Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 11:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 တစ်ခါသော် ဒါဝိဒ်​မင်းကြီး​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ပြည်သားရင်း​ယေဗုသိ​လူမျိုး​တို့​နေထိုင်​ရာ ယေဗုတ်​ဟု​ခေါ်​သော​ဂျေရုဆလင်​မြို့​သို့ ချီတက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ဒါ​ဝိဒ်​မင်း​နှင့်​ဣ​သ​ရေလ​အ​မျိုးသား အ​ပေါင်း​တို့သည်​ချီ​တက်​၍ ယေ​ရုရှ​လင် မြို့​ကို​တိုက်​ခိုက်​ကြ​၏။ ထို​စဉ်​အ​ခါ​က ယေ​ရု​ရှ​လင်​မြို့သည်​ယေ​ဗုတ်​မြို့ဟု​နာ​မည် တွင်​၏။ ထို​မြို့​တွင်​ပင်​ကိုယ်​ရှိ​ရင်း​စွဲ​ယေ​ဗု​သိ မြို့သား​တို့ပင်​လျှင်​နေ​ထိုင်​လျက်​ရှိ​သေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 တိုင်း ရင်း သား ဖြစ် သူ ယေ ဗု သိ လူ မျိုး တို့ နေ ရာ၊ ယေ ဗုတ် တည်း ဟူ သော ယေ ရု ရှ လင် မြို့ သို့ ဣ သ ရေ လ အလုံး အ ရင်း နှင့် တ ကွ ဒါ ဝိဒ် မင်း ကိုယ် တိုင် ချီ သွား လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 တစ်​ဖန် ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​ကို​ခေါ်၍၊ ပြည်​သား​ရင်း ယေ​ဗု​သိ​လူ​တို့​နေ​ရာ ယေ​ဗုတ်​မြို့​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 11:4
10 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် ယေဗုသိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊


အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​နှင့် ယေဗုသိ​လူမျိုး​တို့​၏​ပြည်​ဖြစ်​၏​”​ဟု မိန့်ဆို​၍ ပဋိညာဉ်​ပြု​လေ​၏​။


ယေဗုတ်​မြို့သား​တို့​က ဒါဝိဒ်​မင်းကြီး​အား “​သင်​သည် ဤ​မြို့​ထဲသို့ မ​ဝင်​ရ​”​ဟု ဆို​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​သည် ဒါဝိဒ်​မြို့ ဟု​ခေါ်တွင်​မည့် ဇိအုန်​ခံတပ်​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။


ငါ​သည် သင်​တို့​ကို သင်​တို့​ဖိစီးနှိပ်စက်​ခံရ​သော​အီဂျစ်​ပြည်​ထဲမှ ထုတ်ဆောင်​၍ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​၏​ပြည်​ဖြစ်​သော နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ ပို့ဆောင်​မည်​”​ဟူ၍ မိန့်​တော်မူ​သည်​’​ဟု ပြော​ရ​မည်​။


ယုဒ​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့​၌​နေထိုင်​သော​ယေဗုသိ​လူမျိုး​တို့​ကို နှင်ထုတ်​၍​မ​ရ​သဖြင့် ယနေ့​တိုင်အောင် ယေဗုသိ​လူမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။


တစ်ဖန် နယ်နိမိတ်​သည် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​မှ ဂျေရုဆလင် ခေါ် ယေဗုသိ​မြို့​တောင်ဘက်​ရှိ တောင်စောင်း​တစ်လျှောက် တက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ရေဖိမ်​ချိုင့်ဝှမ်း​၏​မြောက်ဘက်​အဆုံး​ရှိ ဟိန္နုံ​ချိုင့်ဝှမ်း​၏​အနောက်ဘက်​နှင့်​မျက်နှာချင်းဆိုင်​သော တောင်​ထိပ်​အထိ တက်သွား​၏​။


ဇေလ​မြို့​၊ ဧလပ်​မြို့​၊ ဂျေရုဆလင် ခေါ် ယေဗုသိ​မြို့​၊ ဂိဗာ​မြို့​၊ ကိရယတ်​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​လေး​မြို့​နှင့်​ရွာ​များ ပါ​၏​။ ဤသည်ကား ဗင်္ယာမိန်​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​အမွေမြေ​ဖြစ်​၏​။


ဗင်္ယာမိန်​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့သား ယေဗုသိ​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​သဖြင့် ယေဗုသိ​လူမျိုး​တို့​သည် ဗင်္ယာမိန်​အမျိုးသား​တို့​နှင့်အတူ ယနေ့​တိုင်အောင် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ