ဒါဝိဒ်ကလည်း “ထာဝရဘုရား ဘိသိက်ပေးထားသောသူအား သင် ကိုယ်ထိလက်ရောက်သတ်ပစ်သည်ကို သင်မကြောက်သလော”ဟု သူ့အား ဆိုပြီး
၁ ရာ 24:11 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။ Common Language Bible အကျွန်ုပ်၏ခမည်းတော်၊ ဤမှာကြည့်တော် မူပါ။ အကျွန်ုပ်ကိုင်ထားသည့်အရှင့်ဝတ်လုံစ ကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည်အရှင့် အားသတ်ဖြတ်နိုင်ခွင့်ရရှိခဲ့သော်လည်း ဤ ဝတ်လုံစကိုသာလျှင်လှီးဖြတ်ခဲ့ပါ၏။ အရှင့် အားပုန်ကန်ရန်သော်လည်းကောင်း၊ ဘေးအန္တရာယ် ပြုရန်သော်လည်းကောင်း အကျွန်ုပ်မကြံရွယ် ကြောင်းကိုဤအချက်အားဖြင့် အရှင်မင်း ကြီးကောင်းစွာနားလည်သဘောပေါက်သင့် ပါ၏။ အကျွန်ုပ်သည်အရှင့်အားအဘယ်သို့ မျှမပြစ်မှားခဲ့သော်လည်း အရှင်သည် အကျွန်ုပ်ကိုသတ်ရန်လိုက်လံဖမ်းဆီး လျက်နေပါ၏။- Garrad Bible အို ခ မည်း တော် ကျွန် တော် လက် ဝယ် ရှိ သော ဝတ် လဲ တော် မြိတ် ကို ရှု ကြည့် တော် မူ ပါ။ ထို အ မြိတ် သာ ဖြတ် လျက် မ လုပ် ကြံ သည် ကို ထောက်၍ ကျွန် တော်၌ လက် ရောက် မှု၊ လွန် ကျူး မှု မ ရှိ ကြောင်း ကိုလည်း ကောင်း၊ ကျွန် တော့် အ သက် ကျော့ မိ ရန် အ ရှင် မင်း လိုက် ရှာ သော် လည်း၊ ကျွန် တော် ရန် တုံ့ မ မူ ကြောင်း ကိုလည်း ကောင်း၊ သိ မှတ် တော် မူ ပါ။ Judson Bible ထိုမှတစ်ပါး ကျွန်တော်အဘ ကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာ ပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ၊ လွန်ကျူးခြင်းအပြစ် မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှာ လိုက်၍ ရှာတော်မူပါသည်တကား။ |
ဒါဝိဒ်ကလည်း “ထာဝရဘုရား ဘိသိက်ပေးထားသောသူအား သင် ကိုယ်ထိလက်ရောက်သတ်ပစ်သည်ကို သင်မကြောက်သလော”ဟု သူ့အား ဆိုပြီး
ထိုအခါ သူ့ငယ်သားတို့က သူ့ထံသို့လာပြီး “အကျွန်ုပ်၏အဖ၊ ပရောဖက်က ခက်ခဲသောအရာကို လုပ်စေလျှင် လုပ်မည်မဟုတ်လော။ ယခု ‘ရေချိုးလျှင် သန့်ရှင်းသွားမည်’ဟု ဆိုသည်မှာ ပို၍ပင်လုပ်သင့်သည်မဟုတ်ပါလော”ဟု လျှောက်တင်၏။
ခေါင်းထောင်မိလျှင် ကိုယ်တော်သည် အကျွန်ုပ်ကိုခြင်္သေ့ကဲ့သို့လိုက်ဖမ်း၍ အကျွန်ုပ်အား ကြောက်မက်ဖွယ်အမှုကို ပြတော်မူဦးမည်။
အကြီးအကဲတို့သည် အကျွန်ုပ်ကိုအကြောင်းမဲ့ လိုက်လံညှဉ်းဆဲကြပါ၏။ သို့သော် အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ကြောက်ရွံ့ပါ၏။
သူတစ်ပါးကိုအသရေပျက်အောင် ပြောဆိုသောသူတို့သည် မြေကြီးပေါ်၌ တည်မြဲခြင်းမရှိကြပါစေနှင့်။ ဘေးအန္တရာယ်သည် ရက်စက်ကြမ်းကြုတ်သောသူကို လိုက်၍ နှိမ်နင်းဖျက်ဆီးပါစေသော။
အကြောင်းမူကား သူတို့သည် အကြောင်းမဲ့ အကျွန်ုပ်အတွက် ပိုက်ကွန်ကို လျှို့ဝှက်စွာထောင်ထားကြ၏။ အကြောင်းမဲ့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဖမ်းမိရန် တွင်းကိုတူးကြ၏။
အကြောင်းမူကား သူတို့သည် အကျွန်ုပ်၏အသက်ကိုသတ်ရန် ချောင်းမြောင်းကြပါ၏။ ခွန်အားကြီးသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ပူးပေါင်းကြံစည်ကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ကျူးလွန်သောအပြစ်ကြောင့် မဟုတ်ပါ။ အကျွန်ုပ်၏အပြစ်ကြောင့်လည်းမဟုတ်ပါ။
ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လိုက်၍မီပါစေ။ အကျွန်ုပ်၏အသက်ကို မြေပေါ်မှာနင်းချေပါစေ။ အကျွန်ုပ်၏ဘုန်းအသရေကိုလည်း မြေမှုန့်ထဲမှာချထားပါစေ။(စေလာ)
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
သူတို့သည် ငါတို့ကို ခြေရာခံလိုက်ကြသောကြောင့် လမ်းပေါ်၌ ငါတို့မသွားမလာနိုင်။ ငါတို့နိဂုံးချုပ်ချိန် နီးလာပြီ။ ငါတို့နိဂုံးချုပ်ချိန် ရောက်လာပြီဖြစ်၍ ငါတို့အသက်ရှင်ရသောနေ့ ကုန်ဆုံးလေပြီ။
သူတို့အား ဘုရားရှင်ထာဝရဘုရားက စိတ်ဝိညာဉ်ကို ထောင်ဖမ်းရန် အဆောင်လက်ပတ်ကြိုး ချုပ်လုပ်သောမိန်းမ၊ ခေါင်းခြုံပဝါအရွယ်အစားမျိုးစုံ ချုပ်လုပ်သောမိန်းမတို့သည် အမင်္ဂလာရှိ၏။ ငါ့လူမျိုးတော်၏စိတ်ဝိညာဉ်ကို ထောင်ဖမ်းပြီးမှ သင်တို့စိတ်ဝိညာဉ် ချမ်းသာရာရမည်ထင်သလော။
ဘုရားဝတ်၌မွေ့လျော်သောသူသည် မြေကြီးပေါ်မှ ပျောက်ကွယ်သွားလေပြီ။ လူတို့တွင် ဖြောင့်မှန်သောသူ တစ်ယောက်မျှမရှိ။ သူတို့အားလုံး လူ့အသက်သတ်ရန် ချောင်းမြောင်းနေကြ၏။ ညီအစ်ကိုအချင်းချင်းပင် ပိုက်ထောင်ဖမ်းကြ၏။
ဤသို့ဖြစ်ခြင်းမှာ သူတို့၏ပညတ်တရားကျမ်း၌ ‘ထိုသူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏’ဟု ရေးထားသောစကား ပြည့်စုံစေရန်ဖြစ်၏။
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။
ဒါဝိဒ်နှင့် သူ့လူတို့သည် ထသွား၍ ဖိလိတ္တိလူမျိုးအယောက်နှစ်ရာကိုသတ်လေ၏။ ထို့နောက် ဒါဝိဒ်သည် ထိုသူတို့၏ထိပ်ဖုံးအရေပြားကိုယူလာ၍ ဘုရင့်သမက်တော်ဖြစ်ရဖို့ ရှင်ဘုရင်အား အတိအကျဆက်သလေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် မိမိသမီး မိခါလကို ဒါဝိဒ်နှင့် ပေးစားလေ၏။
ဒါဝိဒ်သည် တောကန္တာရထဲရှိ ဥမင်လိုဏ်ခေါင်းများနှင့် ဇိဖတောကန္တာရရှိတောင်ပေါ်ဒေသတို့တွင် ပုန်းရှောင်နေထိုင်၏။ ရှောလုမင်းကြီးသည် နေ့စဉ်နှင့်အမျှ ဒါဝိဒ်ကို ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်ကို ရှောလုမင်းကြီးလက်သို့ အပ်တော်မမူ။
သူပုန်းခိုသောနေရာရှိသမျှတို့ကို စူးစမ်း၍ မှတ်သားထားပြီး ငါ့ကို အတိအကျပြန်လာပြောပြကြလော့။ ငါသည် သူရှိရာသို့ သင်တို့နှင့်အတူလိုက်သွားမည်။ ယုဒပြည်ရှိ ယုဒလူမျိုး အထောင်အသောင်းတို့ကြားတွင် ပုန်းနေလျှင်ပင် ရအောင်ရှာမည်”ဟု ဆို၏။
သခင့်ကျွန်မ၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သခင်သည် ထာဝရဘုရားအဖို့ စစ်တိုက်သောသူဖြစ်ပါ၏။ သခင်အသက်ရှင်သမျှကာလပတ်လုံး သခင်၌ မည်သည့်မကောင်းမှုကိုမျှ မတွေ့ရပါ။ သို့ဖြစ်၍ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အမျိုးအနွယ်ကို တည်မြဲစေတော်မူပါစေသော။
အကျွန်ုပ်၏သခင်၊ အဘယ်ကြောင့် သခင့်အစေအပါးနောက်သို့ လိုက်နေရပါသနည်း။ အကျွန်ုပ် မည်သို့ပြုမိပါသနည်း။ မည်သည့် အမှားပြုမိပါသနည်း။
ယခုမှာ ထာဝရဘုရားရှေ့တော်နှင့်ဝေးရာ၌ အကျွန်ုပ်ကို မသတ်ပါနှင့်။ အစ္စရေးဘုရင်သည် တောင်များပေါ်တွင် ခါငှက်ကိုလိုက်သကဲ့သို့ ခွေးလှေးတစ်ကောင်ကို ရှာထွက်လေပြီ”ဟု ပြန်အော်ပြော၏။
လူတို့ ဖြောင့်မတ်သည့်အတိုင်း၊ သစ္စာရှိသည့်အတိုင်း ထာဝရဘုရား ပြန်ပေးဆပ်တော်မူပါ၏။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးကို အကျွန်ုပ်လက်သို့အပ်တော်မူသော်လည်း ထာဝရဘုရား ဘိသိက်ပေးခြင်းကိုခံရသောသူအား အကျွန်ုပ် ကိုယ်ထိလက်ရောက်မပြုပါ။