Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 11:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို​စကား​တို့​ကို ရှောလု​ကြား​သည်​နှင့် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ် သက်ရောက်​၏​။ သူ​သည် ပြင်းစွာ​အမျက်ထွက်​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ထို​သ​တင်း​ကို​ရှော​လု​ကြား​ရ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သူ ၏​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သ​ဖြင့် သူ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​ကာ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထို သ တင်း ကို ရှော လု မင်း ကြား သည် နှင့် တစ် ပြိုင် နက်၊ ဘု ရား သ ခင့် ဝိ ညာဉ် တော် အ ဆော တ လျင် သက် ရောက်၍ ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် သ ဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​သ​တင်း​ကို ရှော​လု​ကြား​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သက်​ရောက်၍ ထို​သူ​သည် ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 11:6
14 ပူးပေါင်းရင်းမြစ်များ  

မောရှေ​သည် တပ်စခန်း​အနီး​သို့​ရောက်​သည်​နှင့် နွားသငယ်ရုပ်တု​ကို​လည်းကောင်း​၊ ကခုန်​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​သောအခါ အမျက်ထွက်​၍ တောင်​ခြေရင်း​၌ မိမိ​လက်​ထဲမှ​ကျောက်ပြား​များ​ကို ပစ်ချ​ကာ ချိုးဖျက်​လေ​၏​။


(​မောရှေ​သည် ကမ္ဘာမြေ​ပေါ်​ရှိ​လူ​အားလုံး​တို့​ထက် စိတ်အနှိမ့်ချ​ဆုံး​သူ​ဖြစ်​၏​။​)


ထိုအခါ ကိုယ်တော်​သည် အမျက်​တော်​ဖြင့် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​ပြီး သူ​တို့​၏​စိတ်နှလုံး​မာကျော​မှု​အတွက် အလွန်​ဝမ်းနည်း​၍ လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။


အမျက်ထွက်​သော်လည်း အပြစ်​မ​ပြု​ကြ​နှင့်။ အမျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​ကြ​နှင့်။


ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ယေဖသ​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် ဂိလဒ်​ပြည်​၊ မနာရှေ​ပြည်​တို့​ကို​ဖြတ်​၍ ဂိလဒ်​ပြည်​ရှိ မိဇပါ​မြို့​သို့ ချီတက်​သွား​၏​။ ဂိလဒ်​ပြည် မိဇပါ​မြို့​မှ အမ္မုန်​အမျိုးသား​တို့​ရှိ​ရာ​သို့ ဆက်၍​ချီတက်​သွား​၏​။


သူ​သည် ဇောရာ​မြို့​နှင့် ဧရှတောလ​မြို့​ကြား​ရှိ မဟာနေဒန်​အရပ်​၌​ရှိ​နေစဉ် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သူ့​ကို စတင်​နှိုးဆော်​၏​။


ထိုအခါ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှံဆုန်​အပေါ်​ရုတ်ခြည်း​သက်ရောက်​တော်မူ​သဖြင့် သူ့​လက်​ထဲ၌​ဘာမျှ​မ​ပါ​သော်လည်း ဆိတ်သငယ်​တစ်​ကောင်​ကို​ဆွဲဖျက်​သကဲ့သို့ ထို​ခြင်္သေ့​ကို​ဆွဲဖျက်​လေ​၏​။ ထိုသို့​ပြု​ခဲ့​သည်​ကို မိဘ​တို့​အား​မ​ပြောပြ​ဘဲ​နေ​၏​။


ရှံဆုန်​သည် လေဟိ​အရပ်​သို့​ရောက်လာ​သောအခါ ဖိလိတ္တိ​လူမျိုး​တို့​သည် သူ့​ကို​တိုက်ခိုက်​ရန် ကြွေးကြော်​ကြ​၏​။ ထိုအခါ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ်​ရုတ်ခြည်း​သက်ရောက်​တော်မူ​သဖြင့် သူ့​လက်​၌​ချည်နှောင်​ထား​သော​ကြိုး​တို့​သည် မီး​ကျွမ်း​သွား​သော​ချည်ကြိုး​ကဲ့သို့​ဖြစ်​ပြီး ထို​လက်​၌ ချည်​ထား​သော​ကြိုး​တို့ ပြေ​သွား​လေ​၏​။


ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဩသံယေလ​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ရ​၏​။ စစ်ချီ​သောအခါ မက်ဆိုပိုတေးမီးယား​ဘုရင် ခုရှံရိရှသိမ်​မင်းကြီး​ကို သူ့​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​သဖြင့် သူ​သည် ခုရှံရိရှသိမ်​မင်းကြီး​ကို နိုင်​လေ​၏​။


ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဂိဒေါင်​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် တံပိုး​ကို​မှုတ်လိုက်​သောအခါ အဗျေဇာ​အမျိုးသား​တို့​သည် သူ့​ထံ လာရောက်​စုဝေး​ကြ​၏​။


တောင်​ပေါ်သို့​သူ​တို့​ရောက်​သောအခါ ပရောဖက်​တစ်စု​သည် သူ့​ကို​ကြိုဆို​ကြ​၏​။ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ်​သို့ တမဟုတ်ချင်း​ဆင်းသက်​၍ သူ​သည် သူ​တို့​နှင့်အတူ​ပရောဖက်ပြု​လေ​၏​။


ထိုအခါ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သို့ တစ်မုဟုတ်ချင်း​ဆင်းသက်​၍ သူ​တို့​နှင့်အတူ ပရောဖက်ပြု​ပြီး လူ​သစ်​တစ်​ယောက်​အဖြစ်​ပြောင်းသွား​လိမ့်မည်​။


ရှမွေလ​သည်​လည်း ဦးချို​ဆီဘူး​ကို ယူ​၍ သူ့​ညီအစ်ကို​တို့​အလယ်​တွင် သူ့​ကို ဘိသိက်ပေး​လေ​၏​။ ထို​နေ့​မှစ၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဒါဝိဒ်​အပေါ် တည်​နေ​တော်မူ​၏​။ ရှမွေလ​လည်း ရာမ​မြို့​သို့ ပြန်သွား​လေ​၏​။


ယခုမှာ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှောလု​မင်းကြီး​ထံ​မှ ထွက်ခွာ​ပြီး ထာဝရဘုရား​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် သူ့​ကို နှောင့်ယှက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ