သို့သော် ငါ့မေတ္တာကရုဏာကို သင့်ရှေ့မှငါဖယ်ရှားလိုက်သောရှောလုထံမှ ရုပ်သိမ်းသကဲ့သို့ သူ့ထံမှ ငါရုပ်သိမ်းမည်မဟုတ်။
၁ ရာ 16:14 - မြန်မာ့စံမီသမ္မာကျမ်း ယခုမှာ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှောလုမင်းကြီးထံမှ ထွက်ခွာပြီး ထာဝရဘုရားထံတော်မှ ဝိညာဉ်ဆိုးသည် သူ့ကို နှောင့်ယှက်လေ၏။ Common Language Bible ထာဝရဘုရား၏ဝိညာဉ်တော်သည်ရှောလုထံ မှထွက်ခွာသွားတော်မူ၏။ ထိုအခါသူသည် ကိုယ်တော်စေလွှတ်လိုက်သည့် နတ်မိစ္ဆာ၏နှောင့် ယှက်ညှင်းဆဲခြင်းကိုခံရလေတော့သည်။- Garrad Bible ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် ရှော လု မင်း မှ ခွာ သွား ပြီး နောက် ထာ ဝ ရ ဘု ရား အ ထံ တော် မှ နတ် ဆိုး ပူး ဝင် ရာ Judson Bible ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှထွက်သွား၍၊ ထာဝရဘုရားထံတော်က ဆိုးသောဝိညာဉ်သည် နှောင့်ယှက်တတ်၏။ |
သို့သော် ငါ့မေတ္တာကရုဏာကို သင့်ရှေ့မှငါဖယ်ရှားလိုက်သောရှောလုထံမှ ရုပ်သိမ်းသကဲ့သို့ သူ့ထံမှ ငါရုပ်သိမ်းမည်မဟုတ်။
မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
ထိုဝိညာဉ်ကလည်း ‘အကျွန်ုပ်သွား၍ ပရောဖက်အပေါင်းတို့၏နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ဖြစ်မည်’ဟု လျှောက်တင်၏။ ထာဝရဘုရားကလည်း ‘သင်ဖြားယောင်းနိုင်လိမ့်မည်။ အောင်လည်းအောင်မြင်လိမ့်မည်။ သွား၍ ထိုသို့ပြုလော့’ဟု မိန့်တော်မူ၏။
အကျွန်ုပ်ကို ကိုယ်တော်၏ရှေ့မှောက်မှ နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို အကျွန်ုပ်ထံမှရုပ်သိမ်းတော်မမူပါနှင့်။
အကယ်၍ သားသမီးမွေးလျှင်လည်း အားလုံးကို ငါဆုံးပါးစေမည်။ သူတို့ကို ငါစွန့်ပစ်သောအခါ သူတို့ အမင်္ဂလာဖြစ်လိမ့်မည်။
ဒေလိလက “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုသော် ရှံဆုန်သည် အိပ်ရာမှထပြီး “ယခင်ကကဲ့သို့ ရုန်းထွက်မည်”ဟု တွေး၏။ ထာဝရဘုရား သူ့ကို စွန့်ခွာသွားသည်ကို သူမသိ။
ထို့နောက် ရှံဆုန်သည် ဝတ်ကျောင်း၏အလယ်တိုင်မကြီးနှစ်တိုင်ကို လှမ်းကိုင်ပြီး လက်ဝဲလက်ဖြင့်တစ်တိုင်၊ လက်ယာလက်ဖြင့်တစ်တိုင် ထောက်ထားလျက်
ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သားတို့ကြားတွင် ဆိုးညစ်သောဝိညာဉ်ကို စေလွှတ်သဖြင့် ရှေခင်မြို့သားတို့သည် အဘိမလက်ကို သစ္စာဖောက်ကြ၏။
ထိုစကားတို့ကို ရှောလုကြားသည်နှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ် သက်ရောက်၏။ သူသည် ပြင်းစွာအမျက်ထွက်လျက်
ရှောလုမင်းကြီး၏အမှုထမ်းတို့ကလည်း “ကြည့်ရှုလော့။ ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် အရှင့်ကိုနှောင့်ယှက်ပါပြီတကား။
ထို့ကြောင့် အရှင့်ထံခစားသောအမှုထမ်းတို့အား စောင်းတီးကျွမ်းကျင်သူတစ်ဦးကို ရှာဖွေစေပါ။ ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးနှောင့်ယှက်သောအခါတိုင်း ထိုသူစောင်းတီးပေးလျှင် အရှင် ပြန်ကောင်းသွားပါလိမ့်မည်”ဟု လျှောက်တင်ကြ၏။
ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို နှောင့်ယှက်သည့်အခါ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးပေး၏။ ထိုအခါ ရှောလုမင်းကြီးထံမှ ဝိညာဉ်ဆိုးထွက်သွားသဖြင့် သူသည် သက်သာပြီး နေကောင်းသွားလေ၏။
နောက်တစ်နေ့တွင် ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို ဝင်ပူးသဖြင့် သူသည် နန်းတော်အလယ်တွင် အော်ဟစ်ရေရွတ်နေ၍ ဒါဝိဒ်သည် ယခင်နေ့များကဲ့သို့ပင် စောင်းတီးပေး၏။ ရှောလုမင်းကြီးသည် လှံကိုလည်း ကိုင်ထား၏။
ထာဝရဘုရားသည် ရှောလုမင်းကြီးကို စွန့်ပယ်၍ ဒါဝိဒ်နှင့်အတူ ရှိနေသောကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ကြောက်၏။
ရှမွေလကလည်း ရှောလုမင်းကြီးအား “အဘယ်ကြောင့် ငါ့ကိုခေါ်ပြီးနှောင့်ယှက်နေသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “အကျွန်ုပ် အလွန်ဒုက္ခရောက်နေပါ၏။ ဖိလိတ္တိလူမျိုးတို့သည် အကျွန်ုပ်ကို လာတိုက်ပါ၏။ ဘုရားသခင်လည်း အကျွန်ုပ်ကို စွန့်ပစ်ပါပြီ။ ပရောဖက်အားဖြင့်ဖြစ်စေ၊ အိပ်မက်အားဖြင့်ဖြစ်စေ အကျွန်ုပ်ကို မထူးတော့ပါ။ အကျွန်ုပ် မည်သို့ပြုရမည်ကို ပြောပြပေးရန်အတွက် အရှင့်ကို ခေါ်ရခြင်းဖြစ်ပါ၏”ဟု ဆို၏။