ သား တို့ က ဤ မြို့ သို့ သင် မ ဝင် ရ ဟု ကြိမ်း ပ ကြ သော် လည်း ဒါ ဝိဒ် မင်း သည် ဒါ ဝိဒ် မြို့ တော် တည်း ဟူ သော ဇိ အုန် ခံ မြို့ ကို သိမ်း ယူ လေ၏။ Judson Bible ယေဗုတ်မြို့သားတို့က၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။ |
ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏သေတ္တာတော်ကို မိမိနှင့်အတူ ဒါဝိဒ်မြို့သို့ သယ်ဆောင်သွားရန် ဆန္ဒမရှိသဖြင့် ဂိတ္တိလူမျိုးဩဗဒေဒုံ၏အိမ်သို့ သယ်ဆောင်သွား၏။
“ဘုရားသခင်၏သေတ္တာတော်ကြောင့် ဩဗဒေဒုံ၏အိမ်သူအိမ်သားတို့နှင့်တကွ သူပိုင်ဆိုင်သောအရာအားလုံးကို ထာဝရဘုရားကောင်းချီးပေးတော်မူပြီ”ဟု ဒါဝိဒ်မင်းကြီးအား ကြားပြောကြသောအခါ ဒါဝိဒ်မင်းကြီးသည် သွား၍ ဘုရားသခင်၏သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်စွာ သယ်ဆောင်လာလေ၏။
ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ရှောလမုန်မင်းကြီးရှိရာ ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။
တစ်ခါသော် ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ပြည်သားရင်းယေဗုသိလူမျိုးတို့နေထိုင်ရာ ယေဗုတ်ဟုခေါ်သောဂျေရုဆလင်မြို့သို့ ချီတက်ကြ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးကို ဦးစွာတိုက်ခိုက်နိုင်သူအား ဗိုလ်ချုပ်ကြီးရာထူးပေးမည်”ဟု မိန့်ဆိုလျှင် ဇေရုယာ၏သားယွာဘသည် ဦးစွာသွားတိုက်၏။ ထို့ကြောင့် သူသည် ဗိုလ်ချုပ်ကြီး ဖြစ်လာလေ၏။
ဒါဝိဒ်မင်းကြီးသည် ရဲတိုက်တွင်နေသည်ကိုအစွဲပြု၍ ထိုရဲတိုက်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆိုကြ၏။
ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။
အကြောင်းမူကား ထိုအရပ်၌ တရားစီရင်ရာပလ္လင်များတည်းဟူသော ဒါဝိဒ်အမျိုးအနွယ်၏ပလ္လင်များရှိ၏။
အကြောင်းမူကား ထာဝရဘုရားသည် ဇိအုန်ကိုရွေးချယ်ပြီး မိမိ၏ကိန်းဝပ်ရာအရပ် ဖြစ်စေရန် အလိုရှိတော်မူပြီ။
“ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
မြင့်မားတင့်တယ်၍ ကမ္ဘာမြေတစ်ခွင်လုံး၏ ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ မြောက်ဘက်စွန်းရှိဇိအုန်တောင်သည် ကြီးမြတ်သော ရှင်ဘုရင်၏မြို့တော်ဖြစ်၏။
ထာဝရဘုရားသည် ယာကုပ်အမျိုးနေထိုင်ရာ အရပ်အားလုံးတို့ထက် ဇိအုန်၏မြို့တံခါးတို့ကို ပို၍နှစ်သက်တော်မူ၏။
ဇိအုန်မြို့နှင့်ပတ်သက်၍မူကား “ဤသူသည် ဇိအုန်မြို့၌ မွေးဖွား၏။ ထိုသူသည် ဇိအုန်မြို့၌ မွေးဖွား၏”ဟု မြွက်ဆိုလိမ့်မည်။ အမြင့်ဆုံးသောအရှင်ကိုယ်တိုင်သည်လည်း ထိုမြို့ကို တည်မြဲစေတော်မူလိမ့်မည်။
ဇိအုန်၌စိုးစံတော်မူသောထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ပြုသောအမှုတို့ကို လူမျိုးတကာတို့အလယ်၌ ပြောကြားကြလော့။
ဤသည်ကား “ကြည့်ရှုလော့။ ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကိုယုံကြည်သောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသောဘုရားသခင်၏မြို့တော်တည်းဟူသော အထက်ကောင်းကင်အရပ်ရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့စုဝေးရာအခမ်းအနားသို့လည်းကောင်း၊
ထို့နောက် ငါကြည့်လိုက်ရာ သိုးသငယ်တော်သည် ဇိအုန်တောင်ပေါ်တွင်ရပ်နေ၏။ သိုးသငယ်တော်၏နာမနှင့် ခမည်းတော်၏နာမတို့ကို မိမိတို့နဖူး၌ရေးထားသောသူ တစ်သိန်းလေးသောင်းလေးထောင်တို့သည်လည်း သူနှင့်အတူရှိကြ၏။
သို့သော် ထိုသူသည် နောက်တစ်ညမနေလိုတော့သဖြင့် မြည်းနှစ်ကောင်ကို ကုန်းနှီးတင်ပြီးလျှင် မယားငယ်နှင့်တကွ ထွက်လာခဲ့ရာ ဂျေရုဆလင် ခေါ် ယေဗုတ်မြို့သို့ ဦးတည်၍ ခရီးထွက်လာခဲ့၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။
ထိုသို့ ခြင်္သေ့နှင့် ဝက်ဝံတို့ကို အရှင့်အစေအပါး သတ်ခဲ့ပါ၏။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားနေသည့် အရေဖျားလှီးခြင်းမခံသော ဤဖိလိတ္တိပြည်သားသည်လည်း ထိုအကောင်ထဲမှတစ်ကောင်ကဲ့သို့သာ ဖြစ်ပါသည်”ဟု လျှောက်တင်၏။