၁ ရာ 17:37 - မြန်မာ့စံမီသမ္မာကျမ်း37 ထို့ပြင် ဒါဝိဒ်က “ခြင်္သေ့လက်၊ ဝက်ဝံလက်မှ အကျွန်ုပ်ကိုကယ်တင်တော်မူသောထာဝရဘုရားသည် ထိုဖိလိတ္တိပြည်သား၏လက်မှလည်း ကယ်တင်တော်မူလိမ့်မည်”ဟု ဆိုလျှင် ရှောလုမင်းကြီးက ဒါဝိဒ်အား “သို့ဖြစ်လျှင် သွားပါလော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူပါစေသော”ဟု ဆိုပြီး အခန်းကိုကြည့်ပါ။Common Language Bible37 ထာဝရဘုရားသည်အကျွန်ုပ်အားခြင်္သေ့ ဘေး၊ ဝက်ဝံဘေးမှကယ်တော်မူခဲ့ပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်အား ဤဖိလိတ္တိ အမျိုးသား၏လက်မှလည်းကယ်တော် မူပါလိမ့်မည်'' ဟုလျှောက်၏။ ရှောလုက``ကောင်းပြီ၊ သွားလော့။ ထာဝရ ဘုရားသည် သင်နှင့်အတူရှိတော်မူပါ စေသော'' ဟုဆိုကာ၊- အခန်းကိုကြည့်ပါ။Garrad Bible37 ခြင်္သေ့ ဘေး၊ ဝံ ဘေး မှ ကျွန် တော် မျိုး ကို လွတ် စေ တော် မူ သော ထာ ဝ ရ ဘု ရား သည် ဤ ဖိ လိ တ္တိ သူ ရဲ၏ လက် တွင်း မှ လည်း လွတ် မြောက် စေ တော် မူ လိမ့် မည် ဟု တင် လျှောက် သော်၊ ရှော လု မင်း က၊ ထွက် လော့။ ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ ပါ စေ သော ဟု ဒါ ဝိဒ် အား မိန့် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible37 ခြင်္သေ့လက်၊ ဝံလက်မှ ကျွန်တော်ကို ကယ်နုတ်တော်မူသော ထာဝရဘုရားသည်၊ ထိုဖိလိတ္တိလူလက်မှ ကယ်နုတ်တော်မူလိမ့်မည်ဟု ရှောလုအားလျှောက်လေသော်၊ ရှောလုက သွားလော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု ဒါဝိဒ်အားဆိုလေ၏။ အခန်းကိုကြည့်ပါ။ |