၁ ရာ 17:36 - မြန်မာ့စံမီသမ္မာကျမ်း36 ထိုသို့ ခြင်္သေ့နှင့် ဝက်ဝံတို့ကို အရှင့်အစေအပါး သတ်ခဲ့ပါ၏။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားနေသည့် အရေဖျားလှီးခြင်းမခံသော ဤဖိလိတ္တိပြည်သားသည်လည်း ထိုအကောင်ထဲမှတစ်ကောင်ကဲ့သို့သာ ဖြစ်ပါသည်”ဟု လျှောက်တင်၏။ အခန်းကိုကြည့်ပါ။Common Language Bible36 အကျွန်ုပ်သည်ခြင်္သေ့နှင့်ဝက်ဝံတို့ကိုသတ်ခဲ့သူ ဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင်၏ တပ်မတော်ကိုအံတုသူ၊ ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားအားလည်းသတ်ဖြတ်နိုင်ပါသည်။- အခန်းကိုကြည့်ပါ။Garrad Bible36 ခြင်္သေ့ ကို လည်း ကောင်း၊ ဝံ ကို လည်း ကောင်း၊ ကျွန် တော် မျိုး ရိုက် နှက် ခဲ့ ပြီ။ လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သော ဤ ဖိ လိ တ္တိ သူ ရဲ သည် အ သက် ရှင် တော် မူ သော ဘု ရား သ ခင်၏ ဗိုလ် ထု ကို မ ထီ လေး စား ပြု သော ကြောင့် ထို သား ရဲ နှင့် အ တူ ဖြစ် ပါ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible36 ကိုယ်တော်ကျွန်သည် ခြင်္သေ့နှင့်ဝံနှစ်ကောင်လုံးကို သတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့်၊ ထိုအကောင်တစ်ကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။
ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ကြည့်လော့။ ငါ့သမီးအကြီးမေရပ်ကို သင်နှင့်ပေးစားမည်။ ငါ၏စစ်သူရဲအဖြစ်နေ၍ ထာဝရဘုရားအဖို့ တိုက်ပွဲဝင်ပါလော့”ဟု ဆို၏။ အကယ်စင်စစ် ရှောလုမင်းကြီးက “ငါ့လက်ချက်နှင့် သူမသေ။ ဖိလိတ္တိလူမျိုးတို့လက်ချက်ဖြင့် သေပါစေ”ဟု ကြံစည်ခြင်းဖြစ်၏။
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ထိုးသတ်ပြီး ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအား ကဲ့ရဲ့စော်ကားသောစာကိုလည်း ရေးသားသေး၏။ စာထဲတွင် “မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများသည် သူတို့လူမျိုးကို ငါ့လက်မှမကယ်နုတ်နိုင်။ ထိုနည်းတူ ဟေဇကိမင်းကြီး၏ဘုရားသခင်သည်လည်း သူ့လူမျိုးတော်ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်”ဟု ရေးသားထား၏။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။