၂ ရာ 21:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထို့ကြောင့် သူ့သားခုနစ်ယောက်ကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူပါ။ ထာဝရဘုရား ရွေးကောက်ခံရသူရှောလု၏ဇာတိမြို့ဖြစ်သော ဂိဗာမြို့၌ သူတို့ကို ထာဝရဘုရားရှေ့တော်တွင် ကြိုးဒဏ်ပေးပါမည်”ဟု လျှောက်တင်ကြလျှင် ရှင်ဘုရင်က “ငါအပ်ပေးမည်”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible6 သို့ဖြစ်၍သူ၏သားမြေးခုနစ်ယောက်ကို အကျွန်ုပ်တို့အားပေးအပ်တော်မူပါ။ အကျွန်ုပ် တို့သည်ထာဝရဘုရားရွေးချယ်ခန့်ထား တော်မူသည့်ဘုရင်ရှောလု၏ဌာနေ၊ ဂိဗာ မြို့တွင်သူတို့အားထာဝရဘုရား၏ရှေ့ တော်၌စက်တိုင်တင်ပါမည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူတို့ကိုငါပေးအပ်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible6 သားခုနစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့အပ်တော်မူပါ။ ထာဝရဘုရားရွေးချယ်တော်မူသော ရှောလုနေရာဂိဗာမြို့၌ ထိုသူတို့ကို ကျွန်တော်တို့သည် ထာဝရဘုရားအဖို့ဆွဲထားပါမည်ဟု လျှောက်သော်၊ ရှင်ဘုရင်က ငါအပ်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်ဖခင်၏အိမ်သူအိမ်သားတို့သည် အကျွန်ုပ်သခင်အရှင်မင်းကြီးရှေ့၌ ဘာမျှမဟုတ်၊ သေလူများသာ ဖြစ်ပါသော်လည်း ကျွန်တော်မျိုးကို အရှင့်စားပွဲ၌ စားရသောသူတို့နှင့်အတူ နေရာပေးခဲ့ပါ၏။ သို့ဖြစ်၍ အကျွန်ုပ်သည် အရှင်မင်းကြီးထံ အဘယ်အရာတောင်းဆိုခွင့်ရှိဦးမည်နည်း”ဟု လျှောက်တင်လေ၏။