ဆာလံ 78:68 - မြန်မာ့စံမီသမ္မာကျမ်း68 ယုဒအမျိုးအနွယ်နှင့် မိမိချစ်တော်မူသောဇိအုန်တောင်ကို ရွေးချယ်တော်မူပြီး အခန်းကိုကြည့်ပါ။Common Language Bible68 သူတို့ကိုရွေးချယ်မည့်အစား၊ယုဒ အမျိုးအနွယ်ကိုလည်းကောင်း၊ ကိုယ်တော်လွန်စွာချစ်မြတ်နိုးသည့် ဇိအုန်တောင်တော်ကိုလည်းကောင်း ရွေးချယ်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible68 ယု ဒ အ နွယ် ကို လည်း ကောင်း၊ နှစ် သက် တော် မူ ရာ ဇိ အုန် တောင် ကို လည်း ကောင်း၊ ရွေး တော် မူ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible68 ယုဒအမျိုးကိုလည်းကောင်း၊ ချစ်တော်မူသော ဇိအုန်တောင်ကိုလည်းကောင်း ရွေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးတို့ကိုအစဉ်အမြဲအုပ်ချုပ်ရန်အတွက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ငါ့ဖခင်၏မိသားစုဝင်တစ်စုလုံးတွင် ငါ့ကို ရွေးချယ်တော်မူ၏။ ယုဒအမျိုးကို ခေါင်းဆောင်အဖြစ် ရွေးချယ်တော်မူ၏။ ယုဒအမျိုးအနွယ်ထဲမှ ငါ့ဖခင်၏မိသားစုကို ရွေးချယ်တော်မူ၏။ ငါ့ဖခင်၏သားများထဲမှ ငါ့ကို ရွေးချယ်တော်မူ၍ အစ္စရေးလူမျိုးတစ်မျိုးလုံးကို အုပ်ချုပ်သောဘုရင် ဖြစ်စေတော်မူ၏။