အစ္စရေးသည် သေရမည့်နေ့ရက်နီးသောအခါ မိမိသားယောသပ်အားခေါ်၍ “ယခု ငါသည် သင့်ရှေ့၌မျက်နှာရလျှင် သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီး ငါ့အားမေတ္တာကရုဏာပြ၍ သစ္စာပြုပါ။ အီဂျစ်ပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
၁ ရာ 26:10 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဒါဝိဒ်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ထာဝရဘုရားသည် သူ့ကို အမှန်ပင် ဒဏ်ခတ်တော်မူလိမ့်မည်။ သို့မဟုတ် သူသေရမည့်နေ့ ရောက်လျှင်လည်း ရောက်လာလိမ့်မည်။ စစ်သွားတိုက်၍ သူကျဆုံးလျှင်လည်း ကျဆုံးလိမ့်မည်။ Common Language Bible ထာဝရဘုရားကိုယ်တော်တိုင်ပင်လျှင်ရှောလု အား ဋ္ဌမ္မတာအလျောက်သေချိန်ရောက်သည့်အခါ ၌ဖြစ်စေ၊ စစ်ပွဲတွင်ကျဆုံးသောအခါ၌ဖြစ် စေဒဏ်စီရင်တော်မူမည်ဖြစ်ကြောင်း အသက် ရှင်တော်မူသောထာဝရဘုရားအားဖြင့် ငါသိ၏။- Garrad Bible ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း စု တေ့ ချိန် ရောက်၍ ဖြစ် စေ၊ စစ် ပွဲ၌ ကျ၍ ဖြစ် စေ၊ ထာ ဝ ရ ဘု ရား ဒဏ် စီ ရင် တော် မူ လိမ့် မည်။ Judson Bible တစ်ဖန် ဒါဝိဒ်က၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဒဏ်ခတ်တော်မူမည်။ သို့မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို့မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။ |
အစ္စရေးသည် သေရမည့်နေ့ရက်နီးသောအခါ မိမိသားယောသပ်အားခေါ်၍ “ယခု ငါသည် သင့်ရှေ့၌မျက်နှာရလျှင် သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီး ငါ့အားမေတ္တာကရုဏာပြ၍ သစ္စာပြုပါ။ အီဂျစ်ပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
လူသည် သေပြီးလျှင် ပြန်ရှင်နိုင်ပါဦးမည်လော။ ပင်ပန်းခြင်းဝန်ကိုထမ်းနေရသောကာလပတ်လုံး သက်သာရာရမည့်အချိန်ကို အကျွန်ုပ်စောင့်ဆိုင်းလျက်နေပါမည်။
လူ့သက်တမ်းသည် သတ်မှတ်ထားပြီးသားဖြစ်၏။ သူအသက်ရှင်ရမည့်လများသည် ကိုယ်တော့်ထံ၌ ရှိ၏။ သူမကျော်လွန်နိုင်သောအသက်အပိုင်းအခြားကို ကိုယ်တော်သတ်မှတ်ထားပြီးဖြစ်၏။
လူသည် မြေကြီးပေါ်တွင် ခက်ခဲပင်ပန်းစွာ လုပ်ကိုင်ကြရပါသည်တကား။ လူအသက်ရှင်သောနေ့ရက်တို့သည် သူရင်းငှား၏နေ့ရက်ကဲ့သို့ ဖြစ်ပါသည်တကား။
ခဏမျှကြာလျှင် ဆိုးယုတ်သောသူသည် ရှိတော့မည်မဟုတ်။ သင်သည် သူ၏နေရာကိုစေ့စေ့ရှာလျှင်လည်း သူသည်ရှိတော့မည်မဟုတ်။
သို့သော် သူ၏နေ့ရက်ရောက်လာတော့မည်ကို ဘုရားရှင်သည် သိမြင်တော်မူ၍ သူ့ကိုရယ်မောတော်မူ၏။
ကိုယ်တော်သည် သူတို့၏အပြစ်ဒုစရိုက်အတွက် သူတို့ကိုလက်တုံ့ပြန်၍ သူတို့၏မကောင်းမှုအတွက် သူတို့ကိုဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
မွေးဖွားရသောအချိန်နှင့် သေဆုံးရသောအချိန်ရှိ၏။ စိုက်ပျိုးရသောအချိန်နှင့် စိုက်ပျိုးထားသောအရာကို မြေလှန်ဖျက်ဆီးရသောအချိန်ရှိ၏။
ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။
ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်တုံ့မပြန်ဘဲ အမျက်တော်လက်သို့ အပ်နှံထားကြလော့။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟု ကျမ်းစာ၌ရေးထား၏။
ထို့နောက် ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်သေရမည့်အချိန်နီးပြီ။ ယောရှုအား ငါတာဝန်ပေးအပ်မည်ဖြစ်၍ သူ့ကိုခေါ်ပြီး တွေ့ဆုံစည်းဝေးရာတဲတော်၌ ရပ်နေကြလော့”ဟု မိန့်တော်မူ၏။ ထို့ကြောင့် မောရှေနှင့်ယောရှုတို့သွား၍ တွေ့ဆုံစည်းဝေးရာတဲတော်၌ရပ်နေကြ၏။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။
အကြောင်းမူကား “လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟူ၍လည်းကောင်း၊ “ထာဝရဘုရားသည် မိမိလူမျိုးတို့ကို တရားစီရင်တော်မူမည်”ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင်ကို ငါတို့သိကြ၏။
ထို့ကြောင့် သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်ရက်အတွင်း သူ့အပေါ်ကျရောက်ပြီး သူသည် မီးဖြင့်လောင်ကျွမ်းခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူ့ကိုစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားနှင့်ပြည့်စုံတော်မူ၏။
ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် စီရင်တော်မူပါစေသော။ ထာဝရဘုရားသည် အကျွန်ုပ်အဖို့ အရှင်မင်းကြီးကို လက်တုံ့ပြန်ပေးတော်မူပါစေသော။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။
ယခုမှာ ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် တရားသူကြီးအဖြစ် တရားစီရင်တော်မူပါစေသော။ ကိုယ်တော်သည် ကြည့်ရှု၍ အကျွန်ုပ်၏အမှုကို ဖြေရှင်းပေးတော်မူပါစေသော။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါစေသော”ဟု ဆိုလေ၏။
ယခုမှာ အကျွန်ုပ်၏သခင်၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သခင်လည်း အသက်ရှင်သည်နှင့်အညီ ထာဝရဘုရားသည် သခင့်လက်ကို လူသတ်ခြင်းဘေး၊ သခင်ကိုယ်တိုင် လက်စားချေခြင်းဘေးမှ ဆီးတားတော်မူပြီ။ သခင့်ရန်သူ၊ သခင့်ကို အန္တရာယ်ပြုရန် ကြံစည်သောသူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။
နာဗလ သေကြောင်း ဒါဝိဒ်ကြားသောအခါ “နာဗလကြောင့် ခံရသောစော်ကားခြင်းအမှုမှ ကာကွယ်ပေး၍ ကိုယ်တော်၏အစေအပါးကို အပြစ်မပြုမိစေရန် ဆီးတားပေးတော်မူသော ထာဝရဘုရားကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် နာဗလပြုခဲ့သောမကောင်းမှုကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်သည် အဘိဂဲလကို မယားအဖြစ်ယူရန် လူလွှတ်၍ တောင်းဆိုစေ၏။
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ထိုးသတ်ပြီး ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။
ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်၊ လက်နက်ကိုင်လုလင်နှင့် သူ့နောက်လိုက်အပေါင်းတို့သည် ထိုနေ့တစ်နေ့ချင်းတွင် အတူသေကြရလေ၏။