၁ ရာ 24:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် စီရင်တော်မူပါစေသော။ ထာဝရဘုရားသည် အကျွန်ုပ်အဖို့ အရှင်မင်းကြီးကို လက်တုံ့ပြန်ပေးတော်မူပါစေသော။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။ အခန်းကိုကြည့်ပါ။Common Language Bible12 အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား ကြောင်းကို ထာဝရဘုရားဆုံးဖြတ်တော်မူ ပါစေသော။ အရှင်အကျွန်ုပ်အားပြုခဲ့သည့် အမှုအရာအတွက် ကိုယ်တော်သည်အရှင့် အားအပြစ်ဒဏ်ခတ်တော်မူပါစေသော။ အကျွန်ုပ်သည်အရှင်အားစိုးစဉ်းမျှ ဘေးအန္တရာယ်ပြုလိမ့်မည်မဟုတ်ပါ။- အခန်းကိုကြည့်ပါ။Garrad Bible12 ထာ ဝ ရ ဘု ရား သည် အ ရှင် နှင့် ကျွန် တော့် အ လယ် တွင် စီ ရင်၍ ပြစ် မှား သူ့ အ ပေါ် တွင် ဆပ် ပေး တော် မူ ပါ စေ သော။ ကျွန် တော် မူ ကား၊ လက် ရောက် ကျူး လွန် မည် မ ဟုတ် ပါ။ အခန်းကိုကြည့်ပါ။Judson Bible12 ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရားဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ စာရဲက အာဗြံအား “အကျွန်ုပ်ခံရသောမထီလေးစားပြုခြင်းအမှုသည် သခင့်အပေါ်ကျရောက်ပါစေ။ အကျွန်ုပ်၏ကျွန်မကို သခင့်ရင်ခွင်၌ အကျွန်ုပ်ပေးအပ်ခဲ့ပါသည်။ သို့သော် သူသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ အကျွန်ုပ်ကိုမထီလေးစားပြုပါသည်။ ထာဝရဘုရားသည် အကျွန်ုပ်နှင့်သခင့်ကြားတွင် တရားသဖြင့်စီရင်ပေးတော်မူပါစေသော”ဟု ဆိုလေ၏။
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။