Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 16:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ဒေလိလ​က “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​သော် ရှံဆုန်​သည် အိပ်ရာ​မှ​ထ​ပြီး “​ယခင်က​ကဲ့သို့ ရုန်း​ထွက်​မည်​”​ဟု တွေး​၏​။ ထာဝရဘုရား သူ့​ကို စွန့်ခွာ​သွား​သည်​ကို သူ​မ​သိ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သူ​သည်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ ထို​အ​ခါ​ရှံ​ဆုန် သည်​အိပ်​ရာ​မှ​နိုး​ထ​၍​ယ​ခု​တစ်​ကြိမ်​လည်း ခါ​တိုင်း​ကဲ့​သို့​ပင် မိ​မိ​လွတ်​မြောက်​နိုင်​လိမ့် မည်​ဟု​ထင်​မှတ်​၏။ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ခွာ​သွား​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ကို​မူ​သူ မ​သိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို အ ခါ ဒေ လိ လ က အို ရှံ ဆုန်၊ သင့် အ ပေါ် တွင် ဖိ လိ တ္တိ တို့ ရောက် ရှိ ပြီ တ ကား ဟု အော် ဟစ် သော် အိပ် ရာ မှ နိုး လျှင် ရှံ ဆုန် သည် ထာ ဝ ရ ဘု ရား ခွာ ကြွ တော် မူ ကြောင်း မ သိ သေး သော ကြောင့် အ ထက် ကဲ့ သို့ အ ပြင် သို့ ထွက် လျက် ရုန်း၍ ရ မည် ထင် မှတ် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 မိန်း​မ​က​လည်း၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​နိုး၍ ထာ​ဝ​ရ​ဘု​ရား စွန့်​တော်​မူ​ကြောင်း​ကို မ​ရိပ်​မိ​သော​ကြောင့်၊ အ​ရင်​ကဲ့​သို့ ငါ​ထွက်၍ အား​ထုတ်​မည်​ဟု အ​ကြံ​ရှိ​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 16:20
21 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အာသ​မင်းကြီး​ထံ​သွား​ကာ “​အို အာသ​မင်းကြီး​နှင့် ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​အပေါင်း​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​ပါ​လော့​။ သင်​တို့​သည် ထာဝရဘုရား​နှင့်အတူ​ရှိ​လျှင် ထာဝရဘုရား​သည်​လည်း သင်​တို့​နှင့်အတူ ရှိ​လိမ့်မည်​။ ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပစ်​လျှင် ကိုယ်တော်​သည်​လည်း သင်​တို့​ကို စွန့်ပစ်​တော်မူ​မည်​။


ယာကုပ်​အမျိုး​ကို လုယက်သူ​လက်​သို့ မည်သူ​အပ်​သနည်း​။ အစ္စရေး​လူမျိုး​ကို လုယူ​သူ​တို့​လက်​သို့ မည်သူ​အပ်​သနည်း​။ ငါ​တို့​ပြစ်မှား​ခဲ့​သော ထာဝရဘုရား​ပင် မ​ဟုတ်​လော​။ သူ​တို့​သည် ကိုယ်တော်​၏​လမ်း​၌ မ​လျှောက်​လို​ကြ​။ ကိုယ်တော်​၏​ပညတ်တရားတော်​ကို​လည်း မ​နာခံ​ကြ​။


တစ်ပါးအမျိုးသား​တို့​သည် သူ့​အင်အား​ကို ဝါးမျို​နေ​ကြောင်း သူ​မ​သိ​။ သူ့​ခေါင်း​၌ ဆံပင်ဖြူ​များ ပြန့်ကြဲ​နေ​ကြောင်း​ကို​လည်း သူ​မ​သိ​။


ထာဝရဘုရား​ကို မ​ပုန်ကန်​ကြ​ပါ​နှင့်​။ ထို​ပြည်​၌​ရှိ​သော​လူ​တို့​ကို​လည်း မ​ကြောက်​ကြ​ပါ​နှင့်​။ အကြောင်းမူကား သူ​တို့​သည် ငါ​တို့​အစာ​ဖြစ်​၏​။ သူ​တို့​၌ အကာအကွယ်​ပေး​မည့်​သူ​မ​ရှိ​။ ငါ​တို့​၌ ထာဝရဘုရား​ရှိ​၏​။ ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်​”​ဟု ဆို​၏​။


သို့ဖြစ်၍ သူ့​ကို ကိုယ်တော်​၏​တပည့်​တော်​တို့​ထံသို့ ခေါ်ဆောင်​လာ​သော်လည်း သူ​တို့​သည် သူ့​ကို​မ​ကျန်းမာ​စေ​နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။


ကိုယ်တော်​က​လည်း“သင်​တို့​၏​မ​ယုံကြည်​မှု​ကြောင့်​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် မုန်ညင်းနက်​စေ့​ခန့်မျှ ယုံကြည်​ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့​လော့’​ဟု ပြော​လျှင် ၎င်း​သည် ရွေ့သွား​လိမ့်မည်။ သင်​တို့​အတွက် မ​ဖြစ်နိုင်​သော​အရာ​လည်း တစ်စုံတစ်ခု​မျှ​ရှိ​မည်​မ​ဟုတ်။


ထိုသို့ဆိုသော် တစ်စုံတစ်ခု​သည် ငါ​တို့​ထံမှ​ဖြစ်လာ​သည်​ဟု သတ်မှတ်​နိုင်​ရန် ငါ​တို့​၌​အစွမ်းအစ​ရှိ​သည်​ဟု​မ​ဆိုလို။ ငါ​တို့​၏​အစွမ်းအစ​သည် ဘုရားသခင်​ထံမှ​သာ​ဖြစ်​၏။


သူ​တို့​၏​ကျောက်ဆောင်​သည် သူ​တို့​ကို​ရောင်း​ပစ်​တော်​မ​မူ​လျှင်​၊ ထာဝရဘုရား​သည် သူ​တို့​ကို​စွန့်ပစ်​တော်​မ​မူ​လျှင် လူ​တစ်​ယောက်​သည် လူ​တစ်ထောင်​ကို မည်သို့​လိုက်​နိုင်​မည်နည်း​။ လူ​နှစ်​ယောက်​သည် လူ​တစ်သောင်း​ကို မည်သို့​ထွက်ပြေး​စေ​နိုင်​မည်နည်း​။


အစ္စရေး​အမျိုးသား​တို့​သည် ကျိန်​ခြင်း​ခံရ​သော​သူ​များ​ဖြစ်သွား​သောကြောင့် ရန်သူ​တို့​ကို မ​ရင်ဆိုင်​နိုင်​ကြ​။ သူ​တို့​သည် ရန်သူ​တို့​ရှေ့​မှ လှည့်ပြေး​ခဲ့​ရ​၏​။ ကျိန်​ခြင်း​ခံရ​သော​အရာ​ကို သင်​တို့​ထံမှ​မ​ဖယ်ရှား​လျှင် ငါ​သည် သင်​တို့​နှင့်အတူ နေ​တော့​မည်​မ​ဟုတ်​။


ဒေလိလ​လည်း ရှံဆုန်​၏​ဆံပင်​ကို ရက်သွင်း​ပြီး ရက်ကန်း​ကို​ငုတ်တိုင်​၌​ချည်​ထား​ပြီးလျှင် “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​လျှင် ရှံဆုန်​သည် အိပ်ပျော်​ရာ​မှ နိုး​လာ​ပြီး ငုတ်တိုင်​နှင့်တကွ ရက်ကန်း​တစ်ခုလုံး​ကို​ပါ ဆွဲနုတ်​ပစ်​လေ​၏​။


ဒေလိလ​သည် ရှံဆုန်​ကို ပေါင်​ပေါ်တွင်​အိပ်​စေ​၍ လူ​တစ်​ယောက်​ကို​ခေါ်​ပြီး သူ့​ဆံပင်​ခုနစ်​စု​ကို ရိတ်​စေ​၏​။ ရှံဆုန်​၏​ခွန်အား​များ လျော့သွား​သောအခါ သူ့​ကို စတင်​နှိပ်စက်​လေ​၏​။


ဖိလိတ္တိ​လူမျိုး​တို့​က​လည်း သူ့​ကို​ဖမ်းချုပ်​ပြီး မျက်စိ​နှစ်​ဖက်​ကို ဖောက်ထုတ်​ပစ်​၏​။ ထို့နောက် သူ့​ကို ကြေးနီ​ကြိုး​ဖြင့် ချည်နှောင်​ထား​၍ ဂါဇ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။ ထို့နောက် သူ့​ကို​အကျဉ်းချ​ထား​၍ ကြိတ်ဆုံကြိတ်​ရ​သည့်​အလုပ်​ကို လုပ်​စေ​၏​။


သို့သော် ရှံဆုန်​သည် ညသန်းခေါင်​တိုင် အိပ်​ပြီးမှ သန်းခေါင်ချိန်​တွင်​ထ​ပြီး မြို့​တံခါးရွက်​နှင့်တကွ တံခါးတိုင်​နှစ်​တိုင်​ကို ဆုပ်ကိုင်​ပြီး ကန့်လန့်ကျင်​ပါ​လျက် ဆွဲနုတ်​ပစ်​လေ​၏​။ ထို့နောက် ပခုံး​ပေါ်​တင်​၍ ဟေဗြုန်​မြို့​အရှေ့ဘက်​ရှိ တောင်​ထိပ်​ပေါ်သို့ ထမ်းသွား​လေ​၏​။


လူ​အချို့​သည် ဒေလိလ​၏​အတွင်းခန်း​ထဲ၌ စောင့်ကြည့်​ချောင်းမြောင်း​နေ​ကြ​၏​။ ဒေလိလ​က​လည်း “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​သော် ရှံဆုန်​က လေးကြိုး​တို့​ကို​ဖြတ်လိုက်​ရာ ထို​ကြိုး​တို့​သည် မီး​ထိ​သကဲ့သို့ တစ်စစီ​ပြတ်​ကုန်​၏​။ ထို့ကြောင့် သူ့​ခွန်အား​သည် အဘယ်က​ဖြစ်​သည်​ကို မ​သိ​ရ​။


ယခုမှာ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှောလု​မင်းကြီး​ထံ​မှ ထွက်ခွာ​ပြီး ထာဝရဘုရား​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် သူ့​ကို နှောင့်ယှက်​လေ​၏​။


နောက်တစ်နေ့​တွင် ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် ရှောလု​မင်းကြီး​ကို ဝင်ပူး​သဖြင့် သူ​သည် နန်းတော်​အလယ်​တွင် အော်ဟစ်ရေရွတ်​နေ​၍ ဒါဝိဒ်​သည် ယခင်​နေ့​များ​ကဲ့သို့ပင် စောင်းတီး​ပေး​၏​။ ရှောလု​မင်းကြီး​သည် လှံ​ကို​လည်း ကိုင်​ထား​၏​။


ထာဝရဘုရား​သည် ရှောလု​မင်းကြီး​ကို စွန့်ပယ်​၍ ဒါဝိဒ်​နှင့်အတူ ရှိ​နေ​သောကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ကြောက်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ