Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 20:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ငါ​မ​သေ​ရ​မည့်​အကြောင်း ငါ​အသက်ရှင်​လျက်​နေစဉ်​တွင် ငါ့​အား ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကို မ​ပြ​ဘဲ​မ​နေ​ပါ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သင်​သည်​ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ​၌​မိ​မိ ကျိန်​ဆို​က​တိ​ပြု​ခဲ့​သည်​အ​တိုင်း ကျွန်ုပ်​အား သစ္စာ​စောင့်​ရ​မည်​သာ​မ​က၊ ကျွန်ုပ်​သေ​ဆုံး​ပြီး နောက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ငါ အ သက် ရှင် သေး သည် ဖြစ် လျှင် သင် သည် ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် အ တိုင်း ပြု၍ အ သက် ချမ်း သာ ပေး မည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သင်​သည် ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ၌​သာ အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား အ​လို​တော်​အ​တိုင်း ကျေး​ဇူး​ပြု​ရ​မည်​မ​က၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 20:14
8 ပူးပေါင်းရင်းမြစ်များ  

သင်​ကောင်းစား​သောအခါ အကျွန်ုပ်​ကို​အောက်မေ့​၍ အကျွန်ုပ်​အား မေတ္တာ​ပြ​ပါ​လော့​။ ဤ​အိမ်​ထဲမှ ထွက်လာ​နိုင်​ရန် အကျွန်ုပ်​အတွက် ဖာရော​မင်းကြီး​ထံ​လျှောက်တင်​ပေး​ပါ​လော့​။


ဒါဝိဒ်​မင်းကြီး​က “​ရှောလု​မင်းကြီး​အမျိုး​ထဲမှ ကြွင်းကျန်​သူ​တစ်ဦးဦး​ရှိ​သေး​သလော​။ ငါ​သည် ယောနသန်​အား မေတ္တာကရုဏာ​ကို​ပြ​လို​၏​”​ဟု ဆို​၏​။


ထိုအခါ ရှင်ဘုရင်​က “​ရှောလု​မင်းကြီး​၏​အမျိုးအနွယ် တစ်ဦးဦး​ရှိ​သေး​သလော​။ ဘုရားသခင်​ထံမှ မေတ္တာကရုဏာ​တော်​ကို သူ့​အား ငါ​ပြ​လို​၏​”​ဟု ဆို​လျှင် ဇိဘ​က “​ယောနသန်​၌ သား​တစ်​ဦး​ရှိ​ပါ​သေး​၏​။ သူ​သည် ခြေ​နှစ်ဖက်လုံး​မသန်စွမ်း​ပါ​”​ဟု ရှင်ဘုရင်​အား ပြန်လျှောက်​၏​။


ငါ့​ခမည်းတော်​က သင့်​ကို​မကောင်းကြံ​လျှင်​လည်း သင်​သည် ဘေးကင်း​စွာ ထွက်သွား​နိုင်​ရန် သင့်​ကို ပြောကြား​ပေး​မည်​။ ထိုသို့​ငါ​မ​ပြု​လျှင် ထာဝရဘုရား​သည် ငါ​ယောနသန်​ကို ထိုထက်မက​ပြု​တော်မူ​ပါစေသော​။ ထာဝရဘုရား​သည် ငါ့​ခမည်းတော်​နှင့်အတူ​ရှိ​တော်မူ​သကဲ့သို့ သင်​နှင့်​လည်း အတူ​ရှိ​တော်မူ​ပါစေသော​။


ထာဝရဘုရား​သည် ဒါဝိဒ်​၏​ရန်သူ​အပေါင်း​တို့​ကို မြေ​မျက်နှာပြင်​မှ သုတ်သင်ပယ်ရှင်း​တော်မူ​သည့်​အခါ ငါ​၏​အိမ်သူအိမ်သား​တို့​အား သင်​၏​မေတ္တာကရုဏာ​ကို မ​ဖြတ်​ဘဲ ဆက်၍​ပြသ​ပေး​ပါ​”​ဟု ဆို​၏​။


ယခု သင်​နှင့် ငါ​ကတိသစ္စာ​ထား​ခဲ့​သော​အရာ​များ​နှင့်​ပတ်သက်၍ ထာဝရဘုရား​သည် သင်​နှင့် ငါ​၏​ကြားမှာ​သက်သေ​အစဉ် ဖြစ်​ပါစေ​”​ဟု ဆို​၏​။


သို့ဖြစ်၍ သင်​သည် နောင်လာမည့် ငါ့​သားစဉ်မြေးဆက်​တို့​ကို မ​သုတ်သင်​၊ ငါ့​နာမ​ကို​လည်း ငါ့​ဖခင်​၏​အိမ်ထောင်စု​မှ မ​ပယ်ရှား​မည့်​အကြောင်း ထာဝရဘုရား​ရှေ့​၌ ကျိန်ဆို​ပါ​လော့​”​ဟု ဆို​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ