၁ ရာ 25:39 - မြန်မာ့စံမီသမ္မာကျမ်း39 နာဗလ သေကြောင်း ဒါဝိဒ်ကြားသောအခါ “နာဗလကြောင့် ခံရသောစော်ကားခြင်းအမှုမှ ကာကွယ်ပေး၍ ကိုယ်တော်၏အစေအပါးကို အပြစ်မပြုမိစေရန် ဆီးတားပေးတော်မူသော ထာဝရဘုရားကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် နာဗလပြုခဲ့သောမကောင်းမှုကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်သည် အဘိဂဲလကို မယားအဖြစ်ယူရန် လူလွှတ်၍ တောင်းဆိုစေ၏။ အခန်းကိုကြည့်ပါ။Common Language Bible39 ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible39 နာ ဗ လ သေ ကြောင်း ကြား သော်၊ ဒါ ဝိဒ် က၊ ကိုယ် တော့် ကျွန် လွန် ကျူး အံ့ သော ပြစ် မှု ကို ဖယ် ရှား လျက် နာ ဗ လ ကဲ့ ရဲ့ သော အ မှု ကို ချေ ပ တော် မူ သော ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ ပါ စေ သော။ ထာ ဝ ရ ဘု ရား သည် နာ ဗ လ၏ ဒု စ ရိုက် ကို ချင့် ဦး ထိပ် ထက် တုံ့ ပြန် တော် မူ ပြီ ဟု ဆို ပြီး မှ အ ဘိ ဂဲ လ ကို ကြင် ဘက် ပြု ရန် အောင် တ မန် များ ကို စေ လွှတ်၍ အခန်းကိုကြည့်ပါ။Judson Bible39 နာဗလသေကြောင်းကို ဒါဝိဒ်ကြားသောအခါ၊ ငါခံရသောကဲ့ရဲ့ခြင်းအမှုကို စောင့်၍ နာဗလလက်မှ နုတ်တော်မူ၍၊ ကိုယ်တော်ကျွန်ကို ဒုစရိုက်နှင့် ကင်းလွတ်စေတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် နာဗလပြုသော ဒုစရိုက်ကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေတော်မူပြီဟု ဆို၏။ တစ်ဖန် လူကိုစေလွှတ်၍ အဘိဂဲလနှင့် လက်ထပ်ခြင်းငှာ နှုတ်ဆက်လေ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည် မကောင်းသောအမှုတစ်စုံတစ်ခုကိုမျှ မပြုမည့်အကြောင်း ဘုရားသခင်ထံ ငါတို့ဆုတောင်းကြ၏။ ဤသို့ဆိုခြင်းမှာ စုံစမ်းစစ်ဆေးခြင်းကို ငါတို့အောင်မြင်ကြောင်းထင်ရှားစေရန်အတွက်မဟုတ်ဘဲ ငါတို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများကဲ့သို့ဖြစ်ကြလျှင်ပင် သင်တို့သည် ကောင်းသောအမှုကိုပြုနိုင်ရန်အတွက်ဖြစ်၏။