ယောရှု 18:28 - မြန်မာ့စံမီသမ္မာကျမ်း28 ဇေလမြို့၊ ဧလပ်မြို့၊ ဂျေရုဆလင် ခေါ် ယေဗုသိမြို့၊ ဂိဗာမြို့၊ ကိရယတ်မြို့ စသည့်မြို့ပေါင်း တစ်ဆယ့်လေးမြို့နှင့်ရွာများ ပါ၏။ ဤသည်ကား ဗင်္ယာမိန်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောအမွေမြေဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible28 ဇေလမြို့၊ ဧလပ်မြို့၊ ယေဗုသိမြို့၊(သို့မ ဟုတ်ယေရုရှလင်မြို့၊) ဂိဗတ်မြို့၊ ကိရယတ် ယာရိမ်မြို့စသောမြို့ကြီးတစ်ဆယ်လေး မြို့နှင့်ယင်းတို့၏ပတ်ဝန်းကျင်ရှိမြို့များ လည်းပါဝင်သည်။ ဤနယ်မြေသည်ဗင်္ယာမိန် အနွယ်မိသားစုတို့ပိုင်သောနယ်မြေဖြစ် သည်။ အခန်းကိုကြည့်ပါ။Judson Bible28 ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့တည်းဟူသော ယေဗုသိမြို့၊ ဂိဗတ်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်ခံရသောအမွေတည်း။ အခန်းကိုကြည့်ပါ။ |
တစ်ခါသော် ရှင်ဘုရင်နှင့် သူ့လူတို့သည် ပြည်သားရင်း ယေဗုသိလူမျိုးတို့နေထိုင်ရာ ဂျေရုဆလင်မြို့သို့ ချီတက်ကြ၏။ ထိုသူတို့က “ဒါဝိဒ်သည် ဤမြို့ထဲသို့ ဝင်နိုင်မည်မဟုတ်”ဟု ထင်မှတ်သောကြောင့် ဒါဝိဒ်မင်းကြီးအား “သင်သည် ဤပြည်ထဲသို့ မဝင်ရ။ မျက်မမြင်သူများ၊ ခြေမသန်သူများကပင် သင့်ကို နှင်ထုတ်ကြလိမ့်မည်”ဟု ဆိုကြ၏။
ထိုနေ့တွင်ပင် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးတို့ကို တိုက်ခိုက်မည့်သူ မည်သူမဆို တူးမြောင်းကို ဖြတ်ပြီးလျှင် ဒါဝိဒ်မင်းကြီးကို မနှစ်သက်သောခြေမသန်သူများ၊ မျက်မမြင်သူများကို သုတ်သင်ပစ်ကြ”ဟု အမိန့်ပေး၏။ ထိုအကြောင်းကြောင့် “မျက်မမြင်သူ၊ ခြေမသန်သူများသည် နန်းတော်သို့ ဝင်ခွင့်မရှိ”ဟု ဆိုစမှတ်ပြုကြလေ၏။