ဆာလံ 48:2 - မြန်မာ့စံမီသမ္မာကျမ်း2 မြင့်မားတင့်တယ်၍ ကမ္ဘာမြေတစ်ခွင်လုံး၏ ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ မြောက်ဘက်စွန်းရှိဇိအုန်တောင်သည် ကြီးမြတ်သော ရှင်ဘုရင်၏မြို့တော်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ဘုရားသခင်၏တောင်တော်ဖြစ်သည့် ဇိအုန်တောင်သည်မြင့်မား၍လှပတင့်တယ် ပါ၏။ မဟာမင်းမြတ်၏မြို့တော်သည်ကမ္ဘာသူ ကမ္ဘာသားတို့အားစိတ်ရွှင်လန်းစေပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 မ ဟာ မင်း မြတ် ၏ မြို့ တော်၊ မြောက် မျက် နှာ မှာ ရှိ သော ဇိ အုန် မြို့ တော် သည်၊ လှ ပ တင့် တယ် ၍၊ မြေ တစ် ပြင် လုံး နှစ် သိမ့် ဖွယ် သော နေ ရာ ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible2 မြေကြီးတစ်ပြင်လုံး ရွှင်လန်းရာ ဇိအုန်တောင်ထိပ်သည် အဆင်းလှပေ၏။ မြောက်မျက်နှာဘက်၌ မဟာမင်းကြီး၏ မြို့တော်သည် တည်၏။ အခန်းကိုကြည့်ပါ။ |
“သိုးအုပ်ထဲတွင် သိုးထီးရှိလျက်၊ ကတိသစ္စာလည်း ပြုလျက်နှင့်ပင် ဘုရားရှင်အား အနာအဆာရှိသောသိုးကိုပူဇော်သောသူသည် ကျိန်ခြင်းကို ခံသင့်၏။ အကြောင်းမူကား ငါသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။ ငါ့နာမသည်လည်း လူမျိုးတကာတို့တွင် ကြောက်ရွံ့ဖွယ်ဖြစ်၏”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။