Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 7:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 လူ​သည် မြေကြီး​ပေါ်တွင် ခက်ခဲပင်ပန်း​စွာ လုပ်ကိုင်​ကြ​ရ​ပါ​သည်​တကား​။ လူ​အသက်ရှင်​သော​နေ့ရက်​တို့​သည် သူရင်းငှား​၏​နေ့ရက်​ကဲ့သို့ ဖြစ်​ပါ​သည်​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 လူ တို့ သည်၊ မြေ ကြီး ပေါ် တွင် လ မိုင်း သား ကဲ့ သို့၊ အ မှု ထမ်း ရ ကြ သည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ ပင်​ပန်း​စွာ​အ​မှု​ထမ်း​ရ​သည် မ​ဟုတ်​လော။ သူ​နေ​ရ​သော နေ့​ရက်​တို့​သည် အ​ငှား​ခံ​သော​သူ၏ နေ့​ရက်​ကဲ့​သို့ ဖြစ်​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 7:1
16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် အကျွန်ုပ်​နှင့်​ဆန့်ကျင်​သော​သက်သေ​များ​ကို တစ်​ခု​ပြီး​တစ်​ခု​ဖော်ပြ​တော်မူ​၏​။ အကျွန်ုပ်​ကို ပို၍​အမျက်ထွက်​တော်မူ​ပြီး အပြောင်းအလဲ​၊ အတိုက်အခိုက်​များ​နှင့်​လည်း ကြုံတွေ့​စေ​တော်မူ​၏​။


မိန်းမ​မှ​မွေး​လာ​သော​လူ​သည် အသက်တာ​တိုတောင်း​၍ ဆင်းရဲဒုက္ခ​များ​နှင့် ပြည့်နှက်​နေ​ပါ​၏​။


မီးပွား​တို့​သည် အထက်​သို့​လွင့်သွား​သကဲ့သို့ လူ​သည် အခက်အခဲ​ပြဿနာ​၌​ကျင်လည်​ရန် မွေးဖွား​လာ​၏​။


ကျွန်​သည် အရိပ်​ကို​တောင့်တ​မိ​သကဲ့သို့​၊ သူရင်းငှား​သည် လုပ်အားခ​ကို မျှော်နေ​ရ​သကဲ့သို့ ဖြစ်​ပါ​သည်​တကား​။


“​အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဘဝနိဂုံး​ကို​လည်းကောင်း​၊ အကျွန်ုပ်​အသက်တာ​၏​နေ့ရက်​ပမာဏ မည်မျှ​ရှိ​သည်​ကို​လည်းကောင်း အကျွန်ုပ်​အား​သိ​စေ​တော်မူ​ပါ​။ အကျွန်ုပ်​သည် အခိုက်အတန့်​မျှသာ တည်​ကြောင်း​ကို​လည်း သိ​စေ​တော်မူ​ပါ​။


လေ​ကို​တားဆီး​ရန် မည်သူ​မျှ​လေ​ကို​မ​ထိန်းချုပ်​နိုင်​သကဲ့သို့ သေ​ရ​မည့်​နေ့ရက်​အပေါ် အခွင့်အာဏာ​ရှိ​သော​သူ​မ​ရှိ​။ (စစ်ဖြစ်ချိန်​၌) စစ်ပွဲ​မှ​မည်သူ​မျှ​ထွက်ခွာ​ခွင့်​မ​ရှိ​သကဲ့သို့ ဆိုးယုတ်မှု​သည် ဆိုးယုတ်​သော​သူ​ကို လွတ်မြောက်​ခွင့်​ပေး​လိမ့်မည်​မ​ဟုတ်​။


တစ်ဖန် ထာဝရဘုရား​က “​သူရင်းငှား​၏​နှစ်ကာလ​အရ သုံး​နှစ်​အတွင်း မောဘ​ပြည်​၏​ဘုန်းအသရေ​သည် လူထု​ကြီး​နှင့်အတူ ရှုတ်ချ​ခြင်း​ခံရ​မည်​။ လူ​အနည်းငယ်​သာ​ကြွင်းကျန်​၍ အားနည်း​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ဘုရားရှင်​က ငါ့​အား “​သူရင်းငှား​၏​နှစ်ကာလ​အရ တစ်​နှစ်​အတွင်း​တွင် ကေဒါ​အမျိုး​၏​ဘုန်းအသရေ​အားလုံး ပျောက်ကွယ်​သွား​လိမ့်မည်​။


“​သင်​သည် ဟေဇကိ​မင်းကြီး​ထံသို့​သွား​၍ သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင်​၏​ဆုတောင်း​သံ​ကို ငါ​ကြား​ပြီ​။ သင်​၏​မျက်ရည်​ကို​လည်း ငါ​မြင်​ပြီ​။ ကြည့်ရှု​လော့​။ ငါ​သည် သင့်​အား တစ်ဆယ့်​ငါး​နှစ် ထပ်၍​အသက်ရှင်​စေ​မည်​။


“​စစ်ပွဲ ပြီးဆုံး​ပြီ​။ ထာဝရဘုရား​၏​လက်​တော်​မှ မိမိ​အပြစ်​အတွက် နှစ်ဆ​ခံယူ​ပြီး​ပြီ​ဖြစ်၍ အပြစ်​လည်း ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​”​ဟု ဂျေရုဆလင်​မြို့​အား ကြေညာ​ပြီး နှစ်သိမ့်​ပေး​လော့​။


သူ​သည် သူ့ကိုယ်သူ ရောင်း​သော​နှစ်​မှစ၍ မင်္ဂလာရတု​နှစ်​အထိ နှစ်ပေါင်း​ကို ဝယ်သူ​နှင့်အတူ ရေတွက်​ရ​မည်​။ သူ့ကိုယ်သူ​ရောင်း​သော​တန်ဖိုး​သည် ရေတွက်​သော​နှစ်​အလိုက်​ဖြစ်​ရ​မည်​။ ဝယ်​သူ​နှင့်​နေ​ရ​သော​ကာလ​သည် သူရင်းငှား​တစ်​ယောက်​နေ​ရ​သော​ကာလ​အတိုင်း ဖြစ်​ရ​မည်​။


ထို​သူ​သည် သူရင်းငှား​၏​လုပ်အားခ​နှစ်ဆ​ဖြင့် သင့်​ကို ခြောက်​နှစ်​ကျွန်ခံ​ခဲ့​ပြီ​ဖြစ်​သောကြောင့် သင်​သည် ထို​သူ​ကို လွတ်လပ်​သော​သူ​အဖြစ် သင့်​ထံမှ​ထွက်သွား​ခွင့်​ပြု​ရ​မည်​ကို ခက်ခဲ​သည်​ဟု မ​ထင်​နှင့်​။ ထိုသို့​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြု​လေရာရာ​၌ သင့်​ကို​ကောင်းချီးပေး​တော်မူ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ