အစ္စရေးလူမျိုးထဲမှ လူအယောက်သုံးထောင်ကို ရွေးချယ်၏။ လူနှစ်ထောင်သည် ရှောလုမင်းကြီးနှင့်အတူ မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်ဒေသတို့တွင် နေရပြီး ကျန်လူတစ်ထောင်သည် ယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင် နေရ၏။ ကျန်လူတို့ကိုမူကား မိမိတို့တဲသို့ အသီးသီးပြန်သွားစေ၏။
ဣ သ ရေ လ ရဲ မက် သုံး ထောင် ကို ရွေး ကောက် ပြီး လျှင် ယာ ယီ နန်း စိုက် သော မိတ် မတ် မြို့ ၌ လည်း ကောင်း၊ ဗေ သ လ တောင် ပေါ်၌ လည်း ကောင်း၊ လူ နှစ် ထောင် ယော န သန် နေ ရာ၊ ဗင်္ယာ မိန် နယ်၊ ဂိ ဗာ မြို့၌ လူ တစ် ထောင် ကို ထား၍ ကြွင်း သူ တို့ ကို အ သီး အ သီး နေ အိမ် သို့ ပြန် လွှတ် လေ၏။
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
ထို့ကြောင့် သူ့သားခုနစ်ယောက်ကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူပါ။ ထာဝရဘုရား ရွေးကောက်ခံရသူရှောလု၏ဇာတိမြို့ဖြစ်သော ဂိဗာမြို့၌ သူတို့ကို ထာဝရဘုရားရှေ့တော်တွင် ကြိုးဒဏ်ပေးပါမည်”ဟု လျှောက်တင်ကြလျှင် ရှင်ဘုရင်က “ငါအပ်ပေးမည်”ဟု မိန့်ဆို၏။
နေတောဖာသိလူမျိုး ဗာနာ၏သား ဟေလက်၊ ဂိဗာမြို့မှ ဗင်္ယာမိန်သားမြေး ရိဘဲ၏သား အိတ္တဲ၊
မိတ်မတ်မြို့သား တစ်ရာနှစ်ဆယ့်နှစ်ယောက်၊
ဗင်္ယာမိန်အမျိုးအနွယ်တို့မူကား ဂေဗမြို့မှမိတ်မတ်မြို့၊ အာဣမြို့၊ ဗေသလမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊
ဇေလမြို့၊ ဧလပ်မြို့၊ ဂျေရုဆလင် ခေါ် ယေဗုသိမြို့၊ ဂိဗာမြို့၊ ကိရယတ်မြို့ စသည့်မြို့ပေါင်း တစ်ဆယ့်လေးမြို့နှင့်ရွာများ ပါ၏။ ဤသည်ကား ဗင်္ယာမိန်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောအမွေမြေဖြစ်၏။
ထို့နောက် ယောရှုသည် သူတို့ကိုကောင်းချီးပေးပြီး ပြန်စေသဖြင့် သူတို့လည်း မိမိတို့အိမ်သို့ပြန်သွားကြလေ၏။
သူ့သခင်က “ငါတို့သည် အစ္စရေးအမျိုးသားမဟုတ်သောတစ်ပါးအမျိုးသားတို့၏မြို့ထဲသို့မဝင်ပါ။ ဂိဗာမြို့သို့ ဆက်သွားမည်။
ရှောလုသည်လည်း မိမိအိမ်ရှိရာ ဂိဗာမြို့သို့ပြန်သွားရာ ဘုရားသခင်သည် ရဲစွမ်းသတ္တိရှိသူတို့၏စိတ်နှလုံးကို တို့ထိတော်မူသဖြင့် သူတို့သည် သူ့နောက်သို့ လိုက်သွားကြ၏။
ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။
ရှောလုသည် တစ်နှစ်ခန့်ဘုရင်ဖြစ်လာပြီး အစ္စရေးလူမျိုးကို နှစ်နှစ်ခန့်အုပ်စိုးပြီးသောအခါ
ရှမွေလကလည်း သူ့အား “သင်မည်သို့ပြုဘိသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “လူတို့သည် အကျွန်ုပ်ထံမှ ထွက်သွားကြပြီ။ အရှင်လည်း ချိန်းချက်ထားသောအချိန်တွင် ရောက်မလာ။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိတ်မတ်မြို့၌စုဝေးနေကြသည်ကို မြင်တွေ့ရသောအခါ
ထို့နောက် ရှမွေလသည် ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့သို့ တက်သွား၏။ ရှောလုမင်းကြီးသည် မိမိ၌ရှိသောလူတို့ကိုရေတွက်ကြည့်ရာ လူအယောက်ခြောက်ရာခန့်ရှိ၏။
ရှောလုမင်းကြီးနှင့် သူ့သားယောနသန်အပါအဝင် သူတို့နှင့်အတူရှိသောလူတို့သည် ဗင်္ယာမိန်နယ်၊ ဂေဗမြို့၌နေကြ၏။ ဖိလိတ္တိလူမျိုးတို့မူကား မိတ်မတ်မြို့၌ စခန်းချကြ၏။
ထိုအချိန်တွင် ဖိလိတ္တိကင်းတပ်သည် မိတ်မတ်မြို့တောင်ကြားလမ်းသို့ ထွက်ခွာသွား၏။
ဖိလိတ္တိလူမျိုးတို့သည်လည်း အစ္စရေးလူမျိုးတို့ကို ပြန်လည်တိုက်ခိုက်ရန် စုဝေးကြပြီးလျှင် စစ်ရထားသုံးသောင်း၊ မြင်းစီးသူရဲခြောက်ထောင်၊ ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားသောစစ်သည်တို့နှင့်တကွ ချီတက်လာ၍ ဗေသဝင်မြို့အရှေ့ဘက် မိတ်မတ်မြို့၌ စခန်းချကြ၏။
ထိုနေ့တွင် သူတို့သည် ဖိလိတ္တိလူမျိုးတို့ကို မိတ်မတ်မြို့မှ အာယလုန်မြို့အထိ လိုက်လံချေမှုန်းကြ၏။ စစ်သည်များလည်း အလွန်မောပန်းကြလေ၏။
မြောက်ဘက်ရှိကျောက်ဆောင်တစ်ခုမှာ မိတ်မတ်မြို့သို့ မျက်နှာမူ၏။ တောင်ဘက်ရှိကျန်တစ်ခုမှာ ဂေဗမြို့သို့ မျက်နှာမူလျက်ရှိ၏။
ရှောလုမင်းကြီးလက်ထက်ကာလပတ်လုံး ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဆင်နွှဲခဲ့ရ၏။ သူသည် ခွန်အားကြီးသူ၊ ရဲစွမ်းသတ္တိရှိသူတို့ကို ခေါ်ယူစုဆောင်းထားတတ်၏။
ထို့နောက် ရှမွေလသည် ရာမမြို့သို့ပြန်သွား၍ ရှောလုမင်းကြီးမူကား ဂိဗာမြို့ရှိ မိမိနန်းတော်သို့ တက်သွား၏။
လမ်းဘေးရှိ သိုးခြံများရှိရာသို့ရောက်သောအခါ ရှောလုမင်းကြီးသည် အပေါ့အပါးသွားလိုသောကြောင့် ထိုနေရာရှိ လိုဏ်ဂူတစ်ခုသို့ ဝင်သွား၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ထိုလိုဏ်ဂူအတွင်းပိုင်းထဲတွင် ရှိနေကြ၏။
ထိုအခါ ရှောလုမင်းကြီးသည် ထ၍ ဇိဖတောကန္တာရသို့ ဆင်းသွား၏။ သူနှင့်အတူ ရွေးချယ်ထားသောအစ္စရေးတပ်သားသုံးထောင်တို့သည်လည်း ဒါဝိဒ်ကို လိုက်ရှာရန် ဇိဖတောကန္တာရသို့ လိုက်သွားကြ၏။
“သင်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်၏ထုံးနည်းကား ဤသို့ဖြစ်၏။ သူသည် သင်တို့၏သားများကိုခေါ်၍ သူ၏ရထားမောင်းနှင်သူများ၊ မြင်းစီးသူရဲများအဖြစ် ခန့်ထားလိမ့်မည်။ သူတို့ကို သူ့ရထားရှေ့တွင် ပြေးစေလိမ့်မည်။