၁ ရာ 18:27 - မြန်မာ့စံမီသမ္မာကျမ်း27 ဒါဝိဒ်နှင့် သူ့လူတို့သည် ထသွား၍ ဖိလိတ္တိလူမျိုးအယောက်နှစ်ရာကိုသတ်လေ၏။ ထို့နောက် ဒါဝိဒ်သည် ထိုသူတို့၏ထိပ်ဖုံးအရေပြားကိုယူလာ၍ ဘုရင့်သမက်တော်ဖြစ်ရဖို့ ရှင်ဘုရင်အား အတိအကျဆက်သလေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် မိမိသမီး မိခါလကို ဒါဝိဒ်နှင့် ပေးစားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ဒါဝိဒ်သည်မိမိ၏တပ်သားများနှင့်ထွက်သွား ပြီးလျှင်ဖိလိတ္တိအမျိုးသားနှစ်ရာကိုသတ် ဖြတ်၍ သမက်တော်ဖြစ်ရန်ထိုသူတို့၏အရေ ဖျားများကိုမင်းကြီးထံသို့ယူခဲ့ကာရေ တွက်၍ဆက်၏။ ထို့ကြောင့်ရှောလုသည်သမီး တော်မိခါလအားဒါဝိဒ်နှင့်ထိမ်းမြားစုံဖက် ပေးရလေတော့၏။ အခန်းကိုကြည့်ပါ။Garrad Bible27 လက် အောက် ရှိ စစ် သား တို့ ပါ ချီ ထွက် လျက် ဖိ လိ တ္တိ လူ နှစ် ရာ ကို လုပ် ကြံ ပြီး မှ အ ရေ ဖျား ဥဿုံ ကို သ မက် တော် ဖြစ် ရန် ဘု ရင် မင်း ထံ ဆက် သွင်း ကန် တော့ လျှင် ဘု ရင် မင်း လည်း သ မီး တော် မိ ခါ လ နှင့် ဆောင် နှင်း လေ၏။ အခန်းကိုကြည့်ပါ။Judson Bible27 မိမိလူတို့နှင့်အတူ သွားသဖြင့်၊ ဖိလိတ္တိလူနှစ်ရာတို့ကို သတ်ပြီးမှ၊ ရှင်ဘုရင်၏သမက်တော် ဖြစ်လိုသောငှာ၊ သူတို့အရေဖျားများကို ယူခဲ့၍၊ စုံလင်သောအရေအတွက်အားဖြင့် ရှင်ဘုရင်အား ဆက်လေ၏။ ရှောလုသည်လည်း သမီးတော်မိခါလကို ပေးစားရ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ် ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူသည် အာရှကေလုန်မြို့သို့ဆင်းသွား၍ မြို့သားအယောက်သုံးဆယ်ကိုရိုက်သတ်ကာ သူတို့၏အဝတ်အစားများကိုချွတ်ယူပြီး စကားထာအဖြေကို ပြောပြနိုင်သောသူတို့အား ပေးလေ၏။ ထို့နောက် သူသည် အမျက်ထွက်လျက် ဖခင်အိမ်သို့ပြန်သွားလေ၏။
ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ကြည့်လော့။ ငါ့သမီးအကြီးမေရပ်ကို သင်နှင့်ပေးစားမည်။ ငါ၏စစ်သူရဲအဖြစ်နေ၍ ထာဝရဘုရားအဖို့ တိုက်ပွဲဝင်ပါလော့”ဟု ဆို၏။ အကယ်စင်စစ် ရှောလုမင်းကြီးက “ငါ့လက်ချက်နှင့် သူမသေ။ ဖိလိတ္တိလူမျိုးတို့လက်ချက်ဖြင့် သေပါစေ”ဟု ကြံစည်ခြင်းဖြစ်၏။