၁ ရာချုပ် 11:5 - Common Language Bible5 ယေဗုသိမြို့သားတို့ကဒါဝိဒ်မင်းအား``သင် သည်ဤမြို့ထဲသို့အဘယ်အခါ၌မျှဝင်ရ လိမ့်မည်မဟုတ်'' ဟုဆိုကြ၏။ သိုရာတွင် ဒါဝိဒ်မင်းသည်သူတို့၏ဇိအုန်ခံတပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် ခံတပ်သည် ဒါဝိဒ်မြို့ဟူသောနာမည်ကိုရရှိလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible5 ထို မြို့ သား တို့ က ဤ မြို့ သို့ သင် မ ဝင် ရ ဟု ကြိမ်း ပ ကြ သော် လည်း ဒါ ဝိဒ် မင်း သည် ဒါ ဝိဒ် မြို့ တော် တည်း ဟူ သော ဇိ အုန် ခံ မြို့ ကို သိမ်း ယူ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible5 ယေဗုတ်မြို့သားတို့က၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ယေဗုတ်မြို့သားတို့က ဒါဝိဒ်မင်းကြီးအား “သင်သည် ဤမြို့ထဲသို့ မဝင်ရ”ဟု ဆို၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်လေဝိအမျိုးသားသည်နောက်တစ် ညမနေလိုတော့သဖြင့် ကုန်းနှီးတင်ထား သည့်မြည်းနှစ်စီးပါလျက် မိမိမယားငယ် နှင့်အတူစတင်ခရီးထွက်လေ၏။ သူတို့ သည်ယေရုရှလင်မြို့တည်းဟူသောယေဗုတ် မြို့သို့ရောက်သောအခါ နေ့အချိန်ကုန်လွန် ခါနီးလေပြီ။ ထို့ကြောင့်အစေခံကမိမိ ၏သခင်အား``ယေဗုသိအမျိုးသားတို့ နေထိုင်ရာမြို့၌ပင်အကျွန်ုပ်တို့အိပ်ကြ ရအောင်'' ဟုပြော၏။
ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-