၄ ရာ 5:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထိုအခါ သူ့ငယ်သားတို့က သူ့ထံသို့လာပြီး “အကျွန်ုပ်၏အဖ၊ ပရောဖက်က ခက်ခဲသောအရာကို လုပ်စေလျှင် လုပ်မည်မဟုတ်လော။ ယခု ‘ရေချိုးလျှင် သန့်ရှင်းသွားမည်’ဟု ဆိုသည်မှာ ပို၍ပင်လုပ်သင့်သည်မဟုတ်ပါလော”ဟု လျှောက်တင်၏။ အခန်းကိုကြည့်ပါ။Common Language Bible13 သူ၏အစေခံတို့သည် သူ့ထံသို့ချဉ်းကပ်၍``အရှင်၊ အကယ်၍ပရောဖက်ကအရှင့်အားခက်ခဲသည့် အမှုတစ်စုံတစ်ခုကိုပြုလုပ်ခိုင်းပါက အရှင် နာခံမည်မဟုတ်ပါလော။ `ရေချိုး၍ရောဂါပျောက် ကင်းလော့' ဟုခိုင်းသည်ကိုပို၍နာခံသင့်သည် မဟုတ်ပါလော'' ဟုလျှောက်ထားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ထို အ ခါ၊ ကျွန် တို့ ချဉ်း ၍ အို အ ဘ၊ ကြီး လေး သော အ မှု ကို ဆောင် ရွက် ရန် ပ ရော ဖက် အ မိန့် ရှိ က၊ လိုက် နာ မည် မ ဟုတ် ပါ လော။ ရေ ချိုး၍ စင် ကြယ် သော့ ဟု စီ ရင် သည် မှာ သာ၍ နာ ခံ ထိုက် သည် မ ဟုတ် ပါ လော ဟု လျှောက် ကြ သော်၊ အခန်းကိုကြည့်ပါ။Judson Bible13 ကျွန်တို့သည် ချဉ်းလာ၍ အဘ၊ ခက်သောအမှုကိုပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည် မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက်လော့ဟုစီရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူသင့်ပါသည်တကားဟု လျှောက်ကြသော်၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ သူ့အမှုထမ်းတို့က “အစ္စရေးအမျိုးအနွယ်တို့၏ဘုရင်များသည် သနားတတ်သောဘုရင်များဖြစ်ကြောင်း ကြားဖူးပါ၏။ ယခု အကျွန်ုပ်တို့ခါးတွင် လျှော်တေအဝတ်ကိုပတ်၍ ခေါင်းတွင်လည်း ကြိုးကိုပတ်ပြီး အစ္စရေးဘုရင်ထံ အခစားဝင်ပါမည်။ မင်းကြီးကို အသက်ချမ်းသာပေးကောင်းပေးတော်မူမည်”ဟု လျှောက်တင်ကြ၏။
ထို့ကြောင့် ဟာဇေလသည် ဒမတ်စကပ်မြို့ထွက်အကောင်းဆုံးပစ္စည်းအမျိုးမျိုးကို ကုလားအုတ်အစီးလေးဆယ်ပေါ်တင်ပြီး လက်ဆောင်အဖြစ် ယူသွားကာ ဘုရားသခင်၏လူကို သွားတွေ့၏။ သူသည် ဘုရားသခင်၏လူထံ ရောက်သောအခါ ရှေ့မှောက်၌ ရပ်လျက် “အရှင့်သားဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးက ‘ဤဝေဒနာမှ ပြန်ကောင်းလာပါမည်လော’ဟူ၍ အကျွန်ုပ်အား မေးလျှောက်စေပါ၏”ဟု လျှောက်၏။
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။