ဆာလံ 119:161 - မြန်မာ့စံမီသမ္မာကျမ်း161 အကြီးအကဲတို့သည် အကျွန်ုပ်ကိုအကြောင်းမဲ့ လိုက်လံညှဉ်းဆဲကြပါ၏။ သို့သော် အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ကြောက်ရွံ့ပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible161 တန်ခိုးအာဏာရှိသူတို့သည်ကွန်တော်မျိုးအား မတရားနှိပ်စက်ညှဉ်းဆဲကြပါ၏။ သို့ရာတွင်ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ တရားတော်ကိုရိုသေလေးစားပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible161 မှူး မတ် တို့ သည် အ ကြောင်း မဲ့ ညှဉ်း ပန်း ကြ သော် လည်း၊ နှုတ် က ပတ် တော် ကြောင့် သာ အ ကျွန်ုပ် စိတ် ချောက် ခြား လျက် နေ ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible161 အစိုးရသောသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုညှဉ်းဆဲကြသော်လည်း၊ အကျွန်ုပ်စိတ်နှလုံးသည် စကားတော်ကို ကြောက်ရွံ့ပါ၏။ အခန်းကိုကြည့်ပါ။ |
ဤအိမ်၌ အကျွန်ုပ်ထက်ကြီးမြတ်သောသူမရှိပါ။ သခင်မသည် အကျွန်ုပ်သခင်၏မယားဖြစ်သောကြောင့် အကျွန်ုပ်၏သခင်သည် သခင်မမှတစ်ပါး မည်သည့်အရာကိုမျှအကျွန်ုပ်အား မဟန့်တားပါ။ သို့ဖြစ်၍ အကျွန်ုပ်သည် ဤမျှလောက်ကြီးမားသောမကောင်းမှုကိုပြု၍ ဘုရားသခင်ကို ပြစ်မှားရပါမည်လော”ဟု ဆိုလေ၏။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။