အာမသကိုလည်း ‘သင်သည် ငါ့အရိုးအသား ဖြစ်သည်မဟုတ်လော။ ယွာဘအစား သင့်ကို အမြဲတမ်းစစ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ပြီ။ ထိုသို့မပြုလျှင် ဘုရားသခင်သည် ငါ့အား ထိုထက်မကပြုတော်မူပါစေသော’ဟူ၍ ပြောကြားလော့”ဟု မှာလိုက်လေ၏။
၁ ရာ 20:13 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ခမည်းတော်က သင့်ကိုမကောင်းကြံလျှင်လည်း သင်သည် ဘေးကင်းစွာ ထွက်သွားနိုင်ရန် သင့်ကို ပြောကြားပေးမည်။ ထိုသို့ငါမပြုလျှင် ထာဝရဘုရားသည် ငါယောနသန်ကို ထိုထက်မကပြုတော်မူပါစေသော။ ထာဝရဘုရားသည် ငါ့ခမည်းတော်နှင့်အတူရှိတော်မူသကဲ့သို့ သင်နှင့်လည်း အတူရှိတော်မူပါစေသော။ Common Language Bible သူသည်သင့်ကိုဘေးအန္တရာယ်ပြုရန်ကြံစည် ပါမူ ကျွန်ုပ်သည်သင့်အားဘေးလွတ်လုံခြုံရာ သို့ထွက်ခွာသွားနိုင်ရန်အကြောင်းမကြားဘဲ နေခဲ့သော် ထာဝရဘုရားသည်ကျွန်ုပ်အား အဆုံးစီရင်တော်မူပါစေသော။ ထာဝရ ဘုရားသည်ကျွန်ုပ်၏ခမည်းတော်နှင့်အတူ ရှိတော်မူခဲ့သည်နည်းတူ သင်နှင့်အတူ ရှိတော်မူပါစေသော။- Garrad Bible ခ မည်း တော် သည် မ ကောင်း ကြံ မှန် က ငါ ဖော် ပြ၍ ဘေး လွတ် စွာ ထွက် သွား ခွင့် မ ပေး လျှင် ထာ ဝ ရ ဘု ရား သည် ငါ ယော န သန့် အ ပေါ် တွင် သာ၍ အ ပြစ် စီ ရင် ပါ စေ သော။ ထာ ဝ ရ ဘု ရား သည် ခ မည်း တော် နှင့် အ တူ ရှိ တော် မူ ခဲ့ သည့် နည်း တူ သင် နှင့် အ တူ ရှိ ပါ စေ သော။ Judson Bible သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှာ အလိုရှိ၍ သင်သည် ငြိမ်ဝပ်စွာသွားရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်လည်းကောင်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော။ |
အာမသကိုလည်း ‘သင်သည် ငါ့အရိုးအသား ဖြစ်သည်မဟုတ်လော။ ယွာဘအစား သင့်ကို အမြဲတမ်းစစ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ပြီ။ ထိုသို့မပြုလျှင် ဘုရားသခင်သည် ငါ့အား ထိုထက်မကပြုတော်မူပါစေသော’ဟူ၍ ပြောကြားလော့”ဟု မှာလိုက်လေ၏။
ထို့နောက် နေမဝင်မီ လူအပေါင်းတို့သည် လာ၍ ဒါဝိဒ်မင်းကြီးအား စားတော်ခေါ်ရန် တိုက်တွန်းလေ၏။ သို့သော် ဒါဝိဒ်မင်းကြီးက “နေမဝင်မီ မုန့်ဖြစ်စေ၊ အစာတစ်စုံတစ်ရာကိုဖြစ်စေ စားမိလျှင် ဘုရားသခင်သည် ငါ့ကိုစီရင်တော်မူပါစေသော။ ထိုထက်မက ပြုတော်မူပါစေသော”ဟု ကျိန်ဆိုလေ၏။
သို့သော် ငါ့မေတ္တာကရုဏာကို သင့်ရှေ့မှငါဖယ်ရှားလိုက်သောရှောလုထံမှ ရုပ်သိမ်းသကဲ့သို့ သူ့ထံမှ ငါရုပ်သိမ်းမည်မဟုတ်။
ထာဝရဘုရားသည် အကျွန်ုပ်၏သခင် အရှင်မင်းကြီးနှင့်အတူ ရှိတော်မူသကဲ့သို့ ရှောလမုန်နှင့်လည်း အတူရှိတော်မူပါစေသော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးဒါဝိဒ်၏ရာဇပလ္လင်ထက် သူ၏ရာဇပလ္လင်ကို သာ၍ကြီးမြတ်စေတော်မူပါစေသော”ဟု ပြန်လျှောက်တင်၏။
ယေဇဗေလသည် ဧလိယထံ တမန်ကိုစေလွှတ်၍ “မနက်ဖြန် ယခုလိုအချိန်တွင် သင့်အသက်ကို ထိုပရောဖက်တို့၏အသက်ကဲ့သို့ မဖြစ်စေလျှင် ဘုရားအများတို့သည် ငါ့ကို ထိုထက်မက ပြုပါစေသော”ဟု ဆိုစေ၏။
ထိုအခါ ဗင်္ဟာဒဒ်မင်းကြီးသည် လူလွှတ်ပြန်၍ “ရှမာရိမြေမှုန့်သည် ငါ့ခြေရင်း၌ခစားသောသူအားလုံးအတွက် လက်တစ်ဆုပ်စာစီလောက်ငှမည်ဆိုလျှင် ဘုရားအများတို့သည် ငါ့ကို ထိုထက်မက ပြုပါစေသော”ဟု မှာလိုက်၏။
သို့ဖြစ်၍ ငါ့သား၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ သင်သည် အောင်မြင်သောသူ ဖြစ်ပါစေသော။ သင့်အား မိန့်တော်မူသည့်အတိုင်း ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို သင်တည်ဆောက်နိုင်ပါစေသော။
ရွှေငွေ၊ ကြေးနီနှင့် သံများလည်း မရေမတွက်နိုင်အောင် အများအပြားရှိ၏။ ထ၍အိမ်တော်ကို တည်ဆောက်လော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိပါစေသော”ဟု မိန့်မှာခဲ့၏။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
ငါ့ထံမှ သင်တို့သင်ကြားခံယူလျက် ကြားနာသိမြင်ခဲ့သောအရာတို့ကို ပြုကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
သင်အသက်ရှင်သမျှကာလပတ်လုံး သင့်ရှေ့၌ မည်သူမျှခုခံရပ်တည်နိုင်မည်မဟုတ်။ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိမည်။ သင့်ကိုငါပစ်ထားမည်မဟုတ်၊ စွန့်ပစ်မည်မဟုတ်။
အမေသေသည့်နေရာတွင် အကျွန်ုပ်လိုက်သေ၍ ထိုနေရာတွင်ပင် အသင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတစ်ပါး အခြားအကြောင်းကြောင့် အမေ့ကို အကျွန်ုပ်ခွဲခွာသွားလျှင် ထာဝရဘုရားသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေ”ဟု ပြန်ပြော၏။
ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဖြစ်၍ သင်၌ ဤနိမိတ်လက္ခဏာများဖြစ်လာသောအခါ သင်ပြုသင့်သည့်အရာများကို ပြုလော့။
ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အုပ်စိုး၍ မောဘလူမျိုး၊ အမ္မုန်လူမျိုး၊ ဧဒုံလူမျိုး၊ ဇောဘဘုရင်များနှင့် ဖိလိတ္တိလူမျိုးစသည့် ဝန်းကျင်ရှိရန်သူအပေါင်းတို့ကို တိုက်ခိုက်ချေမှုန်းလေ၏။ စစ်တိုက်လေရာရာ၌လည်း အောင်မြင်မှုရလေ၏။
ထို့ပြင် ဒါဝိဒ်က “ခြင်္သေ့လက်၊ ဝက်ဝံလက်မှ အကျွန်ုပ်ကိုကယ်တင်တော်မူသောထာဝရဘုရားသည် ထိုဖိလိတ္တိပြည်သား၏လက်မှလည်း ကယ်တင်တော်မူလိမ့်မည်”ဟု ဆိုလျှင် ရှောလုမင်းကြီးက ဒါဝိဒ်အား “သို့ဖြစ်လျှင် သွားပါလော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူပါစေသော”ဟု ဆိုပြီး
ထာဝရဘုရားသည် ရှောလုမင်းကြီးကို စွန့်ပယ်၍ ဒါဝိဒ်နှင့်အတူ ရှိနေသောကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ကြောက်၏။
ငါသည် ခမည်းတော်နှင့်အတူ သင်ပုန်းနေရာတောထဲသို့ လာ၍ သင့်အကြောင်းကို ခမည်းတော်နှင့် ပြောဆိုမည်။ အကြောင်းထူးရှိလျှင် သင့်ကို ပြောမည်”ဟု ဆို၏။
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်၍ မနက်ဖြန်၊ သန်ဘက်ခါ ဤအချိန်တွင် ငါ့ခမည်းတော်ကို ငါစောင့်ကြည့်မည်။ သင်ဒါဝိဒ်အပေါ် ငါ့ခမည်းတော်ကောင်းမည်ဆိုလျှင် ငါသည် သင့်ထံသို့လူလွှတ်၍ ဆက်ဆက်ပြောကြားပေးမည်။
ငါမသေရမည့်အကြောင်း ငါအသက်ရှင်လျက်နေစဉ်တွင် ငါ့အား ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို မပြဘဲမနေပါနှင့်။
ထို့ကြောင့် နံနက်မိုးသောက်ချိန်တွင် ငါသည် သူ့လူယောက်ျားတစ်စုံတစ်ယောက်ကို အသက်ရှင်ကျန်နေစေခဲ့လျှင် ဘုရားသခင်သည် ငါဒါဝိဒ်၏ရန်သူတို့ကို ထိုထက်မက စီရင်တော်မူပါစေ”ဟု ဆိုထားနှင့်၏။
ဧလိကလည်း “သင့်အား မည်သည့်သတင်းစကားကို မိန့်ကြားတော်မူသနည်း။ ငါ့အား ထိမ်ဝှက်မထားပါနှင့်။ မိန့်တော်မူသမျှထဲမှသတင်းစကားတစ်စုံတစ်ခုကို ငါ့အား သင်ထိမ်ဝှက်ထားလျှင် ဘုရားသခင်သည် သင့်ကို ထိုထက်မက စီရင်တော်မူပါစေသော”ဟု ဆို၏။